Benefits of Business Directory Listings

Online Directory Listing များမှာ သင်တို့ရဲ့စီးပွားရေးလုပ်ငန်းများ ဖော်ပြထားရှိခြင်း၏ အကျိုးကျေးဇူးများ

ဒီနေရာမှာ ပထမဆုံးအနေနဲ့ online business directory ရဲ့ အဓိပ္ပာယ်ကိုရှင်းပြလိုပါတယ်။
Online business directory ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်တဲ့ Information တွေကို တစ်နေရာတည်းမှာပဲ ရရှိနိုင်အောင် စုစည်းထားတဲ့ directory လမ်းညွှန် ကိုဆိုလိုချင်တာပဲဖြစ်ပါတယ်။ Information တွေကလည်း မိမိတို့လုပ်ငန်းနဲ့ကိုက်ညီတဲ့ အကြောင်းအချက်အလက်တွေဖြစ်ရပါမယ်။
စီးပွားရေးလုပ်တဲ့အခါမျိုးမှာ လိုအပ်တဲ့သတင်းအချက်အလက်များကို တစ်နေရာတည်းမှာပဲ အကုန်တစ်ခါတည်းရနိုင်ဖို့ဆိုတာလိုအပ်ပါတယ်။ ထိုကဲ့သို့ Listing websites များမှာ သင့်လုပ်ငန်းကို ဖော်ပြထားရှိခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ရုံသာမက ကိုယ့်ရဲ့ business partner တွေရဲ့အမြင်၊ clientတွေရဲ့အမြင်မှာလည်း ပထမဆုံး ကောင်းမွန်တဲ့အမြင်မျိုးရရှိစေနိုင်မှာပါ။
Listings websites များမှာ ဖော်ပြထားရှိခြင်းမှ ရရှိတဲ့အကျိုးကျေးဇူး (၉)ချက်ကို Myanmar Event Hub မှ ဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိဖို့အတွက် လူကြီးမင်းတို့၏ လုပ်ငန်းကို Myanmar Event Hub ၏ directory listing မှာ ထည့်သွင်းဖော်ပြထားနိုင်ပါတယ်။

  1. Amplify Online Presence (Online ပေါ်မှာ အများရဲ့အာရုံစိုက်မှုပိုရနိုင်ပါတယ်)
    အကြောင်းရင်းကတော့ business listing sites တွေဟာ လူကြီးမင်းတို့သိလိုတဲ့ စီးပွားရေးနဲ့ပတ်သတ်တဲ့အကြောင်းအရင်းတွေ တစ်ခါတည်းသိရှိနိုင်ပါတယ်၊ ဒါ့အပြင် informationတွေကို တခြား social media တွေမှာ အကြိမ်ကြိမ်အခါခါ ကြေငြာနေရတာထက် website မှာပဲ တစ်ခါတည်း listing လုပ်ပြီးထားရှိတာဟာ အချိန်ပို၊ အလုပ်ပိုတာတွေကို လျှော့ချပေးနိုင်ပါတယ်။ သင့်ဟာ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်လိုက်သလိုပါပဲ။ သင် ပေးချင်တဲ့ Information တွေကို ပြည့်ပြည့်စုံစုံ ပေးနိုင်ပြီးတော့ သင့်အတွက်လည်း လွယ်ကူအဆင်ပြေပါတယ်။ သို့ပေ့မယ့် ပေးလိုတဲ့ informationတွေကို ပုံမှန် updateလုပ်နေဖို့တော့လိုအပ်ပါတယ်။
  2. Improve Local Visibility (Local Community မှာသင့်လုပ်ငန်းကို ယခင်ထက်တိုးတက်လာစေတယ်)
    online business directories တွေမှာ မိမိသိလိုတဲ့ Informationတွေကိုသက်သက်ရှာပြီးကြည့်ရှုလို့ရခြင်းအပြင် သိချင်တဲ့ အချက်အလက်တွေနဲ့ကိုက်ညီတဲ့ တခြားအကြောင်းအရာတွေကိုပါ suggestလုပ်ပေးခြင်း စတဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့်ပဲ ကိုယ့်လုပ်ငန်းကို ပိုမိုသိသာထင်ရှားစေပြီး လုပ်ငန်းနဲ့ကိုက်ညီတဲ့ customer တွေ၊ client တွေရရှိစေနိုင်ပါတယ်။
  3. Attract New Customers (Customer အသစ်တွေကို ဆွဲဆောင်နိုင်တယ်)
    တချို့သော Online business directory တွေဟာ သူတို့ရဲ့ website အသုံးပြုသူများကို ပုံမှန်နဲ့မတူပဲကွဲပြားတဲ့ လုပ်ဆောင်ချက်တွေနဲ့ websiteကို အသုံးပြုရှာဖွေခွင့်ပြုပါတယ်။ ဥပမာအားဖြင့် နာမည်ကြီးတဲ့အချက်အလက်တွေ၊ မိမိဘေးပတ်ဝန်းကျင်မှာရှိတဲ့အရာတွေ၊အများကသတ်မှတ်ထားတဲ့ rating system တွေနဲ့ informationကိုရှာလို့ရပါတယ်။ နာမည်ကို သိမှရှာရမှာမျိုးမဟုတ်ပဲ တခြားသောအရာတွေကို မတူတဲ့နည်းလမ်းတွေနဲ့ informationတွေကို ရှာဖွေလို့ရတာကို ဆိုလိုချင်တာဖြစ်ပါတယ်။ သင်ပေးချင်တဲ့ သတင်းအချက်အလက်တွေကို websiteထဲမှာ ထည့်သွင်းလိုက်ရုံနဲ့ သိလိုတဲ့ userတွေဆီကို ရောက်သွားမှာပါ။ ဒီ directory က သင့်လုပ်ငန်းကို လိုအပ်တဲ့ informationတွေကို ရှာဖွေနေတဲ့ customerတွေ၊ userတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးပါလိမ့်မယ်။
  4. Increase Engagement (လုပ်ငန်းကို ကျယ်ပြန့်လာစေတယ်)
    ဖုန်းဆက်တာဖြစ်စေ၊ ဆက်သွယ်ရန် လိုအပ်တဲ့အချက်တွေကို ပေးပို့၍ပဲဖြစ်စေ၊ သင့်ဆီကိုလာရောက်တွေ့ဆုံတာပဲဖြစ်စေ စတဲ့အချက်တွေကို လုပ်နေရမှာထက် listing website ထားရှိခြင်းဟာ သင့်ဆီမှာ အလုပ်အပ်နှံချင်တဲ့ customerတွေအတွက် ပိုလွယ်ကူစေပါတယ်ပြီး အချိန်ကုန်လဲသက်သာစေပါတယ်။ အလုပ်လုပ်ရတာ ပိုမိုလွယ်ကူလာတာနဲ့အမျှ သင့်ရဲ့လုပ်ငန်းကိုလည်း ကျယ်ပြန့်လာစေမှာပါ။
  5. Promote Word of Mouth ( တစ်ယောက်စကားတစ်ယောက်နားနဲ့ သင့်လုပ်ငန်းကို လူသိများစေတယ်)
    သတင်းစကားတွေဟာ အမှန်တကယ်သုံးစွဲသူ (consumers)တွေမှတစ်ဆင့် အမြဲပြန်ကြားရတာဖြစ်ပါတယ်။ ခုဆိုရင်တော့ onlineပေါ်က review တွေပါပဲ။ သုံးစွဲသူတွေဟာ social media မှတစ်ဆင့် သူတို့ရဲ့ ထင်မြင်ယူဆချက်များကို တွေ့ကြုံခဲ့ရတာတွေပေါ်မှုတည်ပြီး လျင်လျင်မြန်မြန်နဲ့ ပြောပြနေနိုင်ပြီဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် website ထားရှိခြင်းဟာ သုံးစွဲသူတွေက သင့်လုပ်ငန်းနဲ့ပတ်သတ်ပြီးကောင်းမွန်တဲ့ reviewတွေကို လွယ်လွယ်နဲ့ဖော်ပြနိုင်ပါတယ်။
  6. Strengthen Your Reputation (မိမိလုပ်ငန်းကို ပိုမိုအောင်မြင်စေနိုင်ပါတယ်)
    တချို့စီးပွားရေးလုပ်ငန်းတွေဟာ website ထားရှိရာမှ negative reviewတွေရမှာကို စိုးရိမ်တတ်ကြပါတယ်။ဒါဟာလုပ်ငန်းအတွက်ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရ ကောင်းမွန်တဲ့ reviewတွေကိုလဲ မရစေနိုင်တော့ပါဘူး။ ပြဿနာရပ်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတာ သင်သိနေသ၍ poitive reviewတွေ ရလာမှာဖြစ်ပြီး အခြားသောမလိုလားအပ်တဲ့ reviewတွေကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် အမျိုးမျိုးသောreviewတွေအများကြီးရရှိထားခြင်းဟာ သင့်လုပ်ငန်းဟာ ဖုံးကွယ်ထားတာမျိုးမရှိတာကြောင့် ပိုနာမည်ကျော်ကြားစေနိုင်ပါသေးတယ်။
  7. Increase Brand Awareness ( သုံးစွဲသူတွေ ပိုသတိထားမိစေတယ်)
    Userတစ်ယောက်ဟာ လိုအပ်တဲ့ informationတွေကို online business directory မှတစ်ဆင့် ရှာဖွေနေစဉ်မှာ သက်ဆို်င်တဲ့ website listတွေကို ပုံများနဲ့အတိုချုံး ဖော်ပြထားတာကို တွေ့ရှိရမှာပါ။ ဒါဟာ သင့်ရဲ့ websiteကို click မလုပ်လိုက်ပေမဲ့လဲ သင့်လုပ်ငန်းရဲ့ wesiteကိုတော့ မြင်ကိုမြင်သွားမှာ အသေချာပါပဲ။ ဒီအချက်ဟာလည်း သင့်ရဲ့လုပ်ငန်းကို ပိုသတိထားမိပြီး ရင်းနှီးစေပါတယ်။
  8. Improve SEO (သင့်လုပ်ငန်းကို SEO မှတစ်ဆင့် ရှာဖွေခြင်း ပိုများလာနိုင်စေတယ်)
    ပထမဆုံးအနေနဲ့ ဒီနေရာမှာ SEOရဲ့ အဓိပ္ပာယ်ကို ရှင်းပြလိုပါတယ်။ SEO ရဲ့အရှည်ခေါက်ကတော့ Search Engine Optimization ပါ။ အရိုးရှင်းဆုံး ဖွင့်ဆိုရရင်တော့websiteတစ်ခု ကို Google က အပြည့်အဝနားလည်ပြီး လူတွေရှာဖွေလိုက်တိုင်း ထိပ်ဆုံးစာမျက်နှာမှာပေါ်အောင် သဘာဝအတိုင်းတွန်းပို့ပေးခြင်း လုပ်ငန်းရပ်ဖြစ်ပါတယ်။ Listing website လုပ်ခြင်းသည် SEOကိုအသုံးပြုပြီး သင့်websiteကို ရှာဖွေတာ မြင့်မားလာစေနိုင်ပါတယ်။ သင့်ရဲ့လုပ်ငန်းနဲ့ပတ်သတ်တဲ့ Informationတွေအတော်များများကို websiteထဲမှာ ထည့်သွင်းဖော်ပြထားမယ်ဆိုရင် usersတွေ ပိုပြီးမြင်ရလေဖြစ်ပါတယ်။ userတွေရဲ့ယုံကြည်မှုကို Googleကလိုချင်တာပါပဲ။ ဒါဆိုရင် သင့်ရဲ့ listing websiteက ထိပ်ဆုံးကိုပိုရောက်ဖို့ ပိုလွယ်ကူသွားပါပြီ။
  9. Show Up on the First Page of Google (Google ရဲ့ ပထမဆုံးစာမျက်နှာမှာ ဖော်ပြနိုင်မယ်)
    Googleရဲ့ ပထမဆုံးစာမျက်နှာမှာ သင့်ရဲ့ websiteပေါ်လာဖို့ အချိန်အနည်းငယ်တော့လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း နာမည်ကြီးတဲ့အခြားသော online business directory website တွေရှိနေပြန်ပါသေးတယ်။ ဒီwebisteတွေဟာ ဝင်ရောက်ကြည့်ရှုတဲ့သူတွေလည်း များပြီး Googleဖက်ကလည်းယုံကြည်မှုရှိတဲ့ siteတွေပါ။ သင့်ရဲ့websiteဟာ ဝင်ရောက်ကြည့်ရှုတဲ့သူတွေ၊ relevant searchesတွေ ပိုများလာရင် Googleရဲ့ ရှေ့ဆုံး စာမျက်နှာမှာ ပေါ်လာနိုင်ပါတယ်။

Online business directories မှာ ကြီးမားကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။
နည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ ဒါတွေကို မဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုအပ်လာပါပြီ။
ဒါကြောင့် လူကြီးမင်းတို့ပေးချင်တဲ့ information တွေအတွက် ကိုယ်ပိုင် website တစ်ခုကို ရယူလိုက်ပါတော့။
လူကြီးမင်းတို့လုပ်ငန်းအတွက် လိုအပ်တဲ့ website ကို Myanmar Event Hub ရဲ့ duoleaf team မှ တာဝန်ယူဆောင်ရွက်ပေးနေပြီဆိုတာကို သတင်းကောင်းပါးလိုက်ပါရစေ။
အထက်မှာဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေရရှိဖို့ Myanmar Event Hub မှ တည်ဆောက်နေတဲ့ event နဲ့ပါတ်သက်သော directory မှာ လူကြီးမင်းတို့ရဲ့ အောက်ပါလုပ်ငန်းများကို listing ထည့်သွင်းနိုင်ပါတယ်။

  • ပွဲကျင်းပသူ organizer များ
  • အစားအသောက်အတွက် Food catering
  • ဖျော်ဖြေရေးလုပ်ငန်းများ
  • ပွဲဆက်တင်တည်ဆောက်သူများ
  • ပွဲတင်ဆက်သူ MC များ
    စသဖြင့် ပွဲကျင်းပခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းလိုပါက soess@poppatech.com သို့ ဆက်သွယ်နိုင်ပါတယ်။ ပိုမိုသိရှိလိုပါက 0954000092 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။