ဒီတစ်ပတ် ဘာအစီအစဉ်ရှိလဲ

သူငယ်ချင်းတို့ရေ ဒီတစ်ပတ်အတွင်း အပန်းဖြေ လည်ပတ်စရာ ဘာတွေ စီစဉ်ထားပြီးပြီလဲ။ Myanmar Events Info က ဒီတစ်အတွင်း လုပ်ဆောင်လို့ရတဲ့ activities တွေကို ပြောပြချင်ပါတယ်။ ဦးဆုံး ယနေ့ည၊ နိုဝင်ဘာ ၃၀ မှာလုပ်မဲ့ November’s Premium Class Music Show အကြောင်း ပြောပြချင်ပါတယ်။ ည ၇ နာရီကနေစပြီး ဖျော်ဖြေမဲ့ ဒီပွဲမှာ အဆိုတော် အာဇာနည်နဲ့ ဝိုင်းဆုခိုင်သိမ်းတို့က ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ကျိုက်ဝိုင်းဘုရားလမ်း အမှတ် ၃၃ က The Loft House မှာ ဖြစ်ပါတယ်။ ခုနေရာ သေချာချင်ရင်တော့ Nickii ( The Loft House Bar & Restaurant)
09 795258650 / 09 5448889 ကိုဖုန်းဆက်ပြီးမှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။ ၄ ယောက်စာ ၁၃၈,၀၀၀ ကစလို့ အစားစားရှိပါတယ်။ အသေးစိတ်ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

စာပေချစ်သူများအတွက် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲကို မနက်ဖြန်ကစလို့ ၄ ရက်တိုင်တိုင် သိမ်ဖြူလမ်းက ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အဆောက်အအုံ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ စာပေပညာရှင်၊ စာတမ်းရှင် ၁၄ ဦးက ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းများကို ဖတ်ကြားဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်ဆိုင်ပေါင်း ၂၀၀ ကျော်မှ စာအုပ်များကို အထူးနှုန်းဖြင့်ရောင်းချပေးမှာ ဖြစ်ပါတယ်။ စာပေဝါသနာရှင်များ တစ်နေရာထဲမှာ မိမိစိတ်ကြိုက် စာအုပ်မျိုးစုံ ဈေးသက်သာစွာ ရွေးချယ်ဝယ်ယူနိုင်မှာမို့ လက်မလွတ်သင့်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ လာရောက်ရောင်းချမဲ့ စာအုပ်ဆိုင်များနဲ့ ပညာရှင်များစာတမ်း ဖတ်ကြားမဲ့ အစီအစဉ် အသေးစိတ်တို့ကို ဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

အလားတူပဲ ၄ ရက်တိုင်တိုင်ကျင်းပမဲ့ ပွဲတစ်ပွဲကတော့ The best of Yangon Housing, Lifestyle, Car Show & Mobile Fair ဖြစ်ပါတယ်။ တိုက်ခန်းများ၊ ကွန်ဒိုများရောင်းချပေးမည့် အစီအစဉ်များ၊ မိုဘိုင်းဖုန်းများ အထူးနှုန်းဖြင့်ရောင်းချပေးမည့် အစီအစဉ်များ၊ အိမ်တွင်းအလှဆင်ကုန်ပစ္စည်းများ၊ ခေတ်မီ ပရိဘောဂပစ္စည်းများ အထူး promotion ဖြင့်ရောင်းချပေးမည့် အစီအစဉ်များပါဝင်သည့် The best of Yangon Housing, Lifestyle, Car Show & Mobile Fair ကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ဒီဇင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ အချို့ကုန်ပစ္စည်းများကို တစ်ခုဝယ်၊ တစ်ခုလက်ဆောင်အစီအစဉ်ဖြင့်ရောင်းချပေးသွားမှာ ဖြစ်ပြီး ကံစမ်းမဲ အစီအစဉ်များလဲရှိတယ်လို့ သိရပါတယ်။

သင်ဟာကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲများကို နှစ်ချိုက်သူတစ်ယောက်ဖြစ်ပါသလား။ ကိုရီးယားနိုင်ငံကို ကိုယ်တိုင် ရောက်သွားသလို ပါဝင်မြင်တွေ့ ခံစားနိုင်မည့် အခွင့်အရေးကတော့ Love Korea Fair ဖြစ်ပါတယ်။ မြန်မာပလာဇာ မြေညီထပ်မှာ ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီကစလို့ ကျင်းပသွားမျာ ဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး ဖုန်းဆက် ကြိုတင်စာရင်းပေးသွင်းဖို့ လိုတယ်လို့သိရပါတယ်။ ကြိုတင်စာရင်းပေးသွင်းရန် ဖုန်းနံပါတ်များကတော့ – 09-250-111-311, 09-7988-27347, 01-1223771 တို့ဖြစ်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းသူများကို အမှတ်တရ လက်ဆောင်လေးတွေလည်း ပေးဝေသွားမယ်လို့ သိရပါတယ်။ ပွဲကိုလာရောက်တဲ့သူတိုင်းအတွက်လည်း ကံစမ်းမဲ အစီအစဉ်များ ရှိပါသေးတယ်။ ဒီပွဲလေးမှာတော့ ပါဝင်မဲ့ ထူးခြားတဲ့ အစီအစဉ်တွေကတော့

နိုင်ငံကျော် အနုပညာရှင် အေးမြတ်သူရဲ့ ကိုရီးယား ခရီးစဉ် Talk Show အစီအစဉ်
K-Popperများ အသဲစွဲ Project_K အဖွဲ့ရဲ့ ဖျော်ဖြေမှု အစီအစဉ်
ကိုရီးယား မိတ်ကပ်ပညာရှင် Hannah ရဲ့ ကိုရီးယား style make-up Show အစီအစဉ်
ကိုရီးယား ဘာသာစကားကို ချစ်မြတ်နိုးကြတဲ့ မြန်မာလူမျိုး ကျောင်းသူ၊ကျောင်းသားလေးများရဲ့ ကိုရီးယား စကားပြောပြိုင်ပွဲ အစီအစဉ်
နာမည်ကျော် ကိုရီးယား စားသောက်ဆိုင် Seorabol မှ ကိုရီးယား ရိုးရာအစားအစာများကိုလည်း အခမဲ့ ကျွေးမွေးဧည့်ခံသွားမဲ့ အစီအစဉ်
ပွဲတက်ရောက်သူများ အားလုံးအတွက် စုစုပေါင်း ဒေါ်လာ 1500ခန့် တန်ဖိုးရှိတဲ့ Lucky Draw အစီအစဉ် တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ခံကျင်းပနေတဲ့ Suzuki Cup 2016 ရဲ့ Semi-Final Leg 1 ကို ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅း၃၀တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးတွင် ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ အုပ်စု (ခ)မှာ ကစားခဲ့ပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ အုပ်စု ဒုတိယအနေနှင့် ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ Semi-Final Leg 1 မှာ မြန်မာအသင်းဟာ အုပ်စု (က) အုပ်စုဗိုလ် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနှင့် ၁၂ နှစ်အတွင်း ဆီမီးဖိုင်နယ်သို့ ပထမဆုံး ပြန်လည်တက်ရောက်နိုင်ခြင်း ဖြစ်သည်။ ဒါ့ကြောင့် ဘောလုံးဝါသနာရှင်များသာမက မြန်မာနိုင်ငံသားအားလုံး လက်လွတ်မခံ စောင့်ကြည့်သင့်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။

မန္တလေးမြို့မှသူငယ်ချင်းများအတွက် Frenzo Tour With VeVe ဂီတဖျော်ဖြေပွဲကိုလာမည့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတောင်ခြေရှိ Mandalay Hill Resort Hotel တွင် ညနေ ၃ နာရီမှစ၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်, Snare, ဘန်နီဖြိုး, စိုးကြီး, X-Box, G-Fatt, မိစန္ဒီ နှင့် Amara Hpone တို့ကသီဆိုဖျော်ဖြေမယ်လို့သိရပါတယ်။ Free Standing လက်မှတ်တစ်စောင်ကို ၈၀၀၀ ကျပ်ဖြစ်ပြီး VIP လက်မှတ်လည်းရှိတယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

မြန်အောင်မြို့မှာ ဒီဇင်ဘာ ၃ ရက်နေ့တွင် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်အောင်မြို့ စာရေးဆရာအသင်းနှင့် စာပေအင်အားစုများက ကြီးမှုးကျင်းပပြီး ဆရာညီပုလေး၊ ဆရာမောင်သာချို၊နှင့် ဆရာအကြည်တော်တို့ ဟောပြောမှာ ဖြစ်ပါတယ်။ မြန်အောင်မြို့ ပြည်သူ့ရင်ပြင်မှာ ည ၇ နာရီကစပြီး ဟောပြောမှာဖြစ်လို့ နီးစပ်သူ သူငယ်ချင်းများ လာရောက်နားဆင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။