Facebook နဲ့ virtual events

Facebook ပေါ်မှာ virtual events ကျင်းပဖို့ လိုအပ်တဲ့အချက်တွေ
ပထမဆုံးအနေနဲ့ ကျင်းပမယ့် ရက်စွဲ၊အချိန်တို့ကိုသတ်မှတ်ရပါမယ်။ ဒါ့အပြင် sponsorships ကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။
Event အတွက် Theme သတ်မှတ်ဖို့လည်းလိုအပ်ပါသေးတယ်။ holiday မှာလုပ်မှာလား ဒါမှမဟုတ် ပိတ်ရက်တွေမှာလုပ်မှာလား၊ ပွဲရဲ့ရည်ရွယ်ချက်ပေါ်မှုတည်ပြီး theme သတ်မှတ်ဖို့လိုပါတယ်။
Facebook ရဲ့event title က ၆၅လုံးအထိပဲဆန့်တာပါ။ ပွဲနာမည်စဉ်းစားတဲ့အခါမှာ တိုတောင်းပြီးထိမိတဲ့ခေါင်းစဉ်ဖြစ်ဖို့လိုပါတယ်။ virtual event ကိုပြုလုပ်မှာဖြစ်တဲ့အတွက် virtual ဆိုတဲ့စာလုံး ပါရင်ပိုကောင်းပါတယ်။ဒါ့အပြင် ပွဲကျင်းပမယ့်အချိန်ကိုအရမ်းမကြာတာဖို့သတိထားရပါမယ်။
အခြား business, brand, organization တွေနဲ့ engagement ကောင်းအောင် ပုူးပေါင်းလို့ရပါတယ်။ Co-host တွဲလုပ်တဲ့အခါမှာ audience ကပိုပြီးစိတ်ဝင်စားမှုကောင်းပါတယ်။ Giveaway ပေးတာ၊ paid advertising တွေလုပ်တာလည်း လုပ်လို့ရပါတယ်။
Virtual events တွေပဲလုပ်လုပ် အပြင်မှာ event တွေပဲလုပ်လုပ် event page ရှိဖို့လိုအပ်ပါတယ်။ Event location နေရာမှာလည်း business ရဲ့လိပ်စာကိုထည့်လို့ရပါတယ်။ Event page မှာ အချိန်နဲ့ ပါဝင်မယ့် host တွေ speaker တွေ၊ guest တွေအပြင် description ပါပြည့်စုံအောင်ဖော်ပြထားသင့်ပါတယ်။
ဒါဆိုရင်တော့ Facebook မှာ virtual event တွေကျင်းပဖို့အဆင်သင့်ပါပဲ..

myanmareventhub

eventonlinemedia

DigitalMarketing