• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

B2B အခမဲ့ စကားဝိုင်း

  • Home
  • >> Conference>>
  • B2B အခမဲ့ စကားဝိုင်း

Psychology of Persuasion B2B အခမဲ့ စကားဝိုင်းကြီး
Psychology of Persuasion ဆိုတာ အကြမ်းဖျင်းပြောရရင်တော့ မိမိဆွဲခေါ်ယူလိုတဲ့ အကြောင်းအရာတွေကို နားထောင်သူတွေ စိတ်ဝင်စားပြီး နားလည်လာအောင် လုပ်ရသော နည်းလမ်းမျိုးပဲ ဖြစ်ပါတယ်။ Psychology of Persuaion မှာ အချက် ၆ ချက်ရှိပါတယ်။
Reciprocity ဆိုသော အပေးအယူ – ကိုယ်က သူ့ဆီကလိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကိုယ့်ဘက်ကရော လိုချင်နေတဲ့ ပစ္စည်းနဲ့ တန်အောင် ဘယ်လောက်ပြန်ပေးနိုင်မှာလဲ???
Consistency ဆိုသော ကိုက်ညီမှု၊ ညီညွှတ်မှု – ဆုံးဖြတ်ချက်ချတဲ့အခါမှာ တော်တော်လေး အရေးပါပါတယ်။ အတင်းအဓ္ဓမ ခိုင်းစေတာမျိုး မဟုတ်ဘဲ အလိုအလျောက် လက်ခံလာအောင် မည်သို့၊ မည်ပုံ ပြောမှာလဲ???
Social Proof ဆိုတာက မိမိတင်ထားသော ပို့စ်မှာ ဘာတွေပါလဲဆိုတာထက် မိမိ၏ ပို့စ်က ဘယ်လောက်ထိ လူသိများကြပြီလဲ ??? သိပြီးသားလူတွေကရော မိမိပို့စ်ကြောင့် ဘာတွေပြောင်းလဲသွားကြပြီလဲ ???
Liking ဆိုတာကတော့ မိမိ၏ လုပ်ရပ်၊ ပို့စ်ကို ဘယ်လို တုံ့ပြန်ကြလဲ ???
Authority ဆိုတာ လုပ်ပိုင်ခွင့်၊ အာဏာရရှိအောင် ဘယ်လိုကြိုးစားမလဲ ???
Scarcity ဆိုတာကတော့ Psycho လေးနည်းနည်းရောပြီး မိမိလိုရာပန်းတိုင်ကို ရောက်အောင်သွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ လူတွေက မရှိလေ၊ ပိုလိုချင်ကြလေ ဆိုတဲ့ စကားအတိုင်း မိမိဖြစ်ချင်တဲ့အရာဖြစ်အောင် လျှော့သင့်တာလျှော့ ၊ တိုးသင့်တာတိုး နဲ့ မျှတအောင် ဘယ်လိုလုပ်ကြမလဲ ???
ယခုလို နည်းပညာမျိုးစုံ ၊ အရာရာခေတ်မှီနေတဲ့ လောကကြီးမှာ ရှင်သန်ရပ်တည်နိုင်ဖို့ Psychology of Persuasion ဆိုတာကို သေချာသိထားဖို့လိုပါတယ်။
ဒီစကားဝိုင်းမှာ
စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ကြီးမှူးဟောပြောပေးသွားမှာ ဖြစ်ပြီး
ကို Alex Khine (Digital Marketer)
မခင်နှင်းကြည်သာ (Author)
မခင်မြတ်မြတ်နိုင် (Food & Travel Blogger ; Go With Me)
မမေဇွန်ဝင်း (Travel Blogger ; I Love Travelling) က ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
ယခုလို ပြောင်းလဲတိုးတ်က်လာတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ Psychology of Persuasion ဆိုတာကို သေချာသိထားဖို့လိုပါတယ်။
တက်ရောက်သင့်တဲ့သူများကတော့
– ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပေမဲ့ ယုံကြည်ချက်ပျောက်ဆုံးနေသူများ
– အောင်မြင်တဲ့ အရောင်းသမားဖြစ်လိုသူများ
– တိုးတက်လာတဲ့ ခေတ်အလိုက် Digital Media ပေါ်မှာ မိမိ ကုန်ပစ္စည်း အမှတ်တံဆိပ် ထိုးဖောက်လိုသူများ စတဲ့သူတွေ တက်ရောက်သင့်တဲ့ပွဲဖြစ်ပါတယ်။

နေ့ရက် – ၂၃ ရက် ၊ ဇွန်လ ၊ ၂၀၁၉ ( တနင်္ဂနွေ)

အချိန် – နံနက် ၉း၃၀ မှ မွန်းတည့် ၁၂း၀၀ ထိ

နေရာ – Hotel Yangon (8 Miles) အမှတ် ၉၁/၉၃ ၊
Royal Ballroom,2nd Floor
ပြည်လမ်း နှင့် ကမ္ဘာအေးဘုရားလမ်းထောင့် ၊
၈မိုင် လမ်းဆုံ ၊ မရမ်းကုန်းမြို့နယ်။
စိတ်ပါဝင်စားသူ ဘယ်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
အောက်ပါနည်းလမ်းတွေထဲနေ တစ်ခုခုကိုသုံးပြီးစာရင်းပေးသွင်းနိုင်ပါတယ်။
-SMS Register- (အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီအမည်နဲ့ Email လိပ်စာတွေကို 09 785606060 (သို့မဟုတ်) 09 968557560
– Online Register – https://www.eventbrite.com/e/b2b-tickets-62909641431
အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ်တွေဖြစ်တဲ့
09 785606060/ 09968557560 ကို ဆက်သွယ်နိုင်ပါတယ်။


B2B အခမဲ့ စကားဝိုင်း

၂၃ ရက် ၊ ဇွန်လ ၊ ၂၀၁၉ ( တနင်္ဂနွေ) နံနက် ၉း၃၀ မှ မွန်းတည့် ၁၂း၀၀ ထိ Hotel Yangon (8 Miles) အမှတ် ၉၁/၉၃ ၊ Royal Ballroom,2nd Floor ပြည်လမ်း နှင့် ကမ္ဘာအေးဘုရားလမ်းထောင့် ၊ ၈မိုင် လမ်းဆုံ ၊ မရမ်းကုန်းမြို့နယ်။

Organized by

Myanamr B2B Management Magazine

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်