ပထမဦးဆုံး Microfinance Success Asia2019 အခမ်းအနားကို လာမယ့် ဇူလိုင်လ၂၃ရက်ကနေ ၂၄ရက်အထိ ရန်ကုန်မြို့ PARKROYALဟိုတယ် မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်း (MMFA) ရဲ့ လမ်းညွှန်မှုနဲ့အညီ ကျင်းပတဲ့ ဒီ အခမ်းအနားဟာ အာရှဒေသတွင်း အသေးစား ငွေရေးကြေးရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့ အဓိကထား ကျင်းပပြုလုပ်တဲ့ ပွဲအခမ်းအနားလည်း ဖြစ်ပါတယ်။
ဒီပွဲလေးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိပုဂ္ဂိုလ် (၁၅၀) ကျော်က “ရှေရှည်ဖွံ့ဖြိုး တိုးတက်စေရန် စီမံခန့်ခွဲခြင်းနှင့် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိသည့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းတစ်ခုအတွင်းရှိ အကျိုးသက်ရောက်မှုများ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်နဲ့ဆိုင်တဲ့ ဆွေးနွေးတွေ့ဆုံမှုတွေ ပြုလုပ်သွားမှာပါ။ လုပ်ငန်းနယ်ပယ်အတွင်းက ဦးဆောင်အခမ်းအနားဖြစ်တဲ့ ဒီပွဲလေးအကြောင်း အသေးစိတ်နဲ့ တက်ရောက် စာရင်းပေးသွင်းဖို့ https://microfinancesuccess.com/register-now မှာ ကြည့်နိုင်ပါတယ်။