Event Management vs. Planning

Event Management နှင့် Planning ရဲ့ကွာခြားချက်များ

ဒီအပတ်မှာတော့ Myanmar Event Hub ကနေ event management နဲ့ planning တို့ရဲ့ကွာခြားချက်တွေကို ရှင်းပြသွားမှာဖြစ်ပါတယ်။
ယနေ့ခေတ်မှာ event planning industryက အရင်ကထက်ပိုမိုကျယ်ပြန့်လာပါတယ်။ အခုလိုကျယ်ပြန့်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ပိုမိုများပြားလာတယ်။ဒါနဲ့အတူ event planning နဲ့ management တို့ရဲ့အလုပ်တွေကလည်း ရှုပ်ထွေးလာပါတယ်။ Client အတော်များများမှာလည်း နားလည်မှုလွဲလာတာကြောင့် ဒီindustryထဲမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ အဆင်မပြေတာမျိုးတွေ ကြုံကောင်းကြုံနိုင်ပါလိမ့်မယ်။
Event management နဲ့ planning တစ်ခုချင်းစီမှာ ကွဲလွဲတဲ့ဆောင်ရွက်ချက်တွေရှိပါတယ်။ Clientတွေအနေနဲ့ event planner တစ်ယောက်လိုအပ်တဲ့အချိန်မှာ manager လိုအပ်တယ်လို့တွေးမိတာမျိုး၊ event managerကပဲ planning လုပ်နိုင်တယ်ဆိုတာမျိုး စတဲ့ အမြင်လွဲမှားမှုတွေဖြစ်လာနိုင်တာကို သတိပြုမိဖို့လိုအပ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့နဲ့ clientကြားမှာ ရှုပ်ထွေးမှုမရှိအောင် Myanmar Event Hub ကနေ ရှင်းပြသွားမှာဖြစ်ပါတယ်။

Event Planning
ပထမဆုံးအနေနဲ့ event planning ကို အရင်ရှင်းပြချင်ပါတယ်။ Client နဲ့တွေ့ဆုံပြီး ပွဲအတွက် ideaတွေ၊ client ဖက်မှ ဖြစ်စေချင်တဲ့ ပွဲရဲ့ အဓိကပုံစံ၊ လိုချင်တဲ့ နေ့ရက် နဲ့ ပွဲအတွက်ကုန်ကျငွေ တွက်ချက်တာတွေ … ဒါတွေက ပွဲစီစဉ်ရာမှာ လုပ်ဆောင်ရမဲ့ အစီအစဉ် အပိုင်းအစတွေဖြစ်ပါတယ်။
Event planner မှာ ပွဲမစခင် အစီအစဉ်ချမှတ်တဲ့အချိန်မှ ပွဲကျင်းပနေချိန်ထိ အလုပ်လုပ်နေရပါတယ်။ ပွဲမစခင် နှစ်ပတ်ခန့်အလိုကတည်းက အသေးစိတ်ဆောင်ရွက်ရမည့်ကိစ္စများနဲ့ follow upလုပ်စရာရှိတာများကို လုပ်ထားရပါတယ်။ဒါ့အပြင် clienetနှင့် တွေ့ဆုံပြီး clientဖက်မှလိုချင်တဲ့ ပုံစံရောက်အောင်၊ပွဲရဲ့အဓိကပြုလုပ်ရတဲ့အကြောင်းအရာနဲ့ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်ရပါတယ်။
ပွဲစီစဉ်ခြင်းရဲ့ တာဝန်များကို အောက်မှာ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။
• selecting an overall theme for the event (ပွဲပြုလုပ်မဲ့ပုံစံကို ရွေးချယ်ပေးခြင်း client ဖက်မှလိုချင်တဲ့ပုံစံအပေါ်မှုတည်ပါတယ်)
• developing a budget (ကုန်ကျစရိတ် တွက်ချက်ပေးခြင်း)
• selecting a venue (ပွဲကျင်းပမည့် ငှားရမ်းပေးခြင်း)
• negotiating hotel contracts (Hotelများနှင့် စာချုပ်စာတမ်းကိစ္စများ ညှိနှိုင်းပေးခြင်း)
• hiring outside vendors ( ပါဝင်ပူူူးပေါင်းဆောင်ရွက်မည့်သူများ ငှားရမ်းပေးခြင်း)
• planning the menu (အစားအသောက် menuများ စီစဉ်ပေးခြင်း)
• hiring a caterer ( အစားအသောက်စီစဉ်သူများကို ငှားရမ်းပေးခြင်း)
• arranging for guest speakers or entertainment (တက်ရောက်ဟောပြောမည့်သူများနဲ့ ဧည့်ခံအစီအစဉ်များ ဆောင်ရွက်ပေးခြင်း)
• coordinating transportation (အသွားအလာ အဆင်ပြေအောင်စီစဉ်ပေးခြင်း)
• choosing the color scheme ( ပွဲအတွက် ဒီဇိုင်းကာလာများ ရွေးချယ်ပေးခြင်း)
• developing invitations (တက်ရောက်မည့် ပရိတ်သတ်များကို ဖိတ်ကြားခြင်း) စတဲ့လုပ်ဆောင်ချက်များပဲဖြစ်ပါတယ်။
သို့ပေမယ့် ပွဲစီစဉ်ရာမှာဆောင်ရွက်ရမယ့် အထက်ပါအချက်များဟာ event management အောက်မှာပဲရှိနေတာပါ။
ပွဲကျင်းပရာတွင် စီစဉ်ဆောင်ရွက်ရမယ့် လုပ်ဆောင်ချက်အသေးစိတ်ကို Myanmar Event Hub မှရေးသားဖော်ပြခဲ့ပြီးပါပြီ။ အောက်ပါ link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။
http://tiny.cc/6oew8y

Event Management
အရိုးရှင်းဆုံးပြောရရင်တော့ဖြင့် event management ဆိုတာဟာ ဖျော်ဖြေရေးပွဲတွေ၊စီးပွားရေးနှင့်ပတ်သတ်တဲ့ပွဲတွေ၊တခြားမည်သည့်ပွဲတွေကိုမဆို ဖြစ်မြောက်အောင် business management နဲ့ အဖွဲ့အစည်းလိုက် လုပ်ဆောင်နိုင်မှုစွမ်းရည်ကို အသုံးပြုတာပဲဖြစ်ပါတယ်။အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ပွဲတွေဟာ အချိန်မှန်၊နေရာမှန် နှင့် ချုမှတ်ထားတဲ့အစီအစဉ်တွေအတိုင်း အဆင်ပြေချောမွေ့သွားတာပါ။ ထိုကဲ့သို့ အဆင်ပြေအောင် event managerကပြုလုပ်ပေးပါတယ်။
Event management မှာ ပွဲအတွက် မတူညီတဲ့အပိုင်းတွေကို လုပ်ဆောင်ဖို့အတွက် teamဖွဲ့စည်းခြင်း၊ team တစ်ခုလုံးကို စီစဉ်အုပ်ချုပ်ခြင်း၊ တာဝန်များခွဲဝေပေးခြင်း စတဲ့ တာဝန်တွေ ပါပါတယ်။
Event managementရဲ့ ဆောင်ရွက်ရမည့် တာဝန်များကို အောက်တွင် အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။
• reserving a location for an event ( ပွဲကျင်းပမည့်နေရာ ရွေးချယ်သတ်မှတ်ခြင်း)
• coordinating outside vendors ( ပါဝင်ဆောင်ရွက်သူများနှင့် ညှိနှိုင်းခြင်း)
• designing emergency contingency plans ( ပွဲအတွက် ဖြစ်ပေါ်လာနိုင်မည့် ကိစ္စရပ်များအတွက် Plan B ချမှတ်ပေးခြင်း)
• ensuring compliance with health and safety standards ( ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်များ ဆောင်ရွက်ပေးခြင်း)
• managing staff responsible for each function ( ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် တာဝန်များ စီစဉ်ခြင်း)
• overseeing execution of an event ( မိမိကျင်းပမယ့်ပွဲကို သေသေချာချာ စနစ်တကျဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးရခြင်း)
• monitoring of the event (အစီအစဉ်များကို သတိထားစောင့်ကြည့်ပြီး လိုအပ်တာများကို ညွှန်ကြားဆောင်ရွက်ရခြင်း)
• resolving event situations on site ( ပွဲကျင်းပရာတွင်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ဖြေရှင်းရခြင်း) စတာတွေဖြစ်ပါတယ်။
Event Managers and Event Planners Work Together
Event management နဲ့ planning ဟာ ဆက်စပ်နေရုံသာမက တာဝန်များမှာလည်း ဆင်တူနေပါတယ်။ ဒီတာဝန်များဟာ ပွဲစီစဉ်သူတွေနဲ့ event management team များ၊ နေရာအနေအထားနဲ့ ကျင်းပပြုလုပ်မယ့်ပွဲပေါ် အဓိကမူတည်တာပဲဖြစ်ပါတယ်။
အရေးကြီးတာကတော့ manager နဲ့ planner နှစ်ခုရဲ့ကွာခြားချက်နဲ့ ပွဲနဲ့ပတ်သတ်ပြီး သင်ဟာ ဘယ်လိုserviceများကို ပေးရမလဲဆိုတာကို သေချာနားလည်ဖို့ပါပဲ။