နည်းပညာတွေ အချိန်နှင့်အမျှ တိုးတက်လာတာနှင့်အတူ စီးပွားရေး နည်းစနစ်နှင့် အလုပ်အကိုင်ပုံစံတွေပါ တိုးတက်ပြောင်းလဲလာပါတယ်။
အဲ့ဒါကြောင့်လည်း ဒီခေတ်ကြီးထဲမှာ ကိုယ်စွမ်းကိုယ်စ ပြည့်စုံလာအောင် ပြင်ဆင်မွမ်းမံနေရုံနဲ့ မလုံလောက်တော့ဘဲ တစ်ဖက်မှာလဲ ပြောင်းလဲလာတဲ့ စီးပွားရေးပုံစံသစ်များကို သိရှိနားလည်အောင် လေ့လာထားသင့်ပါတယ်။
ဒါကြောင့်မို့လို့ စိတ်ကူးစိတ်သန်းကောင်းသော လူငယ်လူရွယ်များအတွက် မြန်မာနိုင်ငံ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ ချိတ်ဆက်ရဲ့ Co-founder | CEO Honey Mya Win မှ Gig Economy and Myanmar talent ခေါင်းစဉ်ဖြင့် သူမရဲ့ အတွေ့အကြုံတွေကို မျှဝေဆွေးနွေးသွားမှာဖြစ်တဲ့အတွက် ဒီ Sharing Event ကို အခမဲ့လာရောက် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
စိတ်ဝင်စားသူများအနေနဲ့ 09962211018, 09750121495 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။