တန်ဆောင်တိုင်ရုံးပိတ်ရက် လည်ပတ်စရာ (၁၂-၁၄ နိုဝင်ဘာ ၂၀၁၆)

တန်ဆောင်တိုင်ရုံးပိတ်ရက် ဖြစ်တဲ့အတွက် မီးထွန်းပွဲများ၊ ဘုရားပွဲတော်များ၊ ကြည့်ချင်ပွဲများကတော့ နေရာအနှံ့ပြည့်နေမှာ ဖြစ်ပါတယ်။ လပြည့်နေ့ဖြစ်တဲ့အတွက် ရွှေတိဂုံဘုရား၊ ကမ္ဘာအေးဘုရား စတဲ့ ရန်ကုန်မြို့ပေါ်ဘုရားတွေမှာလဲ လူစည်ကားနေမှာဖြစ်ပါတယ်။ တစ်ချို့ကလဲ တောင်ကြီးမြို့ မီးပုံးပျံပွဲကို သွားရောက်လည်ပတ်ကြပါတယ်။ ပြင်ဦးလွင်မြို့မှာလည်း မီးပုံးပျံပွဲတစ်ခုရှိပါတယ်။ နိုဝင်ဘာလ ဖြစ်တဲ့အတွက် သိပ်မအေးသေးဘဲ တောင်ပေါ်ဒေသတွေကို သွားရောက်လည်ပတ်ဖို့ရာ အချိန်ကောင်းပါ။ တန်ဆောင်တိုင်ပွဲတော်ရာသီဟာ မြန်မာတို့ရဲ့ ခရီးသွားရာသီတစ်ခုလဲ ဖြစ်ပါတယ်။ ခရီးမသွားဖြစ်ဘဲ မိမိရဲ့တန်ဆောင်တိုင် အားလပ်ရက်ကို ရန်ကုန်မြို့မှာပဲ အသုံးချမဲ့သူများအတွက် ပွဲတစ်ချို့ကို အသိပေးလိုပါတယ်။

ဒီတစ်ပတ်တော့ ပန်းချီဝါသနာရှင်များအတွက် မအားလပ်နိုင်အောင် ပန်းချီပြပွဲတွေ ရှိနေပါတယ်။ ကန်တော်ကြီး၊ ကရဝိတ်ခန်းမအနီးမှာ ဖွင့်လှစ်လိုက်တဲ့ မဟာဈာန်ပန်းချီပြခန်းမှာ မဟာပုဂံပန်းချီပြပွဲ ရှိနေပါတယ်။ ပြပွဲမှ ရောင်းရတဲ့ ပန်းချီကားများရဲ့ ၂၅% ကို ငလျင်ဒဏ်ခံ ပုဂံမြို့ဟောင်း ပြန်လည်ပြုပြင်ရေးအတွက် အသုံးချသွားမယ်လို ဆိုပါတယ်။ ပန်းချီကားလဲဝယ်ရင်း အလှုလဲ ဖြစ်နိုင်တာမို့ သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နောက်ပြပွဲတစ်ပွဲကတော့ သံလွင်လမ်း New Treasure Art Gallery မှာပြုလုပ်မဲ့ ပန်းချီဆရာကြီး ဦးသုခအမှတ်တရ ၁၂ ကြိမ်မြောက် ပန်းချီပြပွဲပါ။ ပန်းချီဆရာကြီးများ၏ ပန်းချီလက်ရာမွန်များကို ပြသရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချရသော ပန်းချီဆရာများမှ ဦးသုခဖောင်ဒေးရှင်းအတွက် ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ကနေစပြီး ၂၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။

ပန်းချီဆရာ ၆ ဦးစုပေါင်းပြသမဲ့ ဆဌဂံပန်းချီပြပွဲကိုတော့ ပြည်သူ့ရင်ပြင်၊ နက္ခတ္တာရာပြခန်းအနီးက Yangon Gallery မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပန်းချီဆရာများဖြစ်ကြတဲ့ တင်ဝင်း၊ သီးဇာ၊ မွန်သက်၊ စီအန်ကေ၊ စောလင်းအောင် နှင့် မော်မော်တို့ရဲ့ လက်ရာမွန်ပန်းချီကားများကို ပြသထားမှာ ဖြစ်ပါတယ်။ ပြပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ၊ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီခွဲအတွင်း ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

ဖျော်ဖြေရေးပွဲအနေနဲ့ ဦးညီထွဋ်နဲ့ အင်ပါယာအဖွဲ့၊ လှိုင်ဦးမော်၊ ဂျီလတ်၊ ဝေလတို့ ဖျော်ဖြေတင်ဆက်မဲ့ ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲရှိနေပါတယ်။ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ တန်ဆောင်မုန်းလပြည့်ည၊ ၁၄ နိုဝင်ဘာ ၂၀၁၆၊ ညနေ ၇ နာရီမှာ စတင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ ၁၁၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ City Mart ဆိုင်ခွဲများ၊ Ocean တာမွေနဲ့ ၉ မိုင်တို့မှာ လက်မှတ်ဝယ်ယူနိုင်ပါတယ်။ တစ်ခြား လက်မှတ်ဝယ်ယူနိုင်တဲ့ ဖုန်းနံပါတ်များကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

မန္တလေးနှင့် ပြင်ဦးလွင်က သူငယ်ချင်းများကတော့ ဒီတစ်ပတ် တန်ဆောင်မုန်းလပြည့်ညမှာ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားအနီး၊ မီးပုံးပျံကွင်းမှာ ကျင်းပမဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲကို သွားရောက်လည်ပတ်နိုင်ပါတယ်။ မီးပုံးပျံပွဲနဲ့အတူ ဖြူဖြူကျော်သိန်း၊ wanted၊ လင်းလင်း၊ အောင်ထက်၊ ပိုပို၊ ဂေဂေး၊ Dancer နှင့် တက်သစ်စအဆိုတော်များ ပါဝင်ဖျော်ဖြေမည့် တန်ဆောင်တိုင် ဂီတဖျော်ဖြေပွဲကြီး လည်းရှိနေပါတယ်။ ဝင်ကြေး ၈၀၀၀ ကျပ်ဖြစ်ပြီး လက်မှတ်များကို အောက်ပါဌာနများမှာ ဝယ်ယူနိုင်ပါတယ်။

မန္တလေး အရောင်းဌာန
မန်းသီရိတေးသံသွင်း
501 Fashion
လှိုင်တေးသံသွင်း
Ozone Fashion
တိရစ္ဆာန်ဥယဉ်(ရတနာပုံဂိတ်)

ပြင်ဦးလွင် အရောင်းဌာန
ဥသာကားလက်မှတ်အရောင်းဌာန
ဈေးလေးမီးပွိုင့် (KBZ Bank) အနီး

ပျော်ရွင်စွာဖြင့် မိမိတို့ရဲ့ ရုံးပိတ်ရက်လေးကို အသုံးချလည်ပတ်နိုင်ကြပါစေ။