Management Tips When Building an Event Budget

ပွဲအတွက် Budget ကိုစီမံခန့်ခွဲနိုင်ဖို့နည်းလမ်းတွေ
ပွဲစီစဉ်သူတွေတွေ့ကြုံရတဲ့ challenge တစ်ခုကတော့ Budget ပါပဲ။ ပွဲပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးကိုဘယ်လိုလောက်ငအောင်၊အပိုမကုန်ပဲ စီစစ်အောင်သုံးစွဲနိုင်ဖို့အတွက် နည်းလမ်းတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။
ပွဲစီစဉ်ရာမှာကြုံတွေ့ရတဲ့ကိစ္စရပ်တွေဟာ တကယ်တော့ ပွဲမစခင်အချိန်မှာတည်းက သေချာတိုင်ပင်ဆွေးနွေးထားရင်တော့ နည်းမှာပါပဲ။ Budget ပေါ်မှုတည်ပြီးလုပ်ရတဲ့ ပွဲတွေမှာဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ ပြင်ဆင်နေရင်းနဲ့မှ စိတ်ကူးပေါ်တာတွေကို လုပ်လိုက်မိတာက ငွေကြေးသုံးစွဲမှုမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် သုံးမယ့် budget ပေါ်မှုတည်ပြီး plan ဆွဲတာက အကုန်အကျနည်းစေရုံသာမက အချိန်ကုန်သက်သာစေမှာပါပဲ။

ပွဲစီစဉ်ရာမှာသုံးမယ့်ကုန်ကျစရိတ်အကြမ်းဖျဉ်း

ပွဲတစ်ပွဲလုပ်မယ်လို့တွေးလိုက်တာနဲ့ ကုန်ကျစရိတ်က အရင်ဆုံးပါလာမှာပါ။ ကိုယ်တွေးလိုက်တဲ့ Idea ပေါ်မှုတည်ပြီး ပိုကုန်ကျမှာပါပဲ။ အသိသာဆုံးကတော့ အစားအသောက်ဧည့်ခံတာနဲ့နေရာငှားရမ်းတာကနေစပါတယ်။ နောက်ကုန်ကျစရိတ်တွေကတော့ ကိုယ်ချဲ့ရင်ချဲ့သလောက်ကုန်မှာပါ။ ဒီနေရာမှာ category တစ်ခုရဲ့ ကုန်ကျစရိတ်တစ်ခုတည်းကိုပဲ အကြမ်းဖျဉ်းတွက်လို့မရပါဘူး ။ဒီလို အကြမ်းဖျဉ်း ခြုံပြီးတွက်လိုက်ရင် လာတဲ့ဧည့်သည်တစ်ယောက်ချင်းစီအတွက် စရိတ်ကို ထိခိုက်နိုင်ပါတယ်။

Client ကိုမေးပါ။
ပွဲစီစဉ်တဲ့သူတစ်ယောက်ရဲ့ တာဝန်က ပွဲအတွက် စီစဉ်ပေးတာတင်သာမကပဲ ငွေကြေးအပိုင်းကိုပါ တာဝန်ယူလုပ်ကိုင်ပေးရမှာပါ။ Client တွေကတော့ perfect ဖြစ်တာကိုပဲလိုချင်ကြတာပါ။ Client တွေဖက်က ချပေးတဲ့ Budget အတိုင်းအတာနဲ့ ကိုယ့်ဖက်က အဆင်ပြေအောင်၊ကောင်းအောင် မစီစဉ်နိုင်ရင်တော့ သူတို့ဖက်က judge လုပ်ကြမှာပါပဲ။ client ဖက်က budget နဲ့ မျှော်လင့်ထားတာကို အစတည်းကနေ သေချာမေးဖို့လိုပါတယ်။ ဒါကြောင့် မေးခွန်းမေးဖို့လိုပါတယ်။

အခြေခံအားဖြင့်သုံးမယ့် Budget ကိုတွက်ပါ။
ပွဲပြင်ဆင်မယ့် idea တွေ၊ plan တွေလည်း ရှိပြီး ကုန်ကျစရိတ်ကိုလည်း အကြမ်းဖျဉ်းတွက်ချက်ထားပြီးပြီဆိုရင်တော့ တကယ်တွက်ရမယ့်အချိန်ကိုရောက်ပါပြီ။ ဒီနေရာမှာ client ကိုပြောထားဖို့လိုတာတစ်ခုက Budget ကို ပုံသေတွက်ထားရင်တောင်မှ တခြားအပိုကုန်မယ့်အရာတွေရှိလာဦးမှာ ကို ပြောထားသင့်ပါတယ်။ Client အနည်းငယ်ကပဲ ခုလို budget နဲ့ပတ်သတ်ပြီး အတွေ့အကြုံရှိတာပါ။ ဒါကြောင့် Budget မလောက်ငှတာမျိုးမဖြစ်ရအောင်လို့ တွက်ထားတဲ့ ငွေကြေးပမာဏထက် 10% ပိုပြီးတွက်ရင်ပိုကောင်းပါတယ်။

Event planner fees ကိုလည်းတွက်ပါ။

သင်ဟာ ပွဲစီစဉ်သူတစ်ယောက်ဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့ event planner fee ကိုလည်းထည့်တွက်ဖို့လိုပါတယ်။ Event planner တွေက percentage နဲ့ယူတာလည်းရှိသလို တချို့တစ်ခါတည်းယူတာလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ client ဖက်ကရော event planner ဖက်ကရော သဘောတူတဲ့ပမာဏဖြစ်ရပါမယ်။ Event planner fees သာမက တခြားကုန်ကျစရိတ်တွေအကုန်ပါတဲ့ ပမာဏကို စာချုပ်ချုပ်ထားသင့်ပါတယ်။

ပွဲအတွက်ကုန်ကျစရိတ်ကို တက်နိုင်သမျှလျှော့သုံးပါ။

ပွဲတစ်ပွဲပြုလုပ်ရာမှာ ငွေကြေးအတိုင်းအဆမရှိလုပ်ရတယ်ဆိုတာ အင်မတန်ရှားပါတယ်။ ပွဲအတွက် စီစဉ်ရမဲ့အရာတွေကိုစီစဉ်တဲ့အခါမှာ တချို့အသုံးစရိတ်တွေ၊ကုန်ကျစရိတ်တွေကို လျှော့ဖို့လုပ်ရပါမယ်။ အဓိကက ပွဲကိုလာတဲ့ဧည့်သည်တွေ စိတ်ကျေနပ်အောင်က အရေးကြီးတာပါ။ ဒါကြောင့် တချို့နေရာတွေမှာ ဧည့်သည်တွေသတိမပြုမိလောက်မယ့်၊ အသုံးသိပ်မဝင်တဲ့အရာတွေမှာ လျှော့သုံးပါ။

Audio နဲ့ အလင်းအမှောင်စတဲ့ကုန်ကျစရိတ်တွေကို ထိန်းချုပ်ပါ။

Lighting နဲ့ audio အပိုင်းက ပွဲရဲ့ presentation ပေါ်မှာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် Budget ကိုလည်း အတော်သုံးရပါတယ်။ Audio အပိုင်းတင်သာမကပဲ projectors , internet, wifi , video service စတာတွေပါလာရင်တော့ Budget အတော်များများကို သုံးရမှာပါပဲ။ ဒါကြောင့် ကိုယ်လုပ်မယ့်ပွဲအပေါ်မှုတည်ပြီး သင့်တော်တာကိုပဲရွေးချယ်ပါ။

Online ပေါ်မှာ စရိတ်သက်သာတဲ့ marketing options တွေကို လိုက်ရှာကြည့်ပါ။

ပွဲကိုသိတဲ့သူများဖို့၊ တက်ရောက်တဲ့သူများဖို့ Marketing ကတော့လုပ်ဖို့လုပ်ကိုလိုပါတယ်။ ဒီအတွက် marketing cost ကလည်း သုံးရင်သုံးသလောက်ရှိနေမှာပါ။ ဒါကြောင့် Online မှာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ Marketing ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ရှာကြည့်သင့်ပါတယ်။

ဒီအချက်တွေကတော့ ပွဲစီစဉ်တဲ့အခါမှာ Budget တတ်နိုင်သလောက် ခြိုးခြံချွေတာနိုင်မယ့် နည်းလမ်းတွေပါပဲ