ပွဲစီစဉ်ရာမှာ တွေ့လေ့တွေ့ထရှိသောအမှားများ
အမှားတွေကတော့ မိမိတို့ရဲ့စီးပွားရေးမှာရော၊ကိုယ်ပိုင်ဘဝမှာပါ မှားယွင်းလေ့ရှိတာပါပဲ။ အမှားတွေကနေတစ်ဆင့် သင်ကြားရမှာပါ။ဒါပေမယ့် တူညီတဲ့အမှားကို နောက်တစ်ခါထပ်မလုပ်မိဖို့ကတော့ အရမ်းအရေးကြီးပါတယ်။
ပွဲစီစဉ်ရာမှာ ရှောင်ကျဉ်ရမယ့် လိုအပ်တဲ့အချက်တွေ၊တွေ့လေ့ရှိတဲ့အချက်တွေကို ဒီအပတ်မှာပြောပြသွားမှာဖြစ်ပါတယ်။
i. Not Getting Started Early Enough (လုံလောက်တဲ့အချိန်မယူပဲစတင်ခြင်း)
အချိန်ဆွဲခြင်းဟာ ဘယ်နေရာမှမကောင်းပါဘူး။ ဒီအချက်ဟာ ပွဲစီစဉ်ရာမှာ အတွေ့ရများတဲ့ အမှားတစ်ခုပဲဖြစ်ပါတယ်။ စီစဉ်ရမယ့် အရာတွေကို စောစီးစွာမပြင်ဆင်ခြင်းဟာ အနီးကပ်မှ စီစဉ်စရာရှိတာတွေကျန်နေတတ်တာမျိုးဖြစ်ပေါ်လာတတ်ပါတယ်။ ပွဲကျင်းပမဲ့ရက်ကိုရွေးချယ်ပြီးတာနဲ့ သင့်မှာပွဲအတွက်အသုံးပြုမဲ့ငွေကြေးပမာဏနဲ့ ပွဲအစီအစဉ်အကြမ်းဖျဉ်းရှိထားရပါမယ်။ ဟိုတယ်နဲ့တခြားသောပွဲကျင်းပရာနေရာတွေကို တတ်နိုင်သမျှမြန်မြန် Booking လုပ်ထားဖို့လဲလိုအပ်ပါသေးတယ်။ မဟုတ်ရင် နောက်ကျသွားလို့ Bookingနေရာမရတော့တာမျိုးဖြစ်တတ်ပါတယ်။
ပွဲမှာလာရောက်ဟောပြောမယ့်သူတွေ၊ ဖျော်ဖြေမယ့်သူတွေကို ကြိုတင်ရွေးထားပေးပါ။ပွဲမှာလိုအပ်တာတွေကို List ပြုလုပ်ထားတာကလဲ သင်ပြုလုပ်သင့်တဲ့အချက်တွေထဲကတစ်ခုပါပဲ။သင်လုပ်ဆောင်ရမယ့်အရာတွေကို deadlineတွေသတ်မှတ်ထားပါ။ဒါဆိုရင် သင့်အတွက်ပိုလွယ်ကူစေနိုင်ပါတယ်။
အချိန်မလုံလောက်ပဲ နောက်ကျမှ စီစဉ်စရာရှိတာတွေကိုစီစဉ်မိတာက အတွေ့ရဆုံးနဲ့အမှားအများဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။
ii. Not Checking for Competing Events (မိမိနဲ့အပြိုင်ပွဲများကို သတိမထားမိခြင်း)
ပွဲစီစဉ်ဖို့ရက်ကိုလဲ သတ်မှတ်ပြီးသွားပြီ။ အစီအစဉ်တွေလဲစတင်လုပ်ဆောင်နေပြီ။ ဒီအချိန်မှာ သင့်ရဲ့ပွဲနဲ့တစ်နေ့တည်းမှာပဲပြုလုပ်သွားမယ့်တခြားပွဲတွေရှိသေးလားဆိုတာကြည့်ရပါမယ်။ ပွဲတစ်ပွဲစလုပ်တော့မယ်ဆိုတာနဲ့ ဒီအချက်ဟာလဲမမေ့သင့်ပါဘူး။
နောက်မကျခင်တခြားပွဲတွေနဲ့တိုက်နေသလားဆိုတာစစ်ဆေးပါ။ထိုပွဲတွေ(ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ)ရပွဲကျင်းပမယ့်အချိန်ကို ကြည့်ရှုပါ။ အားလပ်ရက်တွေနဲ့ နီးတဲ့ရက်တွေကို သတိထားပါ။နောက် အားကစားပွဲတွေ၊ ယာဉ်ကြောပိတ်မှုဖြစ်စေနိုင်တဲ့ local gatherings တွေကိုလဲ စစ်ဆေးဖို့မမေ့ပါနဲ့။ ပွဲရက်ကိုသတ်မှတ်ပြီးသွားတာနဲ့ ပွဲကိုဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ပါဝင်မဲ့သူတွေကို ထိုနေ့ကို လာရောက်ဖို့အတွက် အကြောင်းကြားပေးဖို့ လဲလိုအပ်ပါတယ်။
iii. Not Confirming Vendors (ပါဝင်မဲ့ပါတနာတွေနဲ့သေချာစွာမစီစဉ်ထားခြင်း)
Partnerတွေဖက်က ပံ့ပိုးကူညီရမယ့် အရာတွေကို သင့်အနေနဲ့ ပိုပြီးသေသေချာချာ ပံ့ပိုးခိုင်းနိုင်မှာဖြစ်ပါတယ်။ Partnerများနဲ့အကြိမ်ကြိမ်အခါခါ တွေ့ဆုံညှိနှိုင်းပြီး နှစ်ဖက်လုံးသဘောတူညီမှသာ စာချုပ်ချုပ်ပါ။ဒီအချက်ဟာလဲ မှားတတ်တဲ့အမှားတစ်ချက်ဖြစ်ပါတယ်။
Event list ထဲမှာလဲ ဒီအဆင့်ကိုထည့်သွင်းဖို့လိုအပ်ပါတယ်။ဒါကသင်ကိုယ်တိုင်လုပ်ဆောင်ရမယ့် ကိစ္စမဟုတ်ပါဘူး။partnerဖက်က တာဝန်ယူထားတဲ့ကိစ္စကို သင့်အနေနဲ့ follow upပြန်လုပ်ပေးဖို့အတွက်ပါပဲ။Partnerတွေကသင့်ပွဲတစ်ခုတည်းတင်မကပဲ တခြားပွဲတွေနဲ့ပါ ပူးပေါင်းပါဝင်ထားတာမျိုးလဲရှိတတ်ပါတယ်။အဲ့လိုအခါမျိုးမှာ partnerတွေဖက်မှာ အရေးကြီးတဲ့စာချုပ်စာတမ်းတွေပျောက်တတ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ အလားတူကိစ္စရပ်တွေကနေရှောင်ရှားနိုင်အောင် ပွဲကျင်းပမဲ့အချိန်၊နေရာ၊partnerတွေဖက်က ပံ့ပိုးပေးမဲ့ serviceတွေကို သေချာစစ်ဆေးဖို့အရေးကြီးပါတယ်။ထို့နောက် partnerတွေနဲ့ပတ်သတ်တဲ့စာချုပ်ကို အလွယ်တကူအဆင်သင့်ဖြစ်အောင် အမြဲထားဖို့လိုအပ်ပါတယ်။
iv. Not Having a “Plan B” (Plan B မရှိခြင်း)
ပွဲပြုလုပ်တဲ့အချိန်မှာ တခြားမလိုလားအပ်တဲ့ပြသာနာတွေလည်း ရှိလာနိင်ပါသေးတယ်။ထိုပြသာနာတွေကိုဖြေရှင်းဖို့ တခြားplan တစ်ခုလည်းရှိထားသင့်ပါတယ်။ အထူးသဖြင့် outdoorမှာ ပြုလုပ်မဲ့ပွဲတွေမှာသတိထားသင့်တဲ့အချက်ပါ။ ရာသီဥတုအခြေအနေကိုခန့်မှန်းဖို့ခက်ပါတယ်။ ဒါကြောင့် သင့်မှာ backup plan ရှိကိုရှိသင့်ပါတယ်။မိုးရွာတဲ့နေ့တွေ၊ တခြားပွဲကျင်းပလို့ရမယ့် နေရာတွေ၊ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ တခြားအကြောင်းအရာများကြောင့်ဖြစ်ဖြစ်ရွှေ့ပြောင်းရမယ့်အချိန်တွေမှာ လိုအပ်တဲ့ အစီအစဉ်တွေဟာ သင့်ပွဲမှာမပါမဖြစ်ထည့်သွင်းစဉ်းစားသွားရမယ့်အရာတွေပဲဖြစ်ပါတယ်။
ဒါ့အပြင်လျှပ်စစ်မီးအခြေအနေ၊ကားပါကင်၊ဟိုတယ်အခန်းများ၊တခြားဖြစ်ပေါ်စေနိင်တဲ့အကြောင်းအရာတွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ Planစီစဉ်ထားခြင်း၊ကြိုတင်စဉ်းစားပြင်ဆင်ထားခြင်းတွေက သင့်ကို ဖြစ်လေ့ရှိတဲ့အမှားတွေကနေ ရှောင်ရှားစေနိုင်ပါတယ်။
v. Not Hiring Enough Help (လုံလောက်တဲ့အကူအညီမရှိခြင်း)
ပွဲကျင်းပဖို့အတွက် ဝန်ထမ်းတွေငှားတဲ့အခါမှာ များလေကောင်းလေပါပဲ။ သင့်အတွက်ကုန်ကျစရိတ်ပိုကောင်းပိုနိုင်ပါတယ်။ဒါပေမဲ့ ပွဲကျင်းပတဲ့အချိန်မှာ စိတ်ချရစေပါတယ်။ သင့်မှာဝန်ထမ်းတွေအများကြီးရှိတာကြောင့် အလုပ်များတဲ့အချိန်မှာ သူတို့ကသင့်ကိုကူညီနိုင်ပါတယ်။ လိုအပ်တဲ့service တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ဖြစ်ပေါ်လာနိုင်တဲ့ပြသာနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါမှမဟုတ် ပွဲတတ်ရောက်လာတဲ့ဧည့်သည်တွေကို အဆင်ပြေအောင် ကူညီပေးနိုင်ပါသေးတယ်။
ဒါတွေကပွဲကိုပိုပြီးကောင်းမွန်တဲ့ရလဒ်တွေရရှိစေနိုင်မှာပါ။
ဝန်ထမ်းတွေခေါ်တဲ့အခါမှာလည်း စိတ်ပါဝင်စားမှုရှိပြီး မိမိရဲ့ပွဲနဲ့ကိုက်ညီမယ့် volunteers လေးတွေငှားလို့ရပါသေးတယ်။ဒါကြောင့် volunteerတွေငှားဖို့ကိုလည်းအကြံပြုလိုပါတယ်။ partnerဖက်မှ ပံံ့ပိုးကူညီထားတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်၊သင်ကိုယ်တိုင်ရွေးချယ်ငှားရမ်းထားတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ် သူတို့ကို ပွဲရဲ့အဓိကပြုလုပ်ရခြင်းရည်ရွယ်ချက်၊တက်ရောက်မယ့် ဧည့်သည်တွေ၊သင်မျှော်မှန်းထားတဲ့ရလဒ်တွေကိုသေချာစွာ ရှင်းပြသင့်ပါတယ်။ ဆန့်ကျင်တတ်တဲ့ဝန်ထမ်းတစ်ယောက်ဟာ ဧည့်သည်တွေအတွက်ရော၊partnerတွေအတွက်ရော၊နောက်ပြုလုပ်မယ့်ပွဲတွေအတွက်ကိုပါ မသင့်တော်ပါဘူး။
အခုဖော်ပြခဲ့တဲ့အချက်တွေကတော့ မှားလေ့မှားထရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။ဒီအချက်တွေကို သတိထားလုပ်ဆောင်ဖို့အကြံပြုလိုပါတယ်နော်။