• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Yangon Farmers market #55

  • Home
  • >> Festival>>
  • Yangon Farmers market #55

ရန်ကုန် တောင်သူလယ်သမားဈေးကို အပတ်စဉ် စနေနေ့တိုင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လာလည်ဖူးသူတိုင်း တအားကို ပျော်ရွှင်ပြီးပြန်လာလေ့ရှိတဲ့ ဈေးလေး… မရောက်ဘူးသေးတဲ့သူတိုင်း လာလည်ချင်တဲ့ ဒီ တောင်သူလယ်သမား ဈေးနေ့လေးဟာ ဒီအပတ်ဆိုရင် ၅၅ ကြိမ်မြောက် ပြည့်ခဲ့ပါပြီ
ဒီအပတ်မှာလည်း မိတ်ဆွေတို့နှစ်သက်တဲ့ လယ်သမားတွေနဲ့ အစားအသောက်ဖန်တီးရှင်တို့ဟာ အကောင်းဆုံး အလတ်ဆတ်ဆုံး စားသောက်ကုန်များကို မိတ်ဆွေတို့စိတ်ကြိုက်ရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။

ပေါင်မုန့်များ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ပန်း၊ စိုက်ပျိုးပင်၊ ပျားရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည် နှင့် မနက်စာအဖြစ် မြန်မာမုန့်မျိုးစုံ နှင့် အခြားနိုင်ငံတကာအစားအစာ အမျိုးအမည်များစွာ ဟာ ရန်ကုန်တောင်သူလယ်သမားဈေးရဲ့ထုံးစံအတိုင်း မိတ်ဆွေတို့ကို ကြိုနေမှာပါ။

ဒီအပတ်မှာလည်း ကန်တော်ကြီးထဲက လှပတဲ့ ကရဝိတ်နန်းတော်ကြီးနားမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နတ်မောက်လမ်းနဲ့ ကန်တော်ကြီး ကန်ပတ်လမ်း ၂ နေရာကနေဥယျာဉ်အတွင်းဝင်ရောက်နိုင်ပါတယ်။ ကားရပ်စရာကျယ်ဝန်းတဲ့အပြင် ကလေးများအတွက် ကစားကွင်းများလည်းရှိပါတယ်။ ဥယျာဉ်ဝင်ကြေး တယောက်ကို ၃၀၀ ကျပ်သာပေးဆောင်ရမှာဖြစ်ပါတယ်။

ဈေးဝယ်ထွက်ခြင်း၊ မိတ်ဆွေများနဲ့တွေ့ဆုံခြင်း တို့အပြင် အဖွဲ့အစည်းအတွက် အထောက်အပံ့ပေးရင်းနဲ့ သင့်ရဲ့ စနေ့နေ့ မနက်ခင်းအချိန်ကို အသုံးချဖို့ ပြီးပြည့်စုံတဲ့ နေရာလေး ဖြစ် မှာပါ။ လတ်ဆတ်တဲ့ မနက်စာကို လည်း ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ပျော်ပျော်ပါးပါးသုံးဆောင်လို့လည်းရတယ်။

ပလပ်စတစ်ကင်းစင်အောင်ထိန်းသိမ်းတဲ့ ဈေးလေးဖြစ်တဲ့အတွက် မိမိပြန်လည်အသုံးပြုနိုင်တဲ့ ဈေးဝယ်တဲ့ အိတ်၊ခြင်း တို့အပြင် မုန့်များကို အိမ်သို့ဝယ်ယူလိုသူများအတွက်လည်း ချိုင့်လေးတွေယူလာခြင်းဖြင့် ပတ်ဝန်းကျင်ကို အတူတကွ ရေရှည်တည်တံ့နိုင်ဖို့ ကူညီလာလိုက်ကြရအောင်နော်….


Yangon Farmers market #55

ဇွန်လ ၁၅ရက်နေ့ မနက်(၈)နာရီမှ နေ့လည် (၁၂)နာရီထိ Kareweik Palace, Kareweik Compound Kandawgyi Lake,Mingalar Taung Nyunt Township

Organized by

Yangon Farmers Market

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်