ပွဲတစ်ပွဲဖြစ်မြောက်အောင် ဘယ်လိုစီစဉ်ကြမလဲ ???

ပွဲတစ်ခုကျင်းပဖို့ ဘယ်လိုအစီအစဉ်တွေချမလဲ ???
ဘာတွေလုပ်ရမလဲ ???
အရေးကြီးဆုံးက မိမိပွဲကျင်းပလိုခြင်းအကြောင်းအရာကို ဦးစွာသိရှိထားဖို့ပဲ ဖြစ်ပါတယ်။
မိမိဘယ်လိုပွဲမျိုးကျင်းပချင်လဲဆိုတာပေါ်မှုတည်ပြီး အချက်တွေကတော့ ကွဲပြားသွားမှာဖြစ်ပါတယ်။
အဲ့ဒီထဲကမှ Myanmar Event Hub ကနေ အဓိကကျတဲ့ အချက်(၁၀)ချက်ကို ပြောပြပေးသွားမှာပါ။
I. Develop Your Event Goal and Objectives (ကျင်းပလိုတဲ့ပွဲရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်)

ပထမဆုံးအဆင့်အနေနဲ့ ဒီပွဲကို ဘာကြောင့်လုပ်ရတာလဲ? အောင်မြင်ပြီးမြောက်ဖို့ဘာတွေမျှော်လင့်ထားလဲ? စတာတွေကို ကိုယ့်ကိုယ်ကို အရင်မေးထားဖို့လိုအပ်ပါလိမ့်မယ်။
ပွဲမစခင်မှာ သင့်ရဲ့ ရည်ရွယ်ချက်၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပြီး Paln စချရမှာဖြစ်ပါတယ်၊၊

II. Organize Your Team (အဖွဲ့လိုက်လုပ်ဆောင်ပါ)။

ဘယ်ပွဲမဆို အသေးစိတ်ကိစ္စလေးတွေထိ ဆောင်ရွက်ဖို့ အဖွဲ့အစည်းလိုအပ်ပါတယ်။ chairperson မှစ ပြီး ပွဲမန်နေဂျာ သို့ ပွဲတာဝန်ခံတဦးချင်းစီ ရဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေကို ခွဲပြီး တာဝန်ပေးထားရပါမယ်၊၊ တာဝန်တွေကဘာတွေဖြစ်မလဲ?
venue management, (နေရာရွေးမယ်)
speakers (MC ရွေးမယ်)
entertainment (ဘယ်လိုဖျော်ဖြေရေးအမျိုးအစားကိုထည့်မလဲ)
publicity, (အများပြည်သူသိအောင်ကြေငြာမယ်)
Food Caterings (အစားအသောက်မှာဖို့စီစဉ်ရမယ်)
sponsors, (စပွန်ဆာပေးမည့်အကျိုးတူစီးပွားရေးလုပ်ငန်းများ
(သို့) volunteer management နဲ့ဆက်သွယ်မယ်) စသည့်တာဝန်တွေအ ပြင် တခြားလိုအပ်မည့် Job function များကို တစ်ယောက်ချင်းစီအလိုက်၊အဖွဲ့လိုက်တာဝန်တွေချပေးထားဖို့လိုပါတယ်၊၊
အောင်မြင်တဲ့ပွဲတစ်ပွဲဖြစ်လာဖို့ အဖွဲ့အစည်းကအရမ်းအရေးပါပါတယ်။

III. Establish Your Budget (ကုန်ကျစရိတ်များကို ကြိုတင်တွက်ချက်ထားပါ)
ဘယ်လောက်ပဲ idea ကောင်းပါစေ ပွဲမစီစဉ်ခင်မှာ ကုန်ကျစရိတ်မတွက်ချက်မိလို့ လိုအပ်သွားတဲ့ ပွဲတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ပွဲစီစဉ်ရာမှာ ကုန်ကျစရိတ်ကလဲ အရမ်းအရေးကြီးတဲ့နေရာတစ်ခုမှာ ပါဝင်ပါတယ်။ နေရာငှားရမ်းခ၊ အစားအသောက်၊ဖျော်ဖြေရေးအစီအစဉ်၊ အခမ်းအနားပြင်ဆင်မှု၊ဝန်ထမ်းငှားခ၊ကြော်ငြာခ၊ အထွေထွေကုန်ကျစရိတ် စသည်ဖြင့်ကြိုတင်တွက်ချထားရပါမယ်။
IV. Set The Date (ရက်သတ်မှတ်ပါ)
မိမိကိုယ်ကို အချိန်လုံလောက်စွာပေးပါ။ ပုံမှန်အားဖြင့် ၄ – ၅ လ ဆိုလုံလောက်ပါတယ်။ သင့်ရဲ့ပွဲအနေအထားပေါ်မူတည်ပြီး အချိန်လုံလုံလောက်လောက်ယူပါ။ public holidays တွေကတော့သတိထားရွေးစေချင်ပါတယ်။ ကျောင်းပိတ်ရက်တွေလို ပိတ်ရက်မျိုးတွေကိုတော့ ရှောင်ပါနော်။ လာရောက်ဟောပြောမဲ့သူတွေ၊ အရေးကြီးဧည့်သည်တွေ၊ presenters တွေနဲ့ ရက်ကိုကြိုညှိနှိုင်းထားရင်တော့ အကောင်းဆုံးပါပဲ။

V. Create an Event Master Plan (အသေးစိတ်အစီအစဉ်စတင်ပါ)
ကုန်ကျစရိတ်၊ ကျင်းပမဲ့ရက်၊ idea တွေစသဖြင့် ပြင်ဆင်ပြီးပြီဆိုရင် တကယ့်အစီအစဉ်ချဖို့အချိန်ရောက်လာပါပြီ။ အသေးစိတ် planဆွဲထားခြင်းဟာ သင့်အတွက်သာမက သင့်အဖွဲ့အတွက်ပါ ပိုမိုလွယ်ကူစေနိုင်မှာပါ။

သင့်ရဲ့ အဓိက plan ထဲမှာ အောက်ပါအချက်အလက်တွေ ပါဝင်သင့်ပါတယ်။
 Venue, logistics, & catering management (contracts, permits, insurance, etc.)
 ပွဲကျင်းပမဲ့ ခန်းမ၊ နေရာနဲ့ အစားအသောက် မှာယူဖို (ဆက်သွယ်ရမယ့် နံပါတ်၊ အီးမေးလ်၊ ခွင့်ပြုမိန့်၊ အာမခံ စသည်ဖြင့်)
 Speakers and presenters (identifying, confirming, logistics & management)
 ဟောပြာမည့်သူများနှင့် တင်ဆက်သူ MC များ (ရွေးချင်ခြင်း၊ ဆက်သွယ်အတည်ပြုခြင်း၊ ဖိတ်ကြားခြင်းနှင့် အခြားလိုအပ်သော အစီအမံများဆောင်ရွက်ခြင်း)
 Activities and entertainment
 ပွဲအတွက် ကစားနည်းများ၊ ပွဲတက်သူများ ပါဝင်နိုင်သော လှုပ်ရှားမှုများ၊ ဖျော်ဖြေတင်ဆက်ရေးများ
 Publicity and promotion (online & off-line, such as web page & online promotion; events calendars; printed programs; media relations; signage; social media, etc.)
 လူအများသိစေရန် (အင်တာနက်စာမျက်နှာများ၊ လူမှုကွန်ယက်စာမျက်နှာများ (သို့မဟုတ်) သတင်းဌာနများ၊ ကြော်ငြာဆိုင်းဘုတ်များ မှတဆင့် လူသိများလာအောင်လုပ်ဆောင်ခြင်း။ ပွဲအစီအစဉ်များ ပုံနှိပ်ဖြန့်ဝေခြင်းလုပ်ငန်းများ)
 Registration (online sign-up, payment and tracking; on-site sign-in, etc.)
 ပွဲတက်ရောက်မည့်သူများ မှတ်ပုံတင်ခြင်း (အင်တာနက် စာမျက်နှာမှတဆင့် မှတ်ပုံတင်ခြင်း၊ လိုအပ်ပါက ပွဲလက်မှတ်အတွက် ကျသင့်ငွေများ ပေးခြေရန် နည်းစံနစ်များ)
 Sponsor and partner management
 စပွန်စာများနှင့် လက်တွဲလုပ်ကိုင်သော မိတ်ဖက်လုပ်ငန်းများ စီစဉ်ခြင်း
 Volunteer management and responsibilities
 လုပ်အားကူညီပေးသူများ စီစဉ်ခြင်းနှင့် ၎င်းတို့၏ တာဝန်များခွဲဝေပေးခြင်း


Deadline တွေနဲ့ လုပ်ဆောင်ဖို့လဲ မမေ့ပါနဲ့။ လုပ်ဆောင်ရမဲ့ မည်သည့်အလုပ်ကိုမဆို ချရေးထားပါ။
ပွဲလုပ်မဲ့ရက်သတ်မှတ်ပြီးတာနဲ့ပွဲကျင်းပမဲ့နေရာကို ကြိုနေရာယူထားပါ။ ပွဲမကြော်ငြာခင်တည်းက နေရာသတ်မှတ်ပြီးသားဖြစ်ပါစေ။ ဒါကလည်းပွဲမစခင် ကြိုစီစဉ်ထားရမဲ့ အရေးကြီးအချက် တစ်ခုပဲဖြစ်ပါတယ်။

VI. Book Your Venue (ပွဲကျင်းပမည့်နေရာရွေးပါ)
နေရာရွေးချယ်တဲ့အခါမှာ အခန်းအကျယ်အဝန်း၊ လူအရေအတွက်၊ တခြားအသုံးပြုလို့ရမဲ့ အရာတွေ (gender washroom၊ဓာတ်လှေကားစသဖြင့်)၊ ကားပါကင်၊ Speaker နဲ့ Microphone လိုမယ်ဆိုရင် တပ်ဆင်လို့ရမယ့်နေရာ၊ ဒီအပြင် အခြားကုန်ကျစရိတ်တွေကို ထည့်သွင်းစဉ်းစားဖို့လဲ လိုအပ်ပါတယ်။

VII. Brand Your Event (ပွဲနာမည်ပေးမယ်)
a) BrainStorm Name (ပွဲနာမည်စဉ်းစားရအောင်)
ပွဲကိုအမည်ပေးတဲ့အခါမှာအောက်ပါအချက်တွေကိုပါထည့်သွင်းစဉ်းစားသင့်ပါတယ်၊၊
 သင့်ပွဲဟာ သင်နဲ့လုပ်ငန်းအမျိုးအစားတူတဲ့တခြားပွဲတွေထက် ထူးခြားအောင်ဘယ်လိုလုပ်မလဲ?
 ဒီပွဲကနေဘယ်လိုအကျိုးအမြတ်တွေရဖို့မျှော်မှန်းထားသလဲ?
 သင့်ပွဲရဲ့အဓိက components? တွေကဘာတွေဖြစ်မလဲ?

b) Create a tagline (ပွဲအတွက်Taglineကိုဖန်တီးမယ်)
ဖေ့ဘုတ် (FB) လူမှူစာမျက်နှာကွန်ယက်တွေမှာ သင့်ပွဲကိုလူအများရှာဖွေတွေ့ရှိနိုင်ဖို့အတွက်
ပွဲနာမည်ပေးပြီးသွားတာနဲ့ taglineကိုပါ တခါတည်းထည့်သွင်းစဉ်းစားဖို့မမေ့ပါနဲ့နော်။
ပွဲကိုကိုယ်စားပြုဖော်ပြတဲ့ တိုတိုနဲ့ထိမိ၊ မှတ်မိလွယ်တဲ့ tagline ဖြစ်ရပါမယ်။
c) Create a logo (Logo ဖန်တီးမယ်)
နေ ာက်ဆုံးအဆင့်အနေနဲ့ သင့်ပွဲကို ကိုယ်စားပြုတဲ့ logoရှိသင့်ပါတယ်။
Logo တစ်ခုဟာ marketing tool တစ်ခုအနေနဲ့ အရမ်းအသုံးဝင်ပါတယ်။
သင့် brand ကိုမှတ်မိလွယ်စေတဲ့အပြင် တခြားpromotionတွေ၊ ကြော်ငြာတွေမှာလည်း အသုံးပြုလို့ရပါသေးတယ်။ ဒါကြောင့် design logo ရှိနေဖို့ လိုအပ်ပါတယ်။ လူကြီးမင်းတို့ ကျင်းပတဲ့ပွဲအတွက် လိုအပ်တဲ့လိုဂိုကို Myanmar Event Hub team မှ event ဆိုင်ရာကျွမ်းကျင်သော ဒီဇိုင်နာမှ လူကြီးမင်းတို့နှင့် ဆွေးနွေးပြီး အကောင်းဆုံးရေးဆွဲပေးနိုင်ပါတယ်။ ပွဲနှင့်ဆိုင်သော အခြား ဒီဇိုင်းလုပ်ငန်းများဖြစ်သည့် backdrop design, 3D stage design, booth design တို့ကိုလည်း Myanmar Event Hub team နှင့် ဆက်သွယ်ညှိနှိုင်းပြီး လုပ်ငန်းများ အပ်နှံနိုင်ပါတယ်။ လုပ်ငန်းအပ်နှံလိုပါက soess@poppatech.com ကိုဆက်သွယ်နိုင်ပါတယ်။

VIII. Identify and Establish Partnerships & Sponsors
သင်နဲ့အတူတူတွဲဖက်လုပ်ကိုင်မယ့်သူတွေ၊ ထောက်ပံ့ပေးမယ့်သူတွေကို သေချာရွေးချယ်ပါ။
ပွဲအတွက်တစ်စိတ်တစ်ပိုင်းထောက်ပံ့ပေးနိင်တဲ့ sponsorတွေကိုရွေးချယ်ဖို့အရေးကြီးပါတယ်။သင့်ပွဲအတွက် ကူညီစီစဉ်ပေးနိုင်တဲ့အဖွဲ့အစည်းတွေနဲ့ အတူတူတွဲဖက်လုပ်ကိုင်ပါ။

IX. Create a Publicity Plan (ပွဲကိုကြော်ငြာပါ)
ပွဲအကြောင်း ကြော်ငြာအစီအစဉ်တွေကိုလုပ်ရာမှာအင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာတွေကတဆင့် ကနဦးကြေငြာခြင်း၊အီးမေးလ် တွေ Newsletterတွေတဆင့်စာတိုတွေ ပေးပို့ပြီး ပွဲရဲ့ နေ့ရက်အချိန်တွေကို
သတိပြုမိစေခြင်း တွေနဲ့ စတင်ရပါမယ်။အဲ့ဒီနောက်မှာတော့အင်တာနက်မှာရော
ပြင်ပမှာပါလူသိများအောင်ဖန်တီးခြင်း၊သတင်းမီဒီယာဆက်ဆံရေးတည်ဆောက်ခြင်းနဲ့ ပွဲတက်ရောက်ဖို့အတွက် စာရင်းသွင်းရန် တိုက်တွန်းအားပေးခြင်းတို့ကို ပြုလုပ်ရပါမယ်။
အစီအစဉ်ထဲမှာ ပါဝင်သင့်တာတွေကတော့-
ဝက်ဘ်ဆိုက်စာမျက်နှာမှာ ကြေငြာခြင်း
လူမှုကွန်ယက်စာမျက်နှာများ၊ (FB page)
အီးမေးလ်စာစောင်များစွာ ပေးပို့ခြင်း၊
သတင်းမီဒီယာ အဆက်အသွယ်များ၊
ပုံနှိပ်ပစ္စည်း အဝတ်အထည် စသည်များ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပွဲပြီး ကျေးဇူးတင်စကားပြောခြင်း စပွန်စာများကို အသိအမှတ်ပြု ချီးကျူးခြင်းနဲ့ပွဲရဲ့အဓိကရည်ရွယ်ချက်အကြောင်း သို့မဟုတ် ရန်ပုံငွေရှာဖွေခြင်းတွေအကြောင်း ရေးသားဖော်ပြခြင်းတွေပါဝင်မှသာ ပွဲအတွက် ကြော်ငြာရေး အစီအစဉ်တွေဟာ ပြီးပြည့်စုံနိုင်မှာ ဖြစ်ပါတယ်၊၊ ပွဲအတွက် Website များတည်ဆောက်ရာ၌ ကျွန်တော်တို့ Myanmar Event Hub team ၏ branch တစ်ခုဖြစ်သော Duoleaf development team မှကူညီပေးနေပါသည်။ Event website များဖန်တီးရာ၌ အတွေ့အကြုံများသော duoleaf team ၏ developer များမှ လူကြီးမင်းတို့ပွဲ ပိုမိုအောင်မြင်လာစေရန် event website ဖန်တီးပေးနေပါသည်။ ၎င်း website မှတဆင့် မှတ်ပုံတင်ခြင်း Online Registration ပွဲပြီးစစ်တမ်းများ ကောက်ခံခြင်း Post-event survey များလုပ်ဆောင်နိုင်ပါတယ်။ ထို့ပြင် ပွဲပိုမိုလူသိများလာစေမည့် Digital Marketing, Social Media Marketing လုပ်ငန်းများကိုလည်း Digital Marketing ကျွမ်းကျင်သူများက စီမံဆောင်ရွက်ပေးနေပါတယ်။ လုပ်ငန်းအပ်နှံလိုပါက soess@poppatech.com ကိုဆက်သွယ်နိုင်ပါတယ်။


X. Dertermine Day-Of Process
ပွဲနေ့တွင် ပြုလုပ်မဲ့အစီအစဉ်များကို အသေးစိတ်ဆောင်ရွက်ပါ။ သင့်အနေနဲ့ ပွဲမစခင်စီစဉ်စရာရှိတာတွေကို ပြင်ဆင်ထားပါ။ ပြီးလျှင်တော့ ပွဲကျင်းပမည့်နေ့မှာ လုပ်ဆောင်ရမဲ့တစ်နေ့တာအစီအစဉ် အသေးအမွှားလေးကအစ Listချရေးထားဖို့မမေ့ပါနဲ့။ဒါကအစီအစဉ်အကုန်လုံးကို သင့်ထိန်းချုပ်မှုအောက်မှာပဲ ရှိနေစေမှာပါဖြစ်ပါတယ်။
ဒီအချက်လေးတွေကတော့ ပွဲစီစဉ်ရာမှ အခြေခံကျတဲ့အချက်တွေပဲဖြစ်ပါတယ်။