အောင်မြင်တဲ့ပွဲစီစဉ်သူတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အချက်(၅)ချက်

Event management လုပ်မယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ event planner တစ်ယောက်မှာ ရှိသင့်တဲ့အချက်တွေရှိဖို့လိုအပ်ပါပြီ။ Event အမျိုးအစားတွေကတော့ အများကြီးပါပဲ။ Event management plan တွေ၊ team ဖွဲ့စည်းတာတွေ၊ event အတွက် marketing လုပ်တာတွေအပြင် အခြားသော skills တွေလည်း event organizer , planner တစ်ယောက်မှာလိုအပ်ပါသေးတယ်။
သေသေချာချာ၊စနစ်တကျ စီစဉ်တတ်ပါစေ

ပွဲကျင်းပရာမှာ အသေးစိတ်ကစပြီး သေချာစီစဉ်မှ အောင်မြင်နိုင်မှာပါ။ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်းဟာလည်း မရှိမဖြစ်လိုအပ်ပါတယ်။
Event planner တွေဟာ ပွဲတွေကို တပြိုင်နက်တည်းမှာပဲ ပြင်ဆင်ရတဲ့အခါတွေလည်း ရှိမှာပါ။တချို့ပွဲတွေဆို ပြင်ဆင်ချိန်ကြာတတ်ပါတယ်။ ဒါကြောင့်မို့ To-do list လေးတွေရေးထားပြီး သေသေချာချာတစ်ခုစီ လုပ်ဆောင်ဖို့အရေးကြီးပါတယ်နော်။
ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ပါစေ

Event planner တွေမှာ ပေါင်းသင်းဆက်ဆံရေးကောင်းမှု၊ သပ်ရပ်စွာဝတ်စားဆင်ယင်မှု၊ စကားအပြောအဆိုကောင်းမွန်မှု၊ တစ်ပါးသူစကားကို တလေးတစားနားထောင်နိုင်စွမ်း စတဲ့ အချက်တွေလုပ်နိုင်ရပါမယ်။ လူတွေနဲ့ စကားပြောရတာကလဲ ဒီအလုပ်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

ရှင်းလင်းပြတ်သားစွာ နားထောင်ပါ

လူတွေနဲ့ ကောင်းကောင်း ဆက်သွယ်နိုင်ဖို့က အလုပ်တိုင်းမှာ အရေးကြီးပါတယ်။ အနည်းငယ်လွဲချော်မှုတစ်ခုဟာ event planner, organizer အတွက်ရော၊client အတွက်ရော နှစ်ဖက်စလုံးအတွက် ပြသာနာများဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒီအတွက် clientတွေရဲ့ လိုအပ်ချက်ကို သချာနားလည်နိုင်ဖို့ နားထောင်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။ client နဲ့ဆက်သွယ်တဲ့အချိန်မှာ လိုအပ်တဲ့ အချက်တွေကို ဥပမာအနေနဲ့ဖော်ပြထားပါတယ်။
Creative ဖြစ်ဖို့လိုပါတယ်

Budget အများကြီးသုံးမရတဲ့ပွဲတွေမှာ ဖြစ်တဲ့နည်းနဲ့ အဆင်ပြေအောင်လုပ်ရမယ့်အချိန်မျိုးမှာ attendance တွေလည်း ကြိုက်အောင်၊ client ဘက်လည်းကြိုက်အောင် creative ဖစ်ပြီးအကြိုက်တွေ့အောင်လုပ်ဖို့လိုလာပါတယ်။ ပြသာနာတွေကို ဖြေရှင်းတဲ့နေရာမှာ သေသေချာချာ စဉ်းစားဆုံးဖြတ်နိုင်တာကလည်း ပွဲကို ထိရောက်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရရှိစေနိုင်ပါတယ်။

Multitasking
Event planning လုပ်ရင် လိုအပ်တာတွေအများကြီးရှိတာလေနော်.မတူညီတဲ့ အဆင့်တိုင်းမှာ ဆောင်ရွက်ရမဲ့ တာဝန်တွေအများကြီးရှိပါတယ်။Event planner တစ်ယောက်ဟာ တပြိုင်နက်တည်းမှာပဲ ကိုထိရောက်စွာ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို သေချာသိဖို့လိုပါတယ်။ ဒါကြောင့် multitasking skill ကလည်း လိုအပ်ပါတယ်။
ဒီအချက်တွေကတော့ event planner တစ်ယောက်အနေနဲ့ အခြေခံလိုအပ်တဲ့အချက်လေးတွေဖြစ်ပါတယ်။

#myanmareventhub

#eventonlinemedia

#DigitalMarketing