ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ – အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီ ရဲ့ Youth Career Forum 2019
Youth Career Forum – 2019 ပွဲကို အောက်တိုဘာလ (၁၉)ရက် နှင့် (၂၀)ရက် ၊ မနက် (၉)နာရီမှ ညနေ (၆)နာရီအထိ “Old Tourist Burma Building” ရန်ကုန်မြို့လယ်ခေါင်မှာရှိပြီး မဟာဗန္ဓုလပန်းခြံနဲ့ မျက်နှာချင်းဆိုင်၊ ဆူးလေဘုရား ဘေးမှာရှိတဲ့ Historical နေရာလို့ သတ်မှတ်ခြင်းခံထားရတဲ့ ဟိုတယ်နှင့် ခရီးသွား အဆောင်အဦးမှာကျင်းပသွားမှာပဲ ဖြစ်ပါတယ်။
ပါဝင်သွားမယ့်ကဏ္ဍတွေကတော့
– Engineering & Technology
– Arts Industry
– Administration (HR, Management,
Hospitality, Travel and tours)
– Finance (Banking and Finance)
– Public Service Sector တို့ပဲ ဖြစ်ပါတယ်။
Youth Career Forum – 2019 ပွဲသည်
တက္ကသိုလ်တက်နေတဲ့ နောက်ဆုံးနှစ်ကျောင်းသား
များ၊ တက္ကသိုလ်မှ ဘွဲ့ရရှိခါစလူငယ်များ၊ မသန်စွမ်း
လူငယ်များအတွက် အဓိကရည်ရွယ်ထားတဲ့ ပွဲပဲဖြစ်
ပါတယ်။
သို့ပေမယ့် အလုပ်အကိုင်နှင့်ပတ်သက်၍ အခွင့်အရေးရှာဖွေလိုချင်သူ လူငယ်များအားလုံးနှင့် စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
YCF ပွဲကြီးက ဝင်ကြေးအခမဲ့ ပွဲပဲဖြစ်ပါတယ်
အောက်ဖော်ပြပါlink ထဲမှာ register ဝင်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
http://bit.ly/YouthCareerForum