• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

ဆရာမောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့်

  • Home
  • >> စာပေပွဲတော်>>
  • ဆရာမောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့်

အမှတ်တရ များစွာတို့နဲ့ မောင်သော်က

အခုလာမယ့် တနင်္ဂနွေနေ့ ( ၁၁.၆.၁၇) ဟာဆိုရင်တော့ ဆရာမောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့်ခဲ့ပါပြီ။
အာဏာရှင်အစိုးရ အဆက်ဆက်လက်ထက်မှာ မောင်သော်ကဆိုတဲ့ နာမည်ကို ပုံနှိပ်ဖို့ မဆိုထားနှင့် စကားပင် ဟဟ ပြောခွင့်မရခဲ့သည့် နာမည်တစ်ခုပင်။
သူဘယ်သူလဲ…
သူ ဘယ်လို သေသွားလဲ…
သူ ဘာတွေ ချန်ထားခဲ့သလဲ….
ရှစ်လေလုံး အရေးတော်ပုံကြီး အရှိန်အဟုန် မြင့်နေတဲ့ ကာလတစ်ခုဖြစ်တဲ့ သြဂုတ် ၂၄ ရက်နေ့ ၈၈ ခုနှစ်မှာ မြန်မာပြည်အတွက် ထူးခြားတဲ့ နေ့လေး တစ်နေ့ ဖြစ်ခဲ့ပါတယ်။
မြန်မာပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးတွေ့ဆုံ ဟောပြောတဲ့ နေ့လေးပါ။
အဆိုပါ သမိုင်းဝင်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ မားမားမတ်မတ်ရပ်နေခဲ့ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ကိုပါ မြန်မာပြည်သူလူထုနဲ့ မိတ်ဆက်ပေးခဲ့သူကတော့ ဆရာမောင်သော်ကပဲ ဖြစ်ပါတယ်။ (ဓာတ်ပုံမှာ အဆိုပါ ဟောပြောပွဲ မှတ်တမ်းပုံဖြစ်ပြီး ဆရာမောင်သော်က၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အတူတူ မတ်တပ်ရပ်နေသူကတော့ အကယ်ဒမီ ခင်သီတာထွန်းပဲ ဖြစ်ပါတယ်။)
တကယ်တော့ မောင်သော်ကဆိုတာ သရော်စာရေးရာမှာ သူမတူ ထူးချွန်တဲ့ ပညာရှင် တစ်ယောက် ဖြစ်သလို တပ်မတော် အရာရှိ (ရေတပ်) တစ်ဦးလည်း ဖြစ်ပါတယ်။
ကိုယ်တွေ့ အဖြစ်အပျက်များကို အခြေခံရေးသားခဲ့တဲ့ တိုက်ရေယာဉ် ၁၀၃ စာအုပ်ဟာ မြန်မာစာပေလောကအတွင် အထူးထင်ရှားခဲ့ပြီး ယနေ့တိုင် အကြိမ်ကြိမ် ရိုက်နှိပ်နေရတဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ ဘာသာပြန် ကဗျာများ၊ စာများ ရေးသာခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် တည်ထောင်သူ တစ်ယောက်ဖြစ်ခဲ့ပြီး အာဏာသိမ်းခံရတဲ့ အချိန်မှာတော့ နှစ်နှစ်ဆယ် အကျဉ်းကျခဲ့ပါတယ်။ ထောင်တွင်း တိုက်ပွဲများ ဆက်လက်ပါဝင်ခဲ့ရာမှ ဇွန်လ ၁၁ ရက် ၁၉၉၁ ခုနှစ်မှာ ရန်ကုန်ဆေးရုံကြီး အချုပ်ထောင်ထဲမှာ ကွယ်လွန်သွားခဲ့ရပါတယ်။
မျိုးဆက်သစ်များအနေနဲ့ ဆရာကြီး မောင်သော်ကရဲ့ အကြောင်းများကို သိရှိစေရန်အတွက် Yangon Book Plaza မှာ ဆရာကြီး မောင်သော်က ကွယ်လွန်ခြင်း အမှတ်တရ ပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်ထားရှိပါတယ်။
မောင်သော်ကအမှတ်တရ စာအုပ်ငယ်လေးကို လာရောက်သူတိုင်းအတွက် အခမဲ့ လက်ဆောင်ပေးသွားမှာဖြစ်ပြီး ဆရာမောင်သော်ကရဲ့ ရဲဘော်ရဲဘက်များကနေ အမှတ်တရများ ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။
အချိန်ကတော့ နေ့လယ် ၁ နာရီဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ (၁၁.၆.၁၇) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Yangon Book Plaza ရဲ့ လိပ်စာကတော့ ငါးလွှာ၊ သံဈေး၊ လမ်းမတော်လမ်း ဖြစ်ပြီး ၁၇ လမ်းရှိ သံဈေးဝင်ပေါက်မှာ လူစီးဓာတ်လှေကား သီးသန့် ရှိပါတယ်။


Yangon Book Plaza

ဆရာမောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့်

Yangon Book Plaza ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။ ၁၁ ဇွန် ၂၀၁၇၊ မွန်းလွဲ ၁း၀၀ နာရီ။

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်