၂၀၁၆၊ ဒီဇင်ဘာ(၃၀)ရက် မှ စတင်ကာ ၂၀၁၇ လွတ်လပ်ရေးနေ့အထိ ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ ရိုးရာဖျော်ဖြေပွဲများ၊ မြန်မာ့ရိုးရာ အစားအသောက်ဟင်းလျာများနှင့် မြန်မာမုန့်များကို ဆန်းသစ်တီထွင်ပွဲများ အစရှိသည်ဖြင့် ပြပွဲများကို ပုဂံမြို့ ရွှေစည်းခုံဘုရားကွင်းအတွင်း တစ်ပြိုင်တည်း ခမ်းနားစွာပြုလုပ်မည် ဖြစ်သောကြောင့် ပုဂံဒေသသို့ ကြွရောက်ပါရန် ဖိတ်ကြားပါသည်။
မြန်မာခရီးသွား လုပ်ငန်းရှင်များ အနေဖြင့်လည်း ထိုရာသီ၊ ထိုအချိန်တွင် ခရီးသွားအစီအစဉ်တစ်ခုအနေဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဖိတ်ခေါ်နိုင်ပါသည်။
ခရီးသွားလေ့လာသူများအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ထွက်ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာနိုင်ပြီး မြန်မာအစားအသောက်များကို စုံစုံလင်လင်တွေ့မြင်နိုင်ပါမည်။
မြန်မာအကအလှ ယဉ်ကျေးမှုနှင့် တူရိယာများကိုလည်း တဝကြီးလေ့လာနိုင်ပါမည် ဖြစ်သောကြောင့် လက်လွတ်မခံသင့်သော ပွဲမျိုးဖြစ်ပါသည်။
နေရာ – ရွှေစည်းခုံဘုရားကွင်း၊ ပုဂံမြို့။
နေ့ရက် – ၃၀ ဒီဇင်ဘာ ၂၀၁၆ မှ ၄ ဇန်နဝါရီ ၂၀၁၇။
အချိန် – နံနက် ၉ နာရီမှ ည ၉ နာရီအထိ။
ဆက်သွယ်ရန်လိပ်စာ – အမှတ်(၁၆၊အေ)၊ သင်္ဂဟလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန်ဖုန်း – 09420095297/0973105119/09795962934