Event management တွေမှာအရေးပါတဲ့ 5 Cs.

အစကနေအဆုံးထိ event တစ်ခုကို စီစဉ်တဲ့ process မှာ C (၅)ခုကတော့ လိုအပ်ပါတယ်။ Event planner, organizer များအတွက် မဖြစ်မနေလိုအပ်တဲ့ 5 Cs ပါ။
1. Conceptualisation
i. အရေးကြီးတာက event ရဲ့ purpose ပါ။ ဘာကြောင့် (Why) ဒီပွဲကို ပြုလုပ်လိုတာလည်းဆိုတာသိဖို့လိုအပ်ပါတယ်။ Purpose ကိုသိမှ ပွဲနဲ့ပတ်သတ်တဲ့ theme တွေ၊ နေရာတွေ ဆက်ပြီးစဉ်းစားလို့ရမှာပါ။
ii. ဘယ်သူကလုပ်တာလဲ ( Who) ဆိုတာလည်းအရေးပါပါသေးတယ်။ ဒါကလည်း ပွဲနဲ့ ပတ်သတ်ပြီး creative ideas တွေကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။
iii. ပွဲကိုဘယ်နေ့ဘယ်အချိန်မှာလုပ်မှာလဲ (When) ဆိုတာလည်း ကြိုတွက်ချက်စဉ်းစားသင့်ပါတယ်။
iv. ကျင်းပမယ့်နေရာ(Where) လည်း အရေးကြီးပါတယ်။
v. Event က ဘယ်လိုပွဲမျိုးလဲ (What) ? Audiences ရဲ့ needs and wants တွေနဲ့လည်း ကိုက်ညီဖို့ အရမ်းအရေးကြီးပြီး purpose, အချိန်၊နေရာ၊ ကျင်းပမယ့်သူ (client) စတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ ပွဲမျိုးဖြစ်ဖို့လိုအပ်ပါတယ်။
2. Costing
ခန့်မှန်းကုန်ကျစရိတ်တွေကို တွက်ချက်ထားဖို့ အရမ်းအရေးကြီးပါတယ်။ expenses တွေအပြင် ရလာမယ့် profit ကိုလည်း ထည့်စဉ်းစားရပါမယ်။ ကုန်ကျစရိတ်တွေတွက်တဲ့နေရာမှာ ပစ္စည်းတွေဝယ်တာတင်မကပဲ ပေးရမယ့် services တွေအတွက် ကုန်မယ့်ပမာဏကိုပါ ထည့်တွက်ပါ။
3. Canvassing
Client အတွက် sponsors ရှာပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပွဲကြီးရင်ကြီးသလောက် sponsors ရှာတဲ့နေရာမှာ ကြိုတင်ပြင်ဆင်ရပါတယ်။ ဒါ့အပြင် ကိုယ်ရဲ့ targeted audiences, guests တွေကို ကြိုပြီး အသိပေးထားတာက audiences တွေအနေနဲ့ event ကို ပိုပြီးအချိန်ပေးနိုင်ပါတယ်။ ဒါကြောင့် social media ပေါ်မှာ ပွဲနဲ့ပတ်သတ်ပြီး ကြိုတင် အသိပေးထားတာမျိုးလုပ်နိုင်ပါတယ်။
4. Customization
Customization က customers, audiences တွေရဲ့ လိုချင်တာနဲ့ လိုအပ်ချက်တွေနဲ့ အညီလုပ်ဆောင်ပေးရမှာပါ။ ဒါ့အပြင် marketing အရ လုပ်ဆောင်ရမယ့် အချက်တွေနဲ့လည်း ကိုက်ညီဖို့လည်း လိုအပ်ပါတယ်။

5. Carrying out.
ဒီနောက်ဆုံးအဆင့်ကတော့ အထက်မှာ plan ခဲ့တဲ့အရာတွေကို တကယ်လုပ်ဆောင်ရမယ့် အဆင့်ပါပဲ။
Event management မှာ ဒီအချက် (၅)ချက်ပြီးရင်တော့ အောင်မြင်တဲ့ပွဲတစ်ခုကို ကျင်းပနိုင်မှာပါ။
Myanmar Event Hub ကနေ event နဲ့ ပတ်သတ်ပြီးသိသင့်သိထိုက်တွေကို အပတ်စဉ်ဖော်ပြနေပါတယ်။ ဒါကြောင့် page ကို အမြဲစောင့်ကြည့်နေဖို့မမေ့ပါနဲ့နော် ..

#myanmareventhub
#eventonlinemedia
#DigitalMarketing