တန်ဆောင်တိုင်ရုံးပိတ်ရက် ဖြစ်တဲ့အတွက် မီးထွန်းပွဲများ၊ ဘုရားပွဲတော်များ၊ ကြည့်ချင်ပွဲများကတော့ နေရာအနှံ့ပြည့်နေမှာ ဖြစ်ပါတယ်။ လပြည့်နေ့ဖြစ်တဲ့အတွက် ရွှေတိဂုံဘုရား၊ ကမ္ဘာအေးဘုရား စတဲ့ ရန်ကုန်မြို့ပေါ်ဘုရားတွေမှာလဲ လူစည်ကားနေမှာဖြစ်ပါတယ်။ တစ်ချို့ကလဲ တောင်ကြီးမြို့ မီးပုံးပျံပွဲကို သွားရောက်လည်ပတ်ကြပါတယ်။ ပြင်ဦးလွင်မြို့မှာလည်း မီးပုံးပျံပွဲတစ်ခုရှိပါတယ်။ နိုဝင်ဘာလ ဖြစ်တဲ့အတွက် သိပ်မအေးသေးဘဲ တောင်ပေါ်ဒေသတွေကို သွားရောက်လည်ပတ်ဖို့ရာ အချိန်ကောင်းပါ။ တန်ဆောင်တိုင်ပွဲတော်ရာသီဟာ မြန်မာတို့ရဲ့ ခရီးသွားရာသီတစ်ခုလဲ ဖြစ်ပါတယ်။ ခရီးမသွားဖြစ်ဘဲ မိမိရဲ့တန်ဆောင်တိုင် အားလပ်ရက်ကို ရန်ကုန်မြို့မှာပဲ အသုံးချမဲ့သူများအတွက် ပွဲတစ်ချို့ကို အသိပေးလိုပါတယ်။ ဒီတစ်ပတ်တော့ ပန်းချီဝါသနာရှင်များအတွက် မအားလပ်နိုင်အောင် ပန်းချီပြပွဲတွေ ရှိနေပါတယ်။ ကန်တော်ကြီး၊ ကရဝိတ်ခန်းမအနီးမှာ ဖွင့်လှစ်လိုက်တဲ့ မဟာဈာန်ပန်းချီပြခန်းမှာ မဟာပုဂံပန်းချီပြပွဲ ရှိနေပါတယ်။ ပြပွဲမှ ရောင်းရတဲ့ ပန်းချီကားများရဲ့ ၂၅% ကို ငလျင်ဒဏ်ခံ ပုဂံမြို့ဟောင်း ပြန်လည်ပြုပြင်ရေးအတွက် […]