ဒီ weekend မှာဘယ်သွားကြမလဲ (၂၉-၃၀ အောက်တိုဘာ ၂၀၁၆)

ဒီတစ်ပတ် အားလပ်ရက်မှာ ဘယ်သွားဖို့စီစဉ်ထားပြီးပြီလဲ။ မစီစဉ်ရသေးဘူးဆိုရင် ဒီတစ်ပတ် စနေနဲ့ တနင်္ဂနွေမှာ ရန်ကုန်မြို့တစ်ဝိုက် သွားလို့ရတဲ့ ပွဲလေးတစ်ချို့ကို ပြောပြမယ်နော်။

လူငယ်လူရွယ်များအတွက်ကတော့ ဒီတစ်ပတ်အားလပ်ရက်မှာ မိမိအနာဂါတ်အတွက်လည်း အကျိုးရှိမဲ့ Duwun Talks ကိုသွားရောက်နားထောင် နိုင်ပါတယ်။ ဝန်ထမ်းဘဝကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲကို နားထောင်နိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ Melia Hotel မှာ အောက်တိုဘာ ၂၉ (စနေနေ့) ညနေ ၃ နာရီမှ ၆ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဟောပြောပွဲနှင့်ပါတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ဒါ့အပြင် ကျောင်းပြီးခါစ လူငယ်လူရွယ်များ၊ အလုပ်အကိုင်ရှာဖွေနေသူများအတွက် MPT အလုပ်အကိုင်ပြပွဲနှင့် အင်တာဗျူးပွဲကို သွားရောက်လေ့လာနိုင်ပါတယ်။ Sales, Marketing, Communications နှင့် Engineering နယ်ပယ်စုံ အလုပ်အကိုင် အခွင့်အလမ်းများ ရှိတာကြောင့် လူငယ်များ လက်မလွတ်သင့်တဲ့ ပွဲတစ်ပွဲလဲဖြစ်ပါတယ်။ အောက်တိုဘာ ၂၉ နှင့် ၃၀ နှစ်ရက်စလုံး နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ အလံပြ ဘုရားလမ်းက Park Royal ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။

အနုပညာမြတ်နိုးသူများအတွက် ဒီတစ်ပတ်အားလပ်ရက်မှာ ဓါတ်ပုံပြပွဲနှင့် ရုပ်ရှင်ပြပွဲတစ်ခုရှိပါတယ်။ ခံနိုင်ရည်ရှိခြင်းရဲ့တစ်ဘက် ရွှေ့ပြောင်းနေထိုင်သူများနှင့် အတူတကွ နေထိုင်ခြင်း လို့အမည်ပေးထားတဲ့ အဆိုပါ ဓါတ်ပုံပြပွဲကို Mekong Migration Network ကကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။ Myanmar Deitta တတိယထပ်၊ အမှတ် ၄၉၊ ၄၄ လမ်း၊ ရန်ကုန်မြို့ မှာ ၂၉ အောက်တိုဘာမှ ၃၀ အောက်တိုဘာ၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမှာဖြစ်ပါတယ်။ ဓါတ်ပုံဆရာ John Hulme ရဲ့လက်ရာများကို ပြသထားမှာ ဖြစ်ပြီး၊ ရွှေ့ပြောင်းလုပ်သားများ ၏ လုူမှုရေး ဖွံ့ဖြိုးမှု နှင့် ပတ်သတ်သည့် ဆွေးနွေးပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အချိန်နှင့် ဖွင့်ပွဲအချိန်များကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

စိတ်ကြည်နူး ရွှင်လမ်းစရာ ဂိမ်းပြိုင်ပွဲနှင့် ဂီတပွဲတော်ကြီးတစ်ခုလဲ ဒီတစ်ပတ် အားလပ်ရက်မှာ ကျင်းပဖို့ရှိနေပါတယ်။ ၃၀၀၀ ကျပ်တန်လက်မှတ်ဝယ်ပြီး တက်ရောက်ရမဲ့ ဒီပွဲမှာ နိုင်ငံကျော် အနုပညာရှင်များရဲ့ ဖျော်ဖြေမှုများအပြင် အနုပညာရှင်များနှင့် အတူ ပျော်ရွှင်စွာဆင်နွဲနိုင်မဲ့ ဂိမ်းပြိုင်ပွဲများလည်းပါဝင်ပါတယ်။ Umbrella Game Party ဟာ သဘာဝဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအလှူပွဲဖြစ်တာကြောင့် ကုသိုလ်လဲရ အပန်းလဲပြေ ပျော်လည်းပျော်ရွှင်ရမဲ့ပွဲလေးတစ်ခုဖြစ်ပါတယ်။ ကန်တော်ကြီး၊ မျှော်စင်ကျွန်း မှာ ၃၀ အောက်တိုဘာ (တနင်္ဂနွေနေ့) နေ့လည် ၃ နာရီမှ ည ၁၁ နာရီအထိ ကျင်းပမှာဖြစ်ပြီး ဝင်ခွင့်လက်မှတ်များကို ပွဲကျင်းပရာနေရာရောက်မှလည်း ဝယ်ယူနိုင်တယ်လို့သိရပါတယ်။ ပါဝင်မည့် အနုပညာရှင်မာျးနှင့် ယှဉ်ပြိုင်ကစားမည့် ဂိမ်းများကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

အပြင်ပစ္စည်းများကို လှူဒါန်းခြင်းသည် ဒါနပါရမီမည်၏။ ကိုယ်အင်္ဂါအသွေးအသားကို လှူဒါန်းခြင်းသည် ဒါနဥပပါရမီမည်၏။ အသက်ကို လှူခြင်းသည် ဒါနပရမတ္ထပါရမီမည်၏။ ဒီတစ်ပတ် အားလပ်ရပ်မှာ ကုသိုလ်ကောင်းမှုပြုချင်သူများအတွက် ဒါနဥပပါရမီ ဖြစ်တဲ့ သွေးလှူဒါန်းပွဲရှိနေပါတယ်။ မင်္ဂလာဗျူဟာ အသင်းချုပ်က စုစည်းကျင်းပတဲ့ ဒီသွေးလှူဒါန်းပွဲကို ၃၀ အောက်တိုဘာ (တနင်္ဂနွေ) နံနက် ၈ နာရီမှ စတင်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ နေရာကတော့ မင်္ဂလာဗျူဟာ အသင်းချုပ်၊ အာဇာနည်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ သွားရောက်လှူဒါန်းလိုတယ်ဆိုရင် ဒီနေရာမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ဒီတစ်ပတ် အားလပ်ရက်မှာ မြန်မာတို့ရဲ့ မြန်မာပွဲများကို သွားရောက်လည်ပတ်ရင်း အပန်းပြေပျော်ရွှင်နိုင်ကြပါစေလို့ MyanmarEventsInfo မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။