Bagan Trade Show – မြန်မာ့ထုတ်ကုန်ပြပွဲကြီး

မြန်မာ့ထွက်ကုန် များနှင့် ထုတ်ကုန်အမျိုးမျိုး ကို စုစည်းပြသ မိတ်ဆက်ရောင်းချမည့် Bagan Trade Show အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ 30 ရက်နေ့ မှ စတင်ကာ ဇန်နဝါရီလ ၄ရက်နေ့ (လွတ်လပ်ရေးနေ့) အထိ ပုဂံမြို့ ၏ အထင်ကရ ရွှေစည်းခုံ ဘုရားဝင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်၊၊

မြန်မာနိုင်ငံတွင်ထုတ်လုပ်သော မည်သည့် ထုတ်ကုန်ပစ္စည်းမဆို ပါဝင်မိတ်ဆက်ပြသနိုင်ပါတယ်၊၊ထို့အပြင် မည်သည့်ဝန်ဆောင်မှုများမဆို ပါဝင်မိတ်ဆက်ခြင်းပြုလုပ်နိုင်ပါသည်၊၊

ထိုအချိန်သည်
(၁) ဒီဇင်ဘာလ ကျောင်းပိတ်ရက်ရှည်ဖြစ်ခြင်းကြောင့်မြန်မာနိုင်ငံအဝှမ်း မှ ပုဂံဒေသသို့ဘုရားဖူးလာသူများပြားခြင်း၊
(၂) ထိုဒေသများတွင်ရိုးရာ ဘုရားပွဲကျင်းပချိန်ဖြစ်ခြင်း၊
(၃) ခရီးသွားရာသီဖြစ်သောကြောင့် နိုင်ငံတကာမှ နိုင်ငံရပ်ခြားခရီးသွားများ ပုဂံဒေသသို့ အဝင်အများဆုံးအချိန်ဖြစ်ခြင်း၊
(၄)ပုဂံဒေသသို့ ရောက်သူတိုင်း လည်း ရွှေစည်းခုံဘုရားသို့ မဖြစ်မနေ မရောက်မရှိလာရောက်လည်ပတ်ကြခြင်း
တို့ကြောင့် ထိုအချိန်ကာလသည် ရွှေစည်ခုံနှင့် ပုဂံဒေသတွင် လူအများအပြားစည်ကားလျှက်ရှိပါသည်၊၊

ထိုကြောင့် ထိုအချိန်တွင် ကျင်းပပြုလုပ်မည့် Bagan Trade Show တွင် လုကြီးမင်းတို့၏မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသရန် အကောင်းဆုံးနှင့်ဈေးကွက် ဖောက်ရန် အသင့်တော်ဆုံးပွဲတော်ဖြစ်ပါသည်၊၊

Bagan Trade Show သည် သာမန်ဘုရားပွဲများကျင်းပသလို စီစဉ်ထားခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏
ကိုယ်ပိုင်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသားတိုင်းသာမက ကမ္ဘာအနှံမှ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားများကို ပါစွဲဆောင်နိုင်သော ၊ မြန်မာနိုင်ငံအနှံအပြားသို လူကြီးမင်း၏ ထုတ်ကုန်ကို မိတ်ဆက်ပြသနိုင်သလို ၊ကမ္ဘာဒေသ အရပ်ရပ်မှ မိတ်ဆွေများကိုပါ စွဲဆောင်ကာ ဈေးကွက်ဖော်ဆောင်နိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကထားကျင်းပရပါသည်၊၊

ထို့ကြောင် ဤ Bagan Trade Show၏ ထုတ်ကုန်များကို ပူးပေါင်းပါဝင်ပြသနိုင်ရန် အခွင့်အရေးတရပ်ဖြစ်ပါသည်၊၊

ယခုပွဲတွင် ပါဝင်ပြသမည့် လုပ်ငန်းထုတ်ကုန်အများစုမှာ

(၁) ကြယ်ပဲ ထုတ်ကုန်၊ထောပတ်သီး အစရှိသော စိုက်ပျိုးရေးထုတ်ကုန်များမှ ထုတ်လုပ်ထားသောကုန်ချောများ
(၂) ပဲဆီ ၊နှမ်းဆီ အစရှိသော မြန်မာ့ဆီ စစ်စစ်များ၊
(၃) ကော်ဖီ ၊ လဖက်ရည် ၊လဖက်ခြောက် လုပ်ငန်းများ၊
(၄) မြန်မာ့သနပ်ခါးထုတ်လုပ်သူများ၊
(၅) ပုံးရည်ကြီးလုပ်ငန်း နှင့် ယိုလုပ်ငန်းများ
(၆)ချည်ထည်၊ပိုးထည်များ၊ ပုဆိုးနှင့်တိုက်ပုံလုပ်ငန်းများ၊
(၇) မြန်မာ့လက်မှုပညာပစ္စည်းမျိုးစုံ
(၈) မြန်မာ့ဖိနပ်လုပ်ငန်းများ
(၉)အချိုရည်များ၊
(၁၀) မြန်မာအသင့်စား အစားအစာများ
(၁၁) လဘက်နှင့် အကြော်စုံလုပ်ငန်းများ၊
(၁၂) ဆန်လုပ်ငန်းများ၊
(၁၃) ဝန်ဆောင်မှုလုပ်ငန်းများ ၊
(၁၄) ဟင်းခတ်အမွှေးအကြိုင်များ ၊
(၁၅) ဆပ်ပြာ၊ သွားတိုက်ဆေးစသည့် နေ့စဉ်သုံး ပစ္စည်းများ၊
(၁၆) ပြည်တွင်းထုတ် အလှကုန်များ
(၁၇) မြန်မာ ဆေးဝါးများ
(၁၈) ယက်ကန်းထည် ၊တိုင်းရင်းသားရိုးရာ အဝတ်အထည်များ
(၁၉) ပြည်တွင်းထုတ် အသင့်စား အစားအစာများ
(၂၀) ဟော်တည်လုပ်ငန်းများ
(၂၁) ခရီးသွားလုပ်ငန်းများ

အစရှိသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုတိုင်းပူးပေါင်းပါဝင်နိုင်ပါသည်၊၊

ဖျော်ဖြေရေးအစီအစဉ်ကောင်းများအပြင်

တမူထူူးခြားစေသည်
Cooking Demo အစီအစဉ်များ

မြန်မာရိုးရာ အစားအစာနှင့် မြန်မာထမင်းဟင်းလက်ရာ ကောင်းများကို မြန်မာနိုင်ငံဧ၊၊် အကောင်းဆုံး စားဖိုမှုးများကလည်း ချက်ပြုတ်ပြင်ဆင်ပြသသွားပါမည်၊၊

မြန့်မာ့စားသောက်ကုန်များကိုမြန်မာသာမကပုဂံတွင်ရောက်ရှိနေသောနိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များကပါသိရှိခံစားနိုင်ပြီး၎င်းတို့မှတဆင့်ကမ္ဘာ့နိုင်ငံအသီးသီးသို့ပျံ့နှံ့သွားရန်ရည်ရွယ်ထားပါသည်၊၊

သို့အတွက်ကြောင့်မြန်မာ့အစားအသောက်များကိုမြန်မာပြည်ထွက်ကုန်ပစ္စည်းများဖြင့်ချက်ပြုတ်ပြသပြီးသိမှတ်ဖွယ်ရာများကိုပါဗဟုသုအဖြစ်ဖြန့်ဝေပြောကြားပေးသောအစီအစဉ်လည်းပါရှိပါသဖြင့်လက်မလွတ်သင့်သောအခွင့်အရေးကောင်းတခုဖြစ်ကြောင်းထပ်လောင်းတင်ပြချင်ပါသည်။

မြန်မာပြည်၏ထွက်ကုန်ထဲမှတခုဖြစ်သောချည်ထည်ပိုးထည်များကိုလည်းပြပွဲတစိတ်တဒေသအဖြစ်ပါဝင်ပြသနိုင်ပါသည်၊မိမိတို့၏ထုတ်ကုန်ကိုအမြို့မြို့အနယ်နယ်မှဘုရားဖူးများသာမကကမ္ဘာလှည့်ခရီးများကပါလေ့လာကြည့်ရှု့ဝယ်ယူနိုင်ပြီးမြန်မာ့ဂုဏ်ဆောင်နိုင်သည့်အပြင်ဈေးကွက်ချဲ့ထွင်ရာလည်းရောက်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းနာမည်ကျော်ထုတ်ကုန်အမျိုးမျိုးမှလည်း ထူးခြားသော promotion များ discount များ၊ လက်ဆောင်ပစ္စည်းများလည်း ကြွရောက်လာသူအားလုံးကို ပေးသွားမှာဖြစ်ကြောင်းကို လည်းသတင်းကောင်းပါးအပ်ပါတယ်၊၊

သို့ဖြစ်ပါသောကြောင့် 31.12.2016 ရက်နေ့တွင် နှစ်သစ်ကူး (happy new year) ကိုပျော်ပျော်ရွင်ရွင် ကျင်းပရင်း 4.1.2017 တွင်ကျရောက်သော မြန်မာ့လွတ်လပ်ရေးနေ့ပျော်ပွဲရွင်ပွဲများဖြင့်ပိတ်သိမ်းမည်ဖြစ်ပါသောကြောင့် အနယ်နယ် အရပ်ရပ်ရှိမိတ်ဆွေများကို ဖိတ်ကြားအပ်ပါသည်၊၊

နိုင်ငံခြားခရီးသွားများအတွက်လည်း Myanmar Traditional Food Tasting &Cooking Tour အစီအစဉ်ပါရှိပါသဖြင့် ပူးပေါင်းပါဝင်လိုသော Travel & Tour company နှင့် Agency များ အမြန်ဆုံးဆက်သွယ်ပါ၊၊

သတင်းယူလိုသည့် မီဒီယာများကြိုတင်ဆက်သွယ်ပါစေလိုပါသည်။

Bagan Trade Show (Bagan Myanmar Expo)

ပွဲတော်ကျင်းပရေးကော်မတီ

ဆိုင်ခန်းများရောင်းချရာနေရာ

အမှတ်(၁၆/A)သင်္ဂဟလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့၊၊

ဖုန်း- 09420095297
0973105119
09795962934
09779255283