• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

TEDxUM1Yangon

  • Home
  • >> Conference>>
  • TEDxUM1Yangon

TED သည် ကမ္ဘာပေါ်တွင် နည်းပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်းပညာ၊ စ်ီးပွားရေး နှင့် သိပ္ပံစသည့် နယ်ပယ်အသီးသီး တွင်အောင်မြင်နေသော လေးစားအားကျဖွယ် ပုဂ္ဂိုလ်များမှ ဆီလျော်သော idea များကို မျှဝေပေးသည့် အခမ်းအနားတစ်ခုဖြစ်သည်။ “Idea ကောင်းများကိုမျှဝေခြင်း” ဟူသောခံယူချက်အောက်တွင် ထိုစကားဝိုင်းများကို TED Talk ဟုခေါ်ကာ www.TED.com တွင် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ TED သည် “TEDx” ဟု ခေါ်သော ဒေသတွင်းကိုယ်ထူကိုယ်ထအဖွဲ့များဖွဲ့ကာ ted talk များကိုကျင်းပစေပါသည်။ TEDx ကို TED conference မှ တိုက်ရိုက် စီစဉ်ခြင်း မပြုသော်လည်း TED license အောက်တွင်ကျင်းပသော talk show ဖြစ်ပါသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံရှိတက္ကသိုလ်များအားလုံးအနက် ပထမဆုံးကျင်းပမည့် TEDxUM1Yangon ကို ဆေးတက္ကသိုလ်(၁)ရန်ကုန်က ဂုဏ်ယူစွာစတင် ကြီးမှုးကျင်းပမည် ဖြစ်ပါသည်။ ယခုပွဲတွင် ပြည်တွင်းပြည်ပမှ Ted ပရိသတ်များ အတွက် “မြန်မာနိုင်ငံမှ ဟောပြောသူများ၏ idea ကောင်း တို့ကို ထုတ်ဖော်မျှဝေရန်” အဓိကရည်ရွယ်ပါသည်။

TedxUM1Yangon သည်လေးစား အားကျဖွယ် ဟောပြောသူများထံမှ အကြံဉာဏ်ကောင်းများ၊ စိတ်ခွန်အားရဖွယ် အတွေ့အကြုံများကို ဆေးတက္ကသိုလ်(၁) ကျောင်းသားများ အခက်အခဲမရှိ လွယ်ကူစွာ နားဆင်နိုင်စေရန် အလွန်ချိုသာသော ဈေးနှုန်းဖြင့် တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းသာ ကျသင့်စေရန် စီစဉ်ကျင်းပပေးမည် ဖြစ်သည်။

TedxUM1Yangon Program တွင် တက်ရောက်သူ တစ်ဦးတစ်ယောက် ချင်းစီအတွက် မနက်စာနှင့် နေလည်စာများ အပြည့်အဝ စီစဉ်ပေးထားမည်ဖြစ်သည်။ Breakfast နှင့ Lunch break များအပြင် Social networking session များပါဝင်မည်ဖြစ်သောကြောင့် ထိုအချိန်တွင် မိမိနှစ်သက်သော speaker များနှင့် မိတ်ဆက်ကာစကားပြောချင်း၊ နယ်ပယ် အသီးသီးမှ တက်ရောက်လာသူများနှင့် ဆွေးနွေးဖလှယ်ချင်းများ လွတ်လပ်စွာပြုလုပ်နိုင်သည်။ စိတ်အားထက်သန် တက်ကြွသူများစုဝေးရာ ပွဲဖြစ်သည့်အတွက် social networking session မှတိုးပွား လာသော အသိမိတ်ဆွေများသည် မိမိဘဝ တွင် ရည်ရှည် လက်တွဲနိုင်သော လုပ်ဖော်ကိုင်ဖက်များဖြစ်လာနိုင်သေးသည်။

မိမိတို့ကျောင်းမှ အထူးသီးသန့် စီစဉ်ကျင်းပသည့် ဤပွဲကို ကျောင်းသားကျောင်းသူများအားလုံး ဂုဏ်ယူစွာတက်ရောက်ပြီး ဘဝတစ်သက်တာ စိတ်ဓာတ်ခွန်အားရစေမည့် idea များကို လာရောက်နားဆင်ရန် ဖိတ်ခေါ်အပ်ပါသည်။


TEDxUM1Yangon

ဇူလိုင်လ ၂၁ရက် တနင်္ဂနွေနေ့ မနက်(၉)နာရီမှ ညနေ(၃)နာရီအထိ University of Medicine 1 , Lamadaw Campus 245, Myoma Kyaung Street, Lanmadaw Township

Organized By

TEDx UM1Yangon

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • All Categories
  • Conference
  • Festival
  • Job Fair
  • Myanmar Literature Talks
  • Playground
  • ကုန်စည်ပြပွဲ
  • စာပေပွဲတော်
  • စာပေဟောပြောပွဲ
  • စားသောက်ကုန်ပြပွဲ
  • စာအုပ်ဈေးပွဲတော်
  • ဓါတ်ပုံပြပွဲ
  • ပညာရေးပွဲတော်
  • ပညာရေးဟောပြောပွဲ
  • ပန်းချီပြပွဲ
  • ပျော်ပွဲရွှင်ပွဲ
  • ပြပွဲများ
  • ဖျော်ဖြေရေးပွဲ
  • ရုပ်ရှင်ပွဲတော်
  • လူမှုရေးပွဲ
  • ဟောပြောပွဲ
  • အနုပညာပြပွဲ
  • အလုပ်အကိုင်ပြပွဲ
  • အားကစားပွဲ
  • အိမ်ခြံမြေပြပွဲများ
  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်