Facebook ဟာ ဒီနှစ်တွေမှာ တခြား digital marketing channel တွေထက်စာရင် ပိုမိုသာလွန်နေရတဲ့ အကြောင်းအရင်း (၈)ချက်

8 Reasons Facebook Will Beat All Other Digital Marketing Channels
Facebook ဟာ ဒီနှစ်တွေမှာ တခြား digital marketing channel တွေထက်စာရင် ပိုမိုသာလွန်နေရတဲ့ အကြောင်းအရင်း (၈)ချက်
Marketing ဆိုတာဟာ စီးပွားရေးလုပ်တဲ့အခါမှာလိုအပ်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သင့်ဟာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တယ် ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးကို စတင်တော့မယ်လို့ဆုံးဖြတ်ထားရင်တော့ သင့်မှာ marketing strategy တွေ ရှိဖို့လိုအပ်နေတာ အသေအချာပါပဲ။
သင့်ရဲ့ လုပ်ငန်းအတွက် budget တစ်ခုချထားဖို့တော့ အရမ်းအရေးကြီးတယ်။ ဒီကနေမှ marketing channel တစ်ခုကို စအသုံးပြုပြီး Marketing လုပ်ကြည့်မယ်။ ပြီးရင် ROI (Return on Investment) ဘယ်လောက်ရင်းလိုက်လို့ အမြတ်ဘယ်လောက်ရလာသလဲဆိုတာကို ကြည့်ရမယ်။ နောက်တစ်ခုက ဒီရလဒ်တွေကိုကြည့်ပြီး ဆက်လုပ်သင့်လားဆိုတာကို လေ့လာရပါမယ်။ ဒါတွေကို facebook ကနေပဲ marketing လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာက facebook ကိုအသုံးပြုတဲ့သူ ပိုများတဲ့အတွက်ကြောင့် facebook advertisement တွေလုပ်တာက လုပ်ငန်းတွင်ကျယ်စေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး..
ကိုယ့်ရဲ့ productတွေကို social media တွေပေါ်မှာ အထူးသဖြင့် facebookပေါ်မှာ ကြော်ငြာတာက ဘာကြောင့် အသုံးဝင်တာလဲ ??
1. ကို်ယ် targetထားချင်တဲ့ audience ကို စိတ်ကြိုက်ရွေးချယ်လို့ရမယ်။
Facebook မှတဆင့် advertising campaign တွေက ကိုယ်သတ်မှတ်ချင်တဲ့ audienceအတွက်ပဲ လုပ်ထားတာဖြစ်တယ်။ ဒါကြောင့် facebook custom audience tool က အရမ်းအသုံးဝင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဒီ tool ဟာ marketer တွေအတွက် emails, UIDs, and phone numbers စတဲ့ contactတွေ uploadရာမှ အရေးပါပါတယ်။ အဲ့ဒီ contactတွေ ကနေတစ်ဆင့် သင်ဟာ audience တွေကို ကြော်ငြာနိုင်မှာဖြစ်တယ်။
သင့်ဟာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်မယ်ဆို သင့်မှာရှိတဲ့ contact အနည်းငယ်ကနေတဆင့် ပိုများတဲ့ သူတွေဆီကို သင့် product ကို ကြော်ငြာနိုင်မှာပါ။
2. ကုန်ကျစရိတ်အနည်းဆုံးအသုံးပြုပြီး လူသိအများဆုံးဖြစ်နိုင်တယ်။
အကယ်၍ သင့်ရဲ့ product သို့မဟုတ် business ကို online မှတဆင့် မိတ်ဆက်မယ်ဆိုရင် သင့်အနေနဲ့ လူတွေဟာ ဘယ် social media ကို ပိုအသုံးပြုလဲဆိုတာကို အရင် လေ့လာဖို့လိုတယ်။ ခုချိန်မှာဆိုရင် facebookဟာ သုံးစွဲသူ 1.79 billion ရှိတဲ့ အသုံးများတဲ့ platform တစ်ခုဖြစ်ပါတယ်။ Facebook မှာကြော်ငြာတာက Google မှာကြော်ငြာတာထက် ပိုအကုန်အကျနည်းပါတယ်။ ဒါ့အပြင် facebook video တွေတင်တဲ့အခါမှာလည်း YouTubeထက်စာရင် ဈေးနည်းပါတယ်။ သုံးစွဲသူတွေဟာ facebook ကို 90% လောက် အသုံးပြုကြပါတယ်။ ဒါကြောင့် သင်ဟာ facebook advertising မှာ ငွေကုန်ကြေးကျ မခံချင်ဘူးဆိုရင်တောင် ဒီအချက်က လျစ်လျူရှုထားဖို့မသင့်ဘူး။
3. Brand awareness ရအောင် facebook campaign တွေလုပ်သင့်ပါတယ်။
Brand awareness ရအောင် ads တွေ၊ campaign တွေလုပ်တာကို product ကိုစမိတ်ဆက်တဲ့အချိန်မှာတင် ပြုလုပ်သင့်တယ်။ အကြောင်းကတော့ facebook adsတွေ၊ campaign တွေဟာ userတွေရဲ့ reachနဲ့ attentionကို အသုံးပြုပြီး brand ကို လူသိများအောင်ဆွဲခေါ်သွားနိုင်တယ်။ အစောပိုင်းမှာ campaign တွေလုပ်ထားရင် နောက်ကျတော့ ပိုပြီး audience တွေများလာတာပေါ့။ အဓိကကတော့ brand ကို စိတ်ဝင်စားတဲ့သူတွေကို ပိုများစေပါတယ်။
4. Facebook Live
Facebook ပေါ်က video တွေဟာ customer ဝင်ရောက်ကြည့်ရှုတာ၊ shareလုပ်တာတွေရဲ့ အဓိက အရေးပါတဲ့အရာတစ်ခုပဲဆိုတာ ငြင်းလို့မရပါဘူး။ Facebook ပေါ်မှာ Live လွှင့်လို့ရတာကို ပြီးခဲ့တဲ့နှစ်တွေကပဲ စတင်မိတ်ဆက်ခဲ့ပါတယ်။ စီးပွားရေးအတွက်လည်း facebook live ကို အများကြီးအသုံးချလို့ရပါတယ်။
Customer တွေကို brand, product နဲ့ပတ်သတ်တဲ့ နောက်ကွယ်က အရာတွေကို share လုပ်လို့ရတဲ့ အရာတစ်ခုလည်းဖြစ်တယ်။ ဒါ့အပြင် အသစ်ထပ်လုပ်မယ့် product သို့မဟုတ် အကြောင်းအရာအသစ်တွေကို အမြည်းချပြလို့ရမယ်။ ပွဲတွေကိုလည်း တိုက်ရိုက်ကြော်ငြာလို့ရပါသေးတယ်။ Customer တွေဖက်က မေးခွန်းတွေကိုလည်း ကိုယ်တိုင် Live လုပ်ပြီး ဖြေကြားလို့ရတယ်။ ဒါကြောင့် product နဲ့ consumer တွေကြားမှာ တိုက်ရိုက်ထိတွေ့လို့ရသွားပါမယ်။
5. Chatbots
Chatbot ဆိုတာကတော့ messenger မှာ အလိုအလျောက် ပြန်ဖြေပေးတဲ့ system တစ်ခုပဲဖြစ်ပါတယ်။ Facebook ကိုအသုံးပြုပြီး စီးပွားရေးလုပ်တာ များလာတာနဲ့အမျှ facebook platform ပေါ်မှာ userတွေကလည်း ပိုမြင့်တက်လာမှာဖြစ်ပါတယ်။Facebook ပေါ်မှာ ကြော်ငြာတဲ့ brand တွေကို user တွေထိတွေ့တာများလာတာနဲ့အမျှ chatbot အသုံးပြုဖို့လည်း အရင်ကထက် ပိုလိုအပ်လာပါလိမ့်မယ်။ Chatbot မှာ ကိုယ့်ဖက်က ပေးချင်တဲ့ brand နဲ့ပတ်သတ်တဲ့ information တွေသာမက ပုံတွေ၊linkတွေ၊ဒါ့အပြင် ဖုန်းပါတစ်ခါတည်းခေါ်နိုင်မယ့်action တွေကိုလည်း ဖော်ပြထားလို့ရပါတယ်။ Customer ဖက်ကနေဆိုရင်းလည်း စောင့်စရာမလိုပဲ ချက်ချင်း reply လာတာမို့ ရောင်းတာဝယ်တာအဆက်မပြတ် ဖြစ်စေနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။
6. Customer feedback တွေကို မြန်မြန်သိရတယ်။
အရင်ကဆို ကိုယ့်ရဲ့ product သို့မဟုတ် service တွေနဲ့ပတ်သတ်ပြီး customer တွေဆီကနေ feedback လိုချင်တဲ့အခါမှာ ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ survey ကောက်တာပဲဖြစ်ဖြစ်လုပ်ရပါတယ်။ Facebook မှာတော့ comment တွေကို ဖတ်ရုံနဲ့ feedback တွေကို သိနိုင်ပါတယ်။ ဒါ့အပြင် review ရေးတာမျိုးတွေကိုပါ လုပ်လို့ရသေးတော့ ကိုယ့် brand ရဲ့ image နဲ့ product တွေကို လူတွေပိုသတိထားမိစေပါတယ်။
7. သုံးစွဲသူတွေရဲ့ သဘောသဘာဝ
Social media ရဲ့ အဓိကအားသာချက်တစ်ခုက ။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် feedbackတွေကို ပြန်ကြားရတာပဲဖြစ်တယ်။ ကုမ္ပဏီတွေမှမဟုတ်ပဲ facebookပေါ်မှာစီးပွားရေးလုပ်တဲ့သူတိုင်းက ဒီအချက်ကို အသုံးပြုပြီး user တွေကို brand influencer တွေအဖြစ် အသုံးချလို့ရတယ်။ ကိုယ့် product ကိုသုံးစွဲတဲ့သူတွေကိုကနေတဆင့် ပြန်ကြော်ငြာတာမျိုးပေါ့။ customer’s review တွေပြန် share တာမျိုး၊ customer ၁၀ယောက်မှာ ၉ယောက်လောက်က တဆင့်စကားတဆင့်နားနဲ့ စုံစမ်းဝယ်ယူကြတာပါ။ ကိုယ့် brand အတွက် customerကို ကြော်ငြာခိုင်းတာကလည်း အသုံးဝင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။
8. Facebook ရဲ့ ကျယ်ပြန့်လာမှု

Facebookဟာ အရင်နှစ်တွေကထက်စာရင် user နှစ်ဆလောက်တက်လာပါတယ်။ ဒါကြောင့် သင့်ရဲ့ content တွေ၊ ကြော်ငြာတွေကို ဈေးသက်သက်သာသာနဲ့ ပိုထိရောက်အောင်ကြော်ငြာလာနိုင်မှာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ facebook ကနေ features အသစ်တွေကို မိတ်ဆက်ခဲ့တယ်။
• Facebook Live Video
• Facebook Professional Services
• Facebook at Work
• Improved Search
• Uber/Lyft integration
• Facebook Shopping Tab
• Instant Articles
• Facebook Events
• Non-profit crowdfunding
• Music Stores စတဲ့ features တွေပဲဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်တွေအတွက် facebook ရဲ့ features အသစ်တွေဟာ တော်တော်အသုံးဝင်ပါတယ်။ ဒီ features တွေကို အသုံးပြုပြီးတော့ ကိုယ်လိုချင်တဲ့ marketing strategies တွေကို ချမှတ်လို့ရနိုင်တာကြောင့် ကိုယ့်ဖက်ကနေ လိုအပ်တာတွေကို ပြင်ဆင်ထားသင့်ပါတယ်။
Facebook ကနေတစ်ဆင့် စီးပွားရေးကို အတော်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လို့ရလာပြီဖြစ်တဲ့အတွက် အမြဲ update ဖြစ်ပြီး လေ့လာနေဖို့လိုအပ်ပါတယ်။

#myanmareventhub
#eventonlinemedia
#DigitalMarketing