Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ

Vitual event က in-person events တွေထက်စာရင် အလုပ်ရှုပ်သက်သာတဲ့အပိုင်းတွေရှိပေမယ့်လည်း နည်းပညာပိုင်းဆိုင်ရာအရတော့ ပံ့ပိုးပေးရတာတွေများပါတယ်။ အခြားနိုင်ငံတွေမှာတော့ Virtual events တွေနဲ့ပတ်သတ်ပြီး website တွေ၊ mobile apps တွေသုံးကြပေမယ့် ဒီမှာတော့ virtual events တွေ အရမ်းမလုပ်ကြသေးတဲ့အတွက် website အနည်းငယ်လောက်ပဲရှိပါတယ်။
Virtual event ပြုလုပ်တော့မယ်ဆိုရင် website or social media platform တွေပေါ်မှာ အရင်ဆုံး ပွဲကျင်းပမယ့်နေ့၊အချိန်၊ information တွေကို လူအများအပြည့်အစုံတင်ပြဖို့လိုပါတယ်။ Facebook ပေါ်မှာ events တွေ create လုပ်သလိုမျိုးပေါ့။ အကယ်၍ registration လိုအပ်တဲ့ပွဲတွေဆိုရင် registration link ကို သိသာထင်ရှားအောင် ရေးထားသင့်တယ်။
Event registration လုပ်တဲ့အခါမှာဆိုရင် online ကနေတဆင့် register လုပ်ရမှာဖြစ်တဲ့အတွက် user ဖက်က ကြည့်ရလွယ်အောင်၊ form ဖြည့်ရလွယ်အောင် လုပ်ပေးထားသင့်ပါတယ်။ ကိုယ်ပိုင် website ရှိပြီးသားဆိုရင် website မှာ registration link ထပ်ထည့်လိုက်လို့ရပါတယ်။ Website မရှိဘူးဆိုရင် registration platform တွေမှာ ဝင်လုပ်လို့ရပါတယ်။ Register form ထဲမှာ တက်ရောက်မယ့်သူရဲ့ information, တက်ရောက်မယ့် level (ဒါက ကျင်းပတဲ့ပွဲပေါ်မှုတည်ပါတယ်) ပိုက်ဆံပေးရမယ်ဆိုရင် registration link ထဲမှာ payment နဲ့ပတ်သတ်တာ ထည့်ထားလို့ရပါတယ်။ Register လုပ်တဲ့သူတွေကို ပွဲနဲ့ပတ်သတ်တဲ့အကြောင်းတွေကို မေးခွန်းမေးထားလို့ရပါတယ်။ ထို survey တွေက နောက်ပွဲတွေလုပ်ရင် ပြန်သုံးလို့ရတာကြောင့် အဆင်ပြေမှာပါ။
Live streaming software/ social media platform တွေလိုအပ်တယ်။ အကယ်၍ ပွဲက conference, webinars တွေလိုဆိုရင်တော့ zoom လိုမျိုး video platform တွေလိုပါလိမ့်မယ်။ entertainment ပဲဆိုရင်တော့ Facebook live or Instagram live တွေက မြန်မာမှာ ပိုလူကြည့်များပါတယ်။ အခြား live streaming media တွေဖြစ်တဲ့ Livestream, Twitch တို့လည်း ရှိပါတယ်။
Digital video equipment တွေက virtual events တွေအတွက် အရမ်းအရေးပါပါတယ်။ Live လုပ်တာပဲဖြစ်ဖြစ်၊ live နဲ့ recorded video တွေကိုပြတာပဲဖြစ်ဖြစ် အသံရော၊ရုပ်ရောကြည်လင်နေဖို့လိုပါတယ်။ ဒါကြောင့် professional videographer တစ်ယောက် သို့မဟုတ် technician တစ်ယောက်ငှားထားသင့်တယ်။ ဒါ့အပြင် camera, tripods နဲ့ ring light လို lighting equipment တွေလိုအပ်ပါတယ်။

Source from cevent.