၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ (ကမ္ဘာ့သဘာဝပတ်ဝန်း ကျင်နေ့ ) ကိုတရုတ်
နိုင်ငံမှာကျင်းပမှာဖြစ်ပြီး၊ဒီနှစ်အတွက် theme ကတော့ air pollution လေထုညစ်ညမ်းမှုဖြစ်တယ်လို့ကမ္ဘာ့ကုလသမဂ္ဂ ကကြေညာသွားခဲ့ပါတယ်။
လေထုညစ်ညမ်းမှုကြောင့်ကမ္ဘာအနှံ့အပြားရှိလူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းဟာသန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူ ရှိုက်ခွင့်မရကြဖူးလို့လည်းဆိုပါတယ်။ မော်တော်ယာဉ်အိပ်ဇောတွေကနေကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေထွက်ပေါ်နေသလို၊ စက်ရုံတွေကနေလည်းဆာလ်ဖာ ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များစွာ ထုတ်လွှတ်နေကြပါတယ်။
၂၀၁၆ ခုနှစ်ကမြန်မာနိုင်ငံကကျွန်မတို့ပန်းချီအနုပညာရှင် ၁၁ ဦးကို၊အခြားနိုင်ငံပေါင်း ၁၄ နိုင်ငံကအနုပညာရှင် ၁၀၀ခန့်နဲ့အတူ “Pulau Ketam International Art Festival 2016″ ကိုတက်ရောက်ဖို့ဖိတ်ကြားခြင်းခံခဲ့ရပါ တယ်။ Pulau Ketam ဟာကျွန်းတစ်ခုဖြစ်ပြီး၊ မလေးရှားနိုင်ငံ၊ Selangor က Port Klang ရဲ့ ပင်လယ်ကမ်းရိုးတန်း မှာတည် ရှိပါတယ်။ ဒီကျွန်းလေးကို ဒီရေတောတွေ ဝိုင်းရံနေကြတာကြောင့် ဒီအပင်တွေက လေထဲကနေကာဗွန်ဒိုင်အောက်ဆိုဒ်၊ကာဗွန်မိုနောက်ဆိုဒ်စတဲ့ဓာတ်ငွေ့တွေကိုစုပ်ယူ ပြီး၊ အောက်ဆီဂျင်ကိုပြန်ထုတ်ပေးပါတယ်။ ဒီကျွန်းလေးပေါ်မှာ ကားတွေ ၊ မော်တော်ဆိုင်ကယ်တွေလုံးဝမ ရှိတဲ့အတွက်လူတိုင်းဟာလမ်းလျှောက်သွားရင်သွား၊ ဒါမှမဟုတ်ရင်စက်ဘီးတွေ၊ bike တွေသာအသုံးပြုသွားလာကြရတာ ကြောင့် Pulau Ketam ကို လေထုညစ်ညမ်းမှုကင်းမဲ့ဇုံလို့ပြော နှိုင်ပါတယ်။
” Remembrance of Pulau Ketam ” art exhibition ရဲ့ရည်ရွယ်ချက်ကတော့လေထုညစ်ညမ်းမှုကင်းမဲ့တဲ့ Pulau Ketam ကိုချပြဖို့နဲ့၊ ကျွန်မတို့မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို လည်းထိန်းသိမ်းစောင့်ရှောက် နှိုင်ကြဖို့ပဲဖြစ်ပါတယ်။
Featuring Artists:
Myo Myint @ Lun Pe, Maung Thiha, Tin Maung Oo, Kyaw Soe, Than Htaik Burmese, Myint Aung, Myo Kyaw, Min Yin Thant, Shwe Thein, Aye Min, Khin Than Phyu