• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

UMFCCI Centennial International Expo

  • Home
  • >> ကုန်စည်ပြပွဲ>>
  • UMFCCI Centennial International Expo

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သည် ၂၀၁၉ ခုနှစ်တွင် ပြည့်မြောက်မည့် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် “UMFCCI Centennial International Expo 2019” ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မှ (၂၂) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

ပြပွဲကြီးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုတို့ဖြင့် ကျင်းပပြုလုပ်သွားမှာပါ။

ယခုပြပွဲကြီးမှာ Lucky Draw အစီအစဉ်များကိုလဲ ထည့်သွင်းပေးထားတာကြောင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်ကြည့်ရှုလိုသူများနှင့် ကုန်သွယ်မှုများပြုလုပ်လိုသည့် “Visitors” များနှင့် “Trade Visitors” များအားလုံးကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ လာရောက်ကြည့်ရှုဖို့အတွက် သတင်းကောင်းပါး၍ ဖိတ်ခေါ်လိုက်ရပါတယ်။

Trade Visitors (စီးပွားရေးဧည့်သည်များ) အတွက် Lucky Draw အစီအစဉ်တွေကတော့
ရန်ကုန် – ဘန်ကောက်
ရန်ကုန်- ချင်းမိုင်
စတဲ့ အထင်ကရနေရာတွေကို သွားရောက်ဖို့ လေယာဉ်လက်မှတ်များ မဲဖောက်ပေးသွားမှာ ဖြစ်ပြီး
ရန်ကုန် – ပုဂံ
ရန်ကုန် – တောင်ကြီး- အင်းလေး
စတဲ့နေရာတွေကို သွားရောက်လည်ပတ်နိုင်ဖို့ Tour Package အစီအစဉ်တွေကို မဲဖောက်ပေးသွားဖြစ်ပါတယ်။

ဖော်ပြပါ Lucky Draw တွေကို ကံစမ်းလိုတဲ့ Trade Visitors အနေနဲ့ Pre-registration ပြုလုပ်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Pre-registration ကို https://www.gevme.com/umfcci-centennial-international-expo-46071482 လင့်ခ်တွင် ဝင်ရောက်ပြုလုပ်နိုင်ပါတယ်။

Visitors (လာရောက်ကြည့်ရှုသူများ) အတွက် Lucky Draw အစီအစဉ်တွေကတော့
TV၊ ရေခဲသေတ္တာ၊ ဖုန်း၊ ပန်ကာများနဲ့ အခြားလက်ဆောင်ပစ္စည်းတွေကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

ယခုပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများမှ ဒေသထွက်ကုန်နှင့် ထုတ်ကုန်ပစ္စည်းများ (Value Added & Semi Finish Products) များကို ပြခန်းပေါင်း (၂၀၀) ကျော်ဖြင့် ပါဝင်ပြသွားမှာဖြစ်ပြီး အသင်းချုပ် ညီနောင်အသင်းအဖွဲ့များကလည်း –

တိုင်းနှင့်ပြည်နယ်များမှ အရည်အသွေးမီသော ဒေသထွက်ကုန်ပစ္စည်းများ
လုပ်ငန်းအလိုက်အသင်းများဖြစ်ပါက ပြည်ပပို့ကုန်မြှင့်တင်ရေး နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်သော ပစ္စည်းများကိုပါ ခင်းကျင်းပြသသွားမှာပါ။


UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry's photo. SEP 20 UMFCCI Centennial International Expo

စက်တင်ဘာလ ၂၀ရက်နေ့မှ ၂၂ရက်နေ့ မနက်(၉)နာရီမှ ညနေ(၅)နာရီ Fortune Plaza Min nanda road, Thakayta Township, Yangon

Organized By

UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်