ShweProperty.com မှ ကြီးမှုးကျင်းပမည့် Yoma Bank Home Loan Expo @ Myanmar Plaza အိမ်ရာအရောင်းပြပွဲကြီး
ShweProperty.com နှင့် Yoma Bank တို့ပူးပေါင်းပြီးကျင်းပမည့် Yoma Bank Home Loan Expo @ Myanmar Plaza အိမ်ရာအရောင်းပြပွဲကြီးကို လာမယ့် July 6-7 | Myanmar Plaza (Promotion Area) မှာ ကျင်းပပေးသွားမှာဖြစ်ပါတယ်။
ဒီပြပွဲကြီးမှာ မိသားစုလစဉ်ဝင်ငွေ (၇) သိန်းရှိရုံဖြင့် အိမ်တစ်လုံးကို နှစ်ရှည်အရစ်ကျဝယ်ယူနိုင်မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အဆင့်မြင့်ဆုံးနဲ့ အထင်ကရအဖြစ်ဆုံးကွန်ဒိုတွေ၊ မီနီကွန်ဒိုတွေနဲ့ တိုက်ခန်းတွေကို အထူးပရိုမိုးရှင်းများ | ဘဏ်ချေးငွေနဲ့ဝယ်ယူနိုင်အောင် အကောင်းဆုံးကူညီပေးသွားဦးမှာဖြစ်ပါတယ်။
ပပွဲရက်အတွင်းရရှိမည့် အားသာချက်များ
မိသားစုလစဉ်ဝင်ငွေ (၇) သိန်းရှိရုံနဲ့ Yoma Home Loan လျှောက်ထား ဝယ်ယူနိုင်သည့် အထူးအခွင့်အရေး
တန်ဖိုးသင့် တိုက်ခန်းများ ၊ Mini – Condo များ ၊ အဆင့်မြင့်ကွန်ဒိုများကို အသက်သာဆုံးဈေးနှုန်းနဲ့ ဝယ်ယူနိုင်မည့် အခွင့်အရေး
သိန်း (၂၀၀) အထက် တိုက်ခန်းများအား (၁၅) နှစ်အရစ်ကျဖြင့် ဝယ်ယူခွင့် ၊ သိန်း (၄၀၀) ထက် မီနီကွန်ဒို ၊ အဆင့်မြင့်ကွန်ဒိုများအား (၂၅) နှစ်ထိ အရစ်ကျဝယ်ယူနိုင်မည့် အခွင့်အရေး
ဒါတွေအပြင်
Yoma Bank အိမ်ချေးငွေကဏ္ဍနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေကိုယ်တိုင် ဘဏ်ချေးငွေရယူနိုင်ဖို့ ပြပွဲအတွင်း တိုက်ရိုက် စီစဉ်ပေးခြင်း။
ဝယ်ယူသူများအတွက် TV ၊ ရေခဲသေတ္တာစတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းများလည်း လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။
Yoma Home Loan ရယူဖို့အတွက် လိုအပ်ချက်များ!!!
· လျှောက်ထားမယ့်သူများဟာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ အလုပ်အကိုင်နဲ့ လစာထောက်ခံချက်၊ ဘဏ်စာရင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက လုပ်ငန်းသုံးချေးငွေလိုအပ်ချက် စာရွက်စာတမ်းများလိုအပ်သည်။
· ရိုးမဘဏ်က သတ်မှတ်ထားတဲ့ လိုအပ်ချက်အထောက်အထားတွေနဲ့ ပြည့်စုံပါက ရက်သတ္တပတ် (၂)ပတ်၊ (၃)ပတ်အတွင်း ရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှုစစ်ဆေးခြင်းနဲ့ အိမ်ရာချေးငွေ ခွင့်ပြု မပြု ဆုံးဖြတ်ချက်ကို ရရှိမှာပါ။
ပြပွဲတက်ရောက်ဖို့ မည်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်သည်။စာရင်းသွင်းပြီးနောက် Shwe Property မှ လူကြီးမင်းတို့သိလိုသမျှ ဆက်သွယ်ရှင်းပြပေးသွားမှာပါ။
စာရင်းပေးသွင်းရန်နှိပ်ပါ=>http://bit.ly/2FsZgz1