မြန်မာနိုင်ငံမှာ ဘယ်လို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပါသလဲ။ “မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပမယ့် အမေရိကန်စင်တာ လူငယ်ဖိုရမ်မှာတက်ရောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တာတွေကို ဦးဆောင်ဆွေးနွေးကြမယ့်သူတွေဆီကနေ လေ့လာနိုင်သလို သင်တို့ရဲ့အမြင်တွေကိုလည်း မျှဝေပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဆွေးနွေးပွဲကို ဂျူလိုင်လ၂၃ ရက်၊ အင်္ဂါနေ့၊ ညနေ ၄း၃၀ ကနေ ၆း၀၀ အထိ ကျင်းပမှာဖြစ်ပြီး Dr. Min Zaw Oo (Executive Director, Myanmar Institute for Peace and Security), Ying Lao (Deputy Director, Salween Institute for Public Policy) နဲ့ Aung Kyaw Thein (Political Economist) တို့က ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး အမေရိကန်သံရုံး နိုင်ငံရေးရာဌာနက Sarah Grebowski က သဘာပတိပြုလုပ်မှာဖြစ်ပါတယ်။