Create a Wedding Planning Timeline

မင်္ဂလာပွဲအတွက် လိုအပ်တာတွေကို စီစဉ်ကြမယ်။
အရင်အပတ်တွေတုန်းကတော့ meetingတွေ၊ seminar တွေကို ပြင်ဆင်တဲ့အခါမှာ လိုအပ်တဲ့အချက်တွေကို ဖော်ပြခဲ့ပြီးပါပြီ။ ဒီအပတ်မှာတော့ Myanmar Event Hub ကနေ လာမယ့် ဝါကျွတ်မှာ မင်္ဂလာဆောင်ကြမယ့် ဇနီးမောင်နှံတွေပဲဖြစ်စေ၊ နောင်နှစ်တွေမှာ မင်္ဂလာပွဲပြုလုပ်ကြမယ့် မောင်နှံတွေ၊ ဒါမှမဟုတ် wedding planner တွေအတွက်ပဲဖြစ်စေ မင်္ဂလာပွဲစီစဉ်ရာမှာ ပြင်ဆင်ထားရမယ့် အချက်ကလေးတွေကို ပြောပြသွားမှာပါ။
မင်္ဂလာပွဲကျင်းပမယ့်နေ့ကတော့ သတို့သမီးတစ်ယောက်အတွက် အပျော်ဆုံးနေ့တွေထဲက တစ်ခုပါပဲ။ ဘယ်သူမဆို ကိုယ့်ရဲ့ မင်္ဂလာပွဲကို အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ ပြီးမြောက်ချင်တာပေါ့နော်။
ဒီအတွက်ကတော့ အစကနေ မင်္ဂလာပွဲကျင်းပမယ့်နေ့အထိ အရာအားလုံးကို သေသေချာချာ စီစဉ်ထားဖို့လိုပါတယ်။ အဓိကကတော့ အချိန်ပေါ့။
ဒါကြောင့် wedding planner ပဲဖြစ်ဖြစ်၊ ဇနီးမောင်နှံတွေပဲဖြစ်ဖြစ် အရင်ဆုံး စေ့စပ်ပွဲကျင်းပပြီးလို့ ပွဲကျင်းပတော့မယ်လို့ဆုံးဖြတ်ပြီးတာနဲ့ အစီအစဉ်စဆွဲသင့်ပါပြီ။
အချိန်အလုံအလောက်ယူပြီး ပြင်ဆင်သင့်ပါတယ်။ လက်တွေ့မကျပဲ အနားနီးမှကပ်စီစဉ်ရင်တော့ စိတ်ညစ်စရာတွေဖြစ်လာမှာပါ။
6 Tips to Get Organized for the Big Day
ပုံမှန်ဆို မင်္ဂလာဆောင်တွေအတွက် အချိန်က ၁နှစ်လောက် အချိန်ယူရပါတယ်။ ဒီအချိန်တွေမှာ ဘာတွေလုပ်ရမလဲဆိုတာကို ယေဘုယျအားဖြင့် အချက် (၆)ချက်နဲ့ ဖော်ပြပေးပါမယ်။

  1. To insure the engagement ring.
    စေ့စပ်လက်စွပ်ကို အာမခံထားခြင်း။ပျောက်သွား၊တစ်ခုခုထိခိုက်သွားမှာစိုးလို့ အာမခံထားကြတာပါပဲ။ ဒီအချက်ကတော့ မလိုလောက်ပါဘူး။ အနောက်နိုင်ငံတွေမှာတော့ လုပ်လေ့လုပ်ထရှိပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို အာမခံထားသလိုပါပဲ။
  2. Settle on a budget for planning the event and other costs.
    မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ငွေကြေးပမာဏနဲ့ အခြားသော ကုန်ကျစရိတ်များကို တွက်ချက်ထားရပါမယ်။ ဒီအချက်ကတော့ အရင်ဆုံးလုပ်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။
  3. Work out two or three potential wedding dates.
    မင်္ဂလာပွဲရက်တွေကိုတော့ နှစ်ရက် ဒါမှမဟုတ် သုံးရက် လောက်ရွေးထားပါ။ ဥပမာ ကိုယ်ရွေးထားတဲ့ရက်မှာ Hotel booking မရတတ်တာမျိုးတွေ၊ နောက်အခြားသော အကြောင်းအရာမျိုးတွေကြောင့် အစတည်းက နှစ်ရက်၊ သုံးရက် ရွေးထားပြီးတာက အလုပ်ရှုပ်သက်သာစေပါလိမ့်မယ်။
  4. Narrow down and check the availability of possible wedding venues.
    ပွဲကျင်းပမယ့်နေရာကို သေချာရွေးချယ်ပြီး အစောတည်းက booking လုပ်ထားပါ။အထူူးသဖြင့် ကိုယ်က Hotel ကြီးတွေမှာ ပွဲကျင်းပဖို့ ရည်ရွယ်ထားရင်တော့ အရင်ဆုံး Booking သာလုပ်လိုက်ပါတော့။
  5. Check the availability of a wedding photographer.
    မင်္ဂလာဆောင်မှာ ဓာတ်ပုံဆရာလည်း လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံဆရာကို အစောတည်းက ကြို booking လုပ်ထားပါ။
  6. Choose wedding dress according to the wedding plan.
    နောက်ဆုံးအချက်ကတော့ ဝတ်စုံပဲဖြစ်ပါတယ်။ ကိုယ်က ရိုးရာအတိုင်းမင်္ဂလာဆောင်မှာပဲဖြစ်စေ၊ အနောက်တိုင်းလိုဆောင်မှာပဲဖြစ်စေ၊ နှစ်ပွဲ သို့မဟုတ် သုံးပွဲ ကျင်းပချင်တာပဲဖြစ်စေ ကိုယ်လုပ်မယ့်ပွဲပေါ်ကို မှုတည်ပြီး ဝတ်စုံဒီဇိုင်းတွေကို ကြိုတင် စဉ်းစားပြီး ချုပ်တာပဲဖြစ်ဖြစ်၊ဝယ်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

မင်္ဂလာပွဲကျင်းပရာမှာ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူပြီး ပြင်ဆင်ရင်တော့ လုံလောက်ပါတယ်။
To-do list လေးတွေလုပ်ထားပြီး အဲ့ဒီထဲက အဆင့်တွေအတိုင်း step by step လုပ်သွားတာက ပိုအဆင်ပြေပါလိမ့်မယ်။ စိတ်ကူးထားတာတွေကို အစီအစဉ်မကျပဲလုပ်တာက သင့်ကို စမတ်မကျစေနိုင်ပါဘူးနော် ..
မင်္ဂလာပွဲမကျင်းပခင် ဘယ်အချိန်တွေမှာ ဘယ်လိုအချက်တွေကို ကြိုပြင်ဆင်ထားရမလဲ ??
• 10-12 months – ဖိတ်မယ့်ဧည့်သည်အရေအတွက်ကို ကြိုတင်တွက်ချက်ထားပြီးတော့ နေရာရွေးချယ်ဖို့သင့်ပါတယ်။ ပြီးရင်တော့ Booking လုပ်ထားဖို့ပါ မမေ့ပါနဲ့။
• 6-8 months – မင်္ဂလာပွဲဝတ်စုံ၊ ဖိနပ် နဲ့အခြားသော လိုအပ်တဲ့အရာတွေ ကို ပြင်ဆင်သင့်တဲ့အချိန်ပါ။ သတို့သား၊သတို့သမီးအပြင် အရံ၊ပန်းကျဲ၊ဗန်းကိုင် စသဖြင့် ကိုယ့်ရဲ့ မင်္ဂလာပွဲအစီအစဉ်အရ အဝတ်အစားတွေကို ပြင်ဆင်သင့်ပါတယ်။ ဒါ့အပြင် မင်္ဂလာပွဲမှာ ဖျော်ဖြေမယ့်တီးဝိုင်းကိုလည်း စီစဉ်သင့်ပါတယ်။
• 4-6 months – ပွဲမှာပေးမယ့် လက်ဆောင်ပစ္စည်းတွေ၊ အသွားအပြန်စီစဉ်တာ၊ နောက် honeymoonအတွက် ပြင်ဆင်သင့်တဲ့အချိန်ပါ။
• 2-4 months – အကျွေးအမွေးအစီအစဉ်ကိုလည်း ဟိုတယ်နဲ့ ဆွေးနွေးပြင်ဆင်ထားသင့်ပါတယ်။
• 1-2 months – ဖိတ်စာဝေဖို့ အကောင်းဆုံးအချိန်ပါ။ဒါ့အပြင် မိတ်ကပ်အတွက်လည်း ပြင်ဆင်ဖို့အချိန်ပါပဲ။ ကိုယ်ပြင်ချင်တဲ့ make up artistကိုကြိုပြီး booking လုပ်ထားပါ။ ပွဲတက်ရောက်မယ့်ဧည့်သည်အရေအတွက်အလိုက် လိုအပ်တာတွေကို ပြင်ဆင်ပါ။ ကိုယ့်ရဲ့ wedding plan အရ follow up လုပ်ရမယ့်အရာတွေကိုလည်း လုပ်ဖို့မမေ့ပါနဲ့။
• 1 week – ဒီအချိန်မှာတော့ သတို့သား၊သတို့သမီး အကြိုအပို့ အတွက် သေချာဆောင်ရွက်စီစဉ်သင့်ပါတယ်။ wedding plan အရ rehearsal လုပ်သင့်ရင် ဒီအချိန်က အကောင်းဆုံးအချိန်ပါပဲ။
တစ်နှစ်ဆိုတဲ့အချိန်လေးက ခဏလေးပါ။ ဒါကြောင့် သေသေချာချာ plan ဆွဲထားပြီး အစီအစဉ်အတိုင်းလုပ်ဆောင်ရင် စိတ်ဖိစီးရမှာမဟုတ်ပါဘူး။ ဒါအပြင့် ကြိုမမြင်ရတဲ့ အခြေအနေတွေအတွက် plan B လည်း ရှိထားသင့်ပါတယ်။
ဖော်ပြခဲ့တဲ့အချက်တွေကတော့ မင်္ဂလာပွဲတစ်ပွဲပြင်ဆင်တော့မယ့်ဆိုရင် ပုံမှန်အားဖြင့် လိုအပ်တဲ့အချက်တွေ၊လုပ်ဆောင်သင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ အစီအစဉ်တကျ လုပ်ဆောင်သွားမယ်ဆိုရင်တော့ ပျော်စရာကောင်းပြီး အမှတ်တရတွေနဲ့မင်္ဂလာပွဲတစ်ပွဲဖြစ်လာမှာပါ။