10 best tips to make the most your event wifi

ပွဲကျင်းပတဲ့အခါမှာ wifi ကတော့မရှိမဖြစ်လိုအပ်ပါတယ်။ အထူးသဖြင့် business meeting တွေလုပ်တဲ့အခါမျိုးမှာပေါ့။ အဲ့ဒီလို wifi ကအရေးပါတယ်ဆိုတာနဲ့ ဖြစ်သလိုလုပ်လိုက်လို့တော့မရပါဘူးနော်.. ဒီတစ်ခါမှာတော့ ပွဲအတွက် wifi ကိုစီစဉ်တော့မယ်ဆိုရင် ထည့်စဉ်းစား၊လိုက်နာသင့်တဲ့ အချက်တွေကို ပြောပြသွားမှာဖြစ်ပါတယ်။

  1. Learn the terms
    ပွဲတွေမှာ audio ပိုင်းနဲ့ ပတ်သတ်ပြီး ပွဲစီစဉ်သူတစ်ယောက်အနေနဲ့ လုံးဝမသိရင်တောင်
    အနည်းငယ်သိထားသင့်သလို wifi ကိုလည်း အနည်းငယ်တော့ တီးမိခေါက်မိရှိထားသင့်ပါတယ်။ Google ကနေ မဖတ်နိုင်ရင်တောင်မှ engineer တွေရေးထားတဲ့ wifi နဲ့ပတ်သတ်တဲ့ ဆောင်းပါးလေးတွေလောက်တော့ ဖတ်ထားပါ။ တကယ်လို့ ပွဲလုပ်တဲ့အချိန်အတွင်းမှာ break down ဖြစ်သွားရင် အနည်းငယ်တော့ နားလည်နေအောင်လို့ဖြစ်ပါတယ်။
  2. Think about event wifi needs
    Wifi တပ်ဆင်တာကတော့ ပွဲတိုင်းနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ သို့သော်လည်း ပွဲစီစဉ်သူအနေနဲ့ wifi တပ်မယ်လို့ စဉ်းစားလိုက်တာနဲ့ အရင်ဆုံး တချို့အရေးကြီးမေးခွန်းတွေပြန်မေးသင့်ပါတယ်။
    ပွဲစီစဉ်သူတစ်ယောက်အနေနဲ့ အရင်ဆုံးစဉ်းစားသင့်တာက နောက်တက်ရောက်မယ့်သူတွေက ဘာတွေလုပ်ကြမှာလဲ? Email စစ်ရုံလား သို့မဟုတ် gaming event တွေလိုမျိုးလား? နည်းပညာနဲ့ပတ်သတ်တဲ့ပွဲတွေလား ? Device ဘယ်လောက်အသုံးပြုမှာလဲ? စတဲ့အချက်တွေကို အရင်သိထားသင့်ပါတယ်။ဒါ့အပြင် ပွဲကိုတက်ရောက်မယ့် ဧည့်သည်တွေတင်သာမက presenter , exhibitor တွေကိုလည်း မေးသင့်ပါတယ်။ သူတို့မှာ presentation လုပ်မှာလား? Live streaming တွေလုပ်မှာလား? စသဖြင့်ပွဲပေါ်မှုတည်ပါတယ်။
    ဒါတွေပေါ်မှုတည်ပြီး ဘယ်လောက် MB ကိုတပ်ဆင်သင့်သလဲဆိုတာ သေချာစဉ်းစားပြီးမှ ကိုယ်နဲ့အဆင်ပြေမယ့် Internet service တွေကိုရွေးချယ်ပါ။
  3. Consider your event content
    ပွဲပေါ်မှုတည်ပြီး wifi လိုအပ်ချက်တွေက ပြောင်းလဲသွားမှာပါ။ တကယ်လို့များပွဲက media heavy event ဥပမာ Live streaming , quizzing စသဖြင့်ပွဲတွေဆိုရင်တော့ speed မြန်တဲ့ wifi ကလိုအပ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပေါ့ပေါ့ပါးပါး လိုအပ်တာသုံးရုံလောက်ပဲဆိုရင်တော့ MB နည်းတာကို တပ်ဆင်ပါ။
  4. Plan way ahead
    ပွဲစီစဉ်သူအနေနဲ့ wifi အတွက်ကြိုစဉ်းစားပြီး တပ်ဆင်ထားတာကိုတောင် တခါတလေကျ ပိုမြန်တဲ့ wifi လိုအပ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ပွဲပြုလုပ်နေတဲ့အချိန်မှာလည်း တချို့ audience တွေရဲ့ device တွေနဲ့ ချိတ်လို့မရတာ၊ wifi ပြတ်တောက်သွားတာ၊မီးပြတ်တာ အစရှိသဖြင့် အခက်အခဲတွေတွေ့ရဦးမှာပါ။ ဒါကြောင့် back up plan ကြိုစဉ်းစားထားဖို့လိုအပ်ပါတယ်။
  5. The need for speed
    Internet speed ကအရေးကြီးပါတယ်။ Wifi ကိုပိုလိုအပ်ရင်လိုအပ်သလောက်ကိုအရေးကြီးတာပါ။ ပျမ်းမျှအားဖြင့် audience တစ်ယောက်ကို device ၂ခုပဲထားပြီးတွက်ကြည့်ရင်တောင် လူအယောက် ၁၀၀ အတွက် အနည်းဆုံး 30 mbps လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဘယ်လောက် speed ကိုတပ်ရမယ်မှန်းမသေချာရင် internet service ကိုသာ သေချာမေးပြီးတပ်ဆင်ဖို့အကြံပြုလိုပါတယ်။
  6. Prioritize event wifi traffic
    ပွဲမှာ wifi အသုံးပြုသူများလာတဲ့အခါမျိုးမှာ wifi traffic ဖြစ်လာတက်ပါတယ်။ အဲ့ဒါကြောင့် ပွဲစီစဉ်သူတစ်ယောက်အနေနဲ့ ဘယ်သူတွေကို ဦးစားပေးမလဲဆိုတာစဉ်းစားထားသင့်ပါတယ်။ ဧည့်သည်တွေကလည်း အရေးပါပါတယ်။ ဒါပေမယ့် ဥပမာပြောရရင် ပွဲမှာ live streaming လုပ်မယ်ဆိုရင်တော့ streamer ကိုပိုဦးစားပေးသင့်ပါတယ်။
    Start with your program
    Wifi traffic ဖြစ်လာတဲ့အခါမျိုးမှာ ဘယ်လိုဖြေရှင်းမလဲဆိုတာကို wifi provider ကပိုသိပါလိမ့်မယ်။ ဒါကြောင့် သင့်ပွဲကျင်းပမယ့်နေရာ၊အချိန် နဲ့ ပွဲရဲ့ information ကို ပြောပြထားပါ။
  7. Use insights from previous events
    အရင်ကပွဲတွေမှာ အသုံးပြုခဲ့တဲ့ wifi provider ဆီက report တွေကိုပြန်ကြည့်ပါ။ အရင်ပွဲတွေမှာ ဘာတွေလိုအပ်ချက်ရှိသလဲ? ဘာတွေအဆင်မပြေခဲ့လဲ? Speed မြန်သင့်သလောက်မြန်ရဲ့လား? အစရှိသဖြင့် ပြန်သိနိုင်ပါတယ်။ ဒါက ပွဲစီစဉ်သူအတွက် နောက်ပွဲတွေမှာ အခက်အခဲမရှိအောင် ကူညီပေးပါတယ်။
  8. Ask questions to get the best event wifi
    ပွဲစီစဉ်သူတစ်ယောက်အနေနဲ့ wifi တပ်တော့မယ်ဆိုရင် wifi provider ကိုမေးသင့်တယ် မေးခွန်းတွေရှိပါတယ်။
    Essential
    ဒါကတော့ wifi speed, connection နဲ့ နေရာ အသေးစိတ်၊ တခြားသိလိုတဲ့အချက်လေးတွေမေးသင့်ပါတယ်။
    Quality of Life
    Wifi က portal သို့မဟုတ် Login screen ရှိရဲ့လား? ဘယ်လိုချိတ်ဆက်ရမလဲ? ဒါဆိုရင်တော့ အသုံးပြုရတာ ကြန့်ကြာနေမှာဖြစ်ပြီး ဒါကို remove လုပ်ဖို့ wifi provider နဲ့ ညှိနှိုင်းရပါမယ်။
    Technical questions
    ဥပမာပြောရရင် device ဘယ်လောက်ထိအသုံးပြုနိုင်သလဲ? Wifi မှာ access point ဘယ်လောက်ရှိလဲ? Tech support on site လား? စသဖြင့် မေးသင့်တဲ့ မေးခွန်းတွေကိုမေးပါ။
  9. Venue Negotiation
    Wifi quality နဲ့ ဈေးစသဖြင့် စိတ်ကြိုက်ဖြစ်သွားရင် စောစောတပ်ဆင်လိုက်ပါ။ ပွဲစီစဉ်သူတွေအနေနဲ့AV ရော wifi ရော ထောက်ပံ့ပေးတဲ့နေရာမျိုးကိုလည်း ရှာကြပါတယ်။ ဒါကလည်းအဆင်ပြေတဲ့နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် ကိုယ်တိုင်ကသေချာပြန်စစ်ဆေးဖို့လိုအပ်ပါတယ်။အထူးသဖြင့် Hotel wifi တွေဆိုရင် အသုံးပြုရတာအဆင်ပြေမှာမဟုတ်တာကြောင့် သတိထားစေလိုပါတယ်။
    တကယ်လို့ ပွဲပြုလုပ်မယ့် နေရာက provide လုပ်ပေးတဲ့ wifi ကိုပဲသုံးမယ်ဆိုရင် စာချုပ်မချုပ်ခင်တည်းက wifi က tech support on-site လား ? off-site လား? လိုအပ်တာတွေအတွက် charges ထပ်ယူဦးမှာလား? စတဲ့မေးခွန်းတွေကိုမေးပါ။
  10. Know when to hire specialists
    ပွဲကျင်းပမယ့်နေရာက wifi ကိုသုံးတာက ရွေးချယ်မှုတစ်ခုပါပဲ။ ဒါပေမယ့်အမြဲတမ်းအတွက်တော့မဟုတ်ပါဘူး။ များသောအားဖြင့် venue တွေက provide ပေးတဲ့ wifi က သတ်မှတ်ချက်ရှိပါတယ်။ ပွဲလာတဲ့သူတိုင်းသုံးလို့ရမှာမဟုတ်ပါဘူး။
    တကယ်လို့ ပွဲလုပ်နေရင်း wifi မရတော့ဘူးဆိုရင် ကိုယ့်ဟာကိုယ် wifi တပ်ဖို့ပြင်ဆင်ရတော့မှာပါ။ ပွဲပြုလုပ်တဲ့နေရာမှာလည်း wifi အတွက် support လုပ်ပေးဖို့လူမရှိဘူးဆိုရင် အခက်အခဲတွေအများကြီးရှိလာတော့မှာပေါ့။ ဒါ့အပြင် hotel wifi တွေဆိုရင် heavy သုံးလို့မရပါဘူး။ များသောအားဖြင့် ပေါ့ပေါ့ပါးပါးပဲသုံးရအောင်လုပ်ထားတာပါ။ ဒါ့ကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ wifi နဲ့ပတ်သတ်ပြီး သိနားလည်တဲ့ technician တစ်ယောက်ကို အရေးပေါ်အတွက်ခေါ်ထားသင့်ပါတယ်။

ပွဲတစ်ပွဲမှာ internet ,wifi ကနောက်ကွယ်ကနေပဲ အလုပ်လုပ်ဖို့လိုအပ်တဲ့အရာတစ်ခုပါ။ အဆင်မပြေရင်တော့ audience တွေသာမက ပွဲအတွက်လည်းအဆင်မပြေဖြစ်စေတာပေါ့။ ဒါကြောင့် wifi မတပ်ဆင်တည်းက သေချာပြင်ဆင်ပြီး အခြေအနေအမျိုးမျိုးအတွက် Plan ကြိုစီစဉ်ထားသင့်ပါတယ်။