he Perfect Kids’ Birthday Party

ကလေးတွေအတွက် မွေးနေ့ပွဲကျင်းပဖို့နည်းလမ်းများ

MEH ကနေ ဒီတစ်ခါမှာတော့ ကလေးမွေးနေ့ပွဲလုပ်မယ့်အခါမှာ လုပ်သင့်တဲ့အချက်ကလေးတွေ၊ idea လေးတွေကို ပြောပြသွားမှာပါဖြစ်ပါတယ်။
ကလေးတွေအတွက်မွေးနေ့ပွဲကျင်းပတာက မင်္ဂလာဆောင်အခမ်းအနားပြီးရင် ရှုပ်ထွေးမှုအများဆုံးလို့ပြောလို့ရပါတယ်။တချို့မိဘတွေက လူတွေအများကြီးနဲ့ ကလေးမွေးနေ့ကို ဖြတ်သန်းရတာကြိုက်ပါတယ်။ တချို့တွေကျတော့လည်း ကိုယ်နဲ့ရင်းနှီးတဲ့သူတွေနဲ့ပဲ ဖြတ်သန်းချင်တာပါ။
တကယ်တော့ ကလေးတွေက မိဘတွေလုပ်ချင်တဲ့ဘယ်ပွဲပုံစံမျိုးနဲ့မဆို လိုက်လျောညီထွေဖြစ်အောင်နေတက်ကြပါတယ်။ ဒါပေမယ့်လည်း မိဘတွေအနေနဲ့ကလေးတွေဘာလိုချင်လဲဆိုတာကိုအရင်သိထားဖို့လိုအပ်ပါတယ်။

ဒီနေရာမှာ ပထမဆုံးအဖြစ် ဧည့်သည်တွေကိုဖိတ်တာနဲ့ ပတ်သတ်ပြီးအကြံပြုချင်ပါတယ်။ ကလေးငယ်ငယ်လေးတွေကို ဖိတ်မှာဆိုရင်တော့ အိပ်ချိန်တွေကိုသတိထားပြီးပွဲကျင်းပသင့်ပါတယ်။ ဒါ့အပြင် ဖိတ်စာကိုလည်း တတ်နိင်သလောက် ကလေးရဲ့အမှတ်တရလေးတွေကျန်အောင် decorate လုပ်သင့်ပါတယ်။

ဒါ့အပြင် မွေးနေ့ပွဲကို ဖြစ်နိုင်ရင် လူကြီးတွေအတွက်( အဖိုးအဖွား၊ဆွေမျိုးများနဲ့ ကိုယ်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေ)နဲ့ ကလေးတွေအတွက်( ဝမ်းကွဲတွေ၊ ကလေးရဲ့သူငယ်ချင်းနဲ့ တခြားဆွေမျိုးကလေးများ) ကို ပွဲသက်သက်ကျင်းပတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။လူကြီးတွေအတွက်ဆိုရင် အချင်းချင်းစကားပြောဖို့ အချိန်နဲ့အစားအသောက်စတာတွေကိုစဉ်းစားပြီးပြင်ဆင်သင့်ပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့ gameတွေ၊ကလေးများအကြိုက် အစားအသောက်တွေကို ပြင်ဆင်ဆင့်ပါတယ်။ ဒါပေမယ့် အရမ်းအကြာကြီးပေးမဆော့သင့်ပါဘူး။ တစ်နာရီခွဲလောက်ဆို လုံလောက်တဲ့အချိန်တစ်ခုရပါပြီ။ အရမ်းငယ်တဲ့ကလေးတွေအတွက်ဆိုရင်တော့ ကစားချိန်တွေအများကြီးမလိုတာကိုတော့ သတိထားသင့်ပါတယ်။
မွေးနေ့လက်ဆောင်ယူမယ့်အပိုင်းကို ဆက်ပြောကြပါမယ်။ တကယ်လို့ကိုယ်က ကလေးရဲ့မွေးနေ့မှာ လက်ဆောင်တွေရဖို့မျော်လင့်ထားတယ်ဆိုရင်တော့ ကလေးအတွက် အကျိုးရှိမယ့်အရာကိုပဲ ပေးစေဖို့ တောင်းဆိုပါ။ ဥပမာ- စာအုပ် သို့မဟုတ် တခြားအသုံးဝင်မယ့်ပစ္စည်းများ။
နောက်တစ်ခုက ရလာတဲ့မွေးနေ့လက်ဆောင်တွေကို မွေးနေ့ပွဲပြီးသွားမှသာ ဖွင့်ဖို့အကြံပြုလိုပါတယ်။ ကလေးတွေရှိနေတဲ့အချိန်မှာ လက်ဆောင်ဖွင့်ဖောက်ကြည့်ရင် တခြားကလေးတွေနဲ့ဆိုတော့ တခြားမလိုလားတဲ့ ကိစ္စတွေမဖြစ်တော့ဘူးပေါ့။
မွေးနေ့ပွဲမှာလက်ဆောင်ပေးတဲ့သူတွေကို စာရင်းလုပ်ပြီးမှတ်ထားသင့်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း Massage နဲ့ပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်ပဲဖြစ်ဖြစ် ပြောဖို့မမေ့ပါနဲ့နော် … ??

အစားအသောက်
တကယ်တော့ မွေးနေ့လုပ်ရင် အကျွေးအမွေးက အရမ်းစဉ်းစားရပါတယ်။ ကလေးတွေအတွက် မွေးနေ့မှာ ကလေးတွေနှစ်သက်တဲ့အစားအသောက်ဖြစ်ဖို့က အဓိကအရေးကြီးတာကိုနော်.. ဒါကြောင့် မွေးနေ့မှာကျွေးမယ့်အစားအသောက်နဲ့ပတ်သတ်ပြီး အနည်းငယ်ဖော်ပြသွားပေးပါမယ်။ ဒီအစားအစာတွေက ပြုလုပ်ရတာလဲလွယ်ပြီး ဝယ်ရတာလည်းလွယ်ပါတယ်။

  1. Food on Stick
    မွေးနေ့ပွဲမှာ တတ်နိုင်သလောက် heavy food တွေကို ရှောင်ပါ။ ကလေးတွေက သူတို့လက်နဲ့ကိုင်စားရတာကို ပိုပြီးကြိုက်ပါတယ်။ဒါကြောင့် sandwich သို့မဟုတ် အသီးအနှံလေးတွေကို တုတ်ထိုးလုပ်ကျွေးတာက အလုပ်ရှုပ်သက်သာပြီး ကလေးတွေလည်းကြိုက်ပါတယ်။
  2. Mac and Cheese
    Macaroni နဲ့ cheese က ကလေးတွေကြိုက်နှစ်သက်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် mac and cheese ကို ကိုယ်တိုင်လုပ်ကျွေးတာမျိုး၊ ဝယ်မှာတာမျိုးလည်း လုပ်လို့ရပါသေးတယ်။
  3. Pizza puffs
    Pizza puffs ကိုလည်း ကလေးတွေက နှစ်သက်ကြပြန်ပါသတဲ့.. သူကရိုးရိုး pizza ထက် အမြင်ဆန်းပြီး ဗိုက်လည်းပြည့်ပါတယ်။
  4. Mini grilled cheese sandwich
    ဒါက ကလေးတွေအတွက် အကောင်းဆုံးသော သရေစာတစ်ခုပါပဲ။ sandwich လုပ်တဲ့အခါမှာ တုတ်ချောင်းလေးတွေနဲ့ထိုးပြီးကျွေးလို့လဲရသလို ဒီတိုင်းပဲ ကလေးတွေကိုယ်တိုင်ယူစားရအောင်လုပ်ပေးတာလည်းသင့်တော်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ကလေးတွေစားနေကျ ဖြစ်ဖို့တော့လိုပါတယ်။
  5. Dessert
    ကလေးမွေးနေ့ပွဲမှာ ကိတ်မုန့်ခွဲမှာကတော့ အသေအချာပဲပေါ့နော်.. ဒါပေမယ့် ကိတ်မုန့်နဲ့တင်မဟုတ်ပဲ တခြားအချိုပွဲလေးတွေလည်း ထည့်လို့ရပါသေးတယ်။ cupcakes တွေ၊ နောက် marshmallow တွေ၊ နောက် သကြားလုံး၊ဂျယ်လီ စသဖြင့် ကလေးတွေနှစ်သက်စေမယ့် အရာလေးတွေ နည်းနည်းထပ်ထည့်လို့ရပါသေးတယ်။အများကြီး ကျွေးဖို့တော့မသင့်တော်ပါဘူး။
  6. Sushi rolls
    ဒီနေရာမှာ ကလေးတွေအတွက် အသား၊ငါးတွေနဲ့မဟုတ်ပဲ ကလေးတွေအကြိုက် ကြက်ဥကြော်၊အသီးအရွက်လေးတွေနဲ့လည်း ပြုလုပ်လို့ရပါသေးတယ်။

မွေးနေ့ပွဲလာတဲ့ကလေးတွေအတွက် ကိုယ့်ဖက်ကနေလည်း လက်ဆောင်လေးတွေပြန်စီစဉ်ထားလို့ရပါသေးတယ်။ လက်ဆောင်အိတ်လေးတွေပြန်ပေးတာမျိုးကလည်း အကြံကောင်းတစ်ခုပါပဲ။ ဒါပေမယ့်ကိုယ်သုံးမယ့် budget ပေါ်မှုတည်ပြီး လက်ဆောင်ပစ္စည်းတွေပေးဖို့လိုပါတယ်။ကလေးတွေက အိတ်ထဲမှာပါတာကို စိတ်ဝင်စားတာထက်၊ လက်ဆောင်ရတယ်ဆိုတာကို ပိုပျော်တာပါ။ ??
မွေးနေ့ရှင်ကလေးကိုလည်း သေချာပြင်ဆင်ပေးဖို့လိုပါတယ်။ အရမ်းငယ်တဲ့အရွယ်တွေမှာဆို သိပ်မခက်ခဲပေမယ့် အနည်းငယ်ကြီးတဲ့ကလေးတွေအတွက် ဘာတွေဖြစ်မယ်။ ဘယ်သူတွေလာမယ်။ ကိုယ့်ရဲ့ ကစားစရာတွေကို အတူတူဝေမျှဆော့ဖို့မှာထားသင့်ပါတယ်။
ဒါ့အပြင် ကလေးတွေကို ကိုယ်ကိုယ်တိုင်ဦးဆောင်ပြီး game တွေဆော့ပါ။ ကလေးတိုင်း Game ဆော့တာကိုနှစ်သက်ပါတယ်။ အတူတူ ဆေးရောင်ခြယ်တဲ့ကစားနည်းမျိုးတွေ၊နောက်ကလေးတွေအချင်းချင်း face painting လုပ်တဲ့ကစားနည်း၊ စတစ်ကာလေးတွေကပ်တာမျိုး စတဲ့ကစားနည်းတွေလည်း ကစားပါ။ နောက်သီချင်းတွေဖွင့်ပြီးကခုန်တဲ့ကစားနည်းတွေကိုလည်း ကစားဖို့သင့်ပါတယ်။
အရေးကြီးတာက ပွဲနေ့ပွဲကိုတက်ရောက်တဲ့ကလေးတိုင်း လက်ဆောင်လေးတွေ ရဖို့ပါပဲ။ တန်ဖိုးကြီးမားဖို့မလိုအပ်ပါဘူးနော်…