Social Media and your events

Social media ပေါ်မှာ ခုဆိုevents တွေအများကြီးဖြစ်လာတာကို အားလုံးသတိထားမိကြမှာပါ.. ပွဲတွေဟာ ကိုယ့်ရဲ့ product ဒါမှမဟုတ် service အတွက် လူတွေရဲ့ awareness ကိုရဖို့၊ branding လုပ်ဖို့၊ အကျိုးအမြတ်တွေ ပိုများလာစေဖို့ ဒါ့အပြင် သုံးစွဲသူနဲ့ ကိုယ့် brand နဲ့ ကြားက connection ကိုတည်ဆောက်ဖို့အတွက် လုပ်ကြတာများပါတယ်။ Event တွေမှာလည်း ဝင်ကြေးမပေးရတဲ့ပွဲတွေကစလို့ လက်မှတ်ရောင်းတဲ့ပွဲတွေ၊ registration လိုအပ်တဲ့ပွဲတွေအထိ အများကြီးရှိပါတယ်။
အရင်ကဆို traditional marketing အနေနဲ့ သွားနေရာကနေ digital ခေတ်ကိုရောက်လာတဲ့အခါမှာ social media ကနေပဲ marketing လုပ်တော့တာမျိုးပေါ့။ ဒါဆို social media ပေါ်ကနေ ကိုယ့်ရဲ့ ပွဲကို attendance များအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကတော့ ကိုယ်ကဦးအောင်စဉ်းစားထားဖို့တော့ လိုနေပါပြီ။

Facebook ပေါ်မှာ event တွေကို create လုပ်ပါ။
ပထမဆုံးအနေနဲ့ social media ဆိုရင်တော့ ဒီမှာကတော့ Facebook က main ပါပဲ။ လူတွေ awareness ရဖို့၊ စိတ်ဝင်စားလာဖို့အတွက်ကတော့ ပွဲကို တတ်နိုင်သမျှစောစော create လုပ်ထားပါ။ဒါ့အပြင် ပွဲအတွက် page လည်းလုပ်ထားသင့်တယ်။ ကိုယ့်ရဲ့ personal account နဲ့မဟုတ်ပဲ page ကနေ ပွဲအတွက် discussion လုပ်တာ၊ post တွေရေးတာက ပိုသင့်တော်ပါတယ်။ Facebook တင်သာမကပဲ Instagram, LinkedIn စတဲ့နေရာတွေမှာလည်း event နဲ့ပတ်သတ်တဲ့ information တွေတင်နိုင်ပါတယ်။

Ads campaign တွေလုပ်ပါ။ postတွေအပြင် event ကိုပါ boost လုပ်တာမျိုး၊ တခြား campaign တွေ run တာမျိုး စတဲ့အရာတွေကို attendance ပိုများစေပါတယ်။ ဒါ့အပြင် event page ကနေ တိုက်ရိုက် boost လုပ်နိုင်ပါတယ်။ interest လုပ်ထားတာတွေ၊ location တွေပေါ်မှုတည်ပြီး ကိုယ်လိုချင်တဲ့ audience ကိုယ်စိတ်ကြိုက်လုပ်နိုင်တာမို့ ထိရောက်တဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။ ပွဲစီစဉ်ရတာက social media ပေါ်မှာ promote လုပ်ရတာတင်မကပဲ အပြင်မှာစီစဉ်ရတဲ့ကိစ္စတွေလည်းရှိပါသေးတယ်။ ဒါကြောင့် content တွေကိုကြိုပြင်ဆင်ထားပြီး schedule ပေးထားပါ။ သင့်ပါတယ်။

Contests တွေုလုပ်ပေးပါ။ Social media ပေါ်မှာ contest လေးတွေလုပ်ပေးတာကလည်း engagement ကောင်းစေတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းတွေကစားခိုင်းတာ၊ အဖြေကိုခန့်မှန်းခိုင်းပြီး အနိုင်ရတဲ့သူကို လက်မှတ် ဒါမှမဟုတ် လက်ဆောင်ပစ္စည်းတွေပေးတာက လူစိတ်ဝင်စားမှုများနိုင်တဲ့အပြင် attendance လည်းများနိုင်ပါတယ်။

Social media မှတဆင့် marketing လုပ်တာဟာ လွယ်ကူထိရောက်ပြီး financial investment လည်း တခြားနည်းလမ်းတွေထက် ပိုနည်းတဲ့အပြင် targeted audience ဆီကို တိုက်ရိုက်ရောက်ပါတယ်။ ဖော်ပြထားတဲ့နည်းလမ်းတွေက ကိုယ့်ရဲ့ event ကို ပိုပြီး awareness များလာစေဖို့၊ attendance များစေဖို့ အထောက်အကူပြုမှာပါ။

Facebook event တွေကို စောစော create လုပ်ထားတာအကောင်းဆုံးပါ။ လက်မှတ်ဝယ်ရမယ့်ပွဲတွေ၊ registration လိုတဲ့ပွဲတွေဆို ပိုပြီးလိုအပ်ပါတယ်။ ဒါ့အပြင် လူတွေကို အမြည်းကျွေးတာက ပိုစိတ်ဝင်စားနိုင်ပါတယ်။ Audience ကို ခန့်မှန်းခိုင်းတဲ့ post တွေ၊ သိချင်လာအောင် နှိုးဆော်ပေးမယ့် content or design တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Hashtag ပါပါစေ။ Hashtag တွေက Facebook မှာ သိပ်မသုံးကြပေမယ့်လည်း Twitter , Instagram တို့မှာ ပိုအသုံးများပါတယ်။ ကိုယ့်ရဲ့ content တွေမှာ hushtag တွေသုံးပေးခြင်းဟာ လူတွေကိုယ့်ရဲ့ event အကြောင်းကိုရှာတဲ့အခါမှာ အလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပြီး engagement လည်းပိုကောင်းပါတယ်။

Event create လုပ်ပြီးတာနဲ့ ပုံမှန် active ဖြစ်နေဖို့လိုအပ်လာပါပြီ။ ဒါမှ audience က information တွေကို အချိန်မရွေးဝင်ကြည့်ပြီးသိနိုင်မှာပါ။ Post တွေကိုလည်း အများကြီးတင်တာမဟုတ်ပဲ ပုံမှန် promote လုပ်ပေးသွားရုံနဲ့လုံလောက်ပါတယ်။

ဒီလိုနည်းပညာခေတ်ကြီးထဲမှာ Digital marketing နဲ့ social media ပေါ်မှာ လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းများကို လူအများဆီသို့ နည်းစနစ်မှန်ကန်စွာနဲ့ အချိန်တိုအတွင်းထိရောက်စွာ ကြေငြာပေးနိုင်ဖို့အတွက် ကျွန်တော်တို့ MEH ရဲ့ Professional Digital Marketing Team မှ တာဝန်ယူပေးပါရစေ။ အသေးစိတ်သိလိုပါက 09 954000092 (သို့) soess@poppatech.com သို့ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။

#myanmareventhub

#eventonlinemedia

#DigitalMarketing