မြန်မာတို့၏ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုများစွာ ပါဝင်ပြသသွားမည့် LOTTE Hotel Yangon နှင့် SIGNATURE Weddings & Events Planning တို့မှ ကြီးမှူးကျင်းပသော “Feel The Pure & Elegant Style” LOTTE WEDDING SHOW ပွဲကြီးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၆ရက်နေ့ နှင့် ၇ ရက်နေ့) စနေ၊ တနင်္ဂနွေနေ့များတွင် နိုင်ငံကျော် ဒီဇိုင်နာများ၏ နောက်ဆုံးပေါ် မင်္ဂလာဝတ်စုံ ဒီဇိုင်းများ၊ ပရော်ဖက်ရှင်နယ် မိတ်ကပ်ပညာရှင်များ၏ မိတ်ကပ်လိမ်းခြယ် ပြင်သမှုများ၊ သပ်ရပ်လှပပြီးဆန်းသစ်သော လက်ဝတ်ရတနာများနှင့် ဖျော်ဖြေရေးအစီအစဉ်များစွာဖြင့် ကျင်းပသွားမည်ဖြစ်ပါတယ်။
တန်ဖိုးထား ချစ်ခင်ရသော မင်္ဂလာမောင်နှံများအတွက် မင်္ဂလာပွဲများ အဆင်ပြေချောမွေ့စေရန်နှင့် လိုအပ်သော ဝန်ဆောင်မှုများကို အချိန်အများကြီးပေးစရာ မလိုဘဲ တနေရာတည်းမှာ လွယ်ကူစွာ လေ့လာစုံစမ်းနိုင်ရန်လည်း ရည်ရွယ်ပြီး ပါဝင်ပြသထားသော ဆိုင်ခန်းပေါင်းများစွာဖြင့် ယခုလို ကြီးကျယ်ခမ်းနားစွာ ကျင်းပရခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ပြပွဲအတွင်း စနစ်ကျသော မင်္ဂလာပွဲ အစီအစဉ်များအတွက် Show Program များ၊ ခမ်းနား ထည်ဝါသော ခန်းမအပြင်အဆင်များ၊ နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသော မီးအလင်းအမှောင်စနစ်များ၊ ပန်းအလှ ပြင်ဆင်ထားမှုများ နှင့် ငြိမ့်ညောင်းသာယာသော တေးဂီတများဖြင့်လည်း နားဆင်နိုင်ရန် “Feel The Pure & Elegant Style” LOTTE WEDDING SHOW ပွဲကြီးမှ ပြင်ဆင်ထားပါတယ