မြန်မာနိုင်ငံအလှကုန်အသင်းမှ ကြီးမှူးကျင်းပသော အလှကုန်အထူးDiscount စျေးရောင်းပွဲတော်ကြီး Cosmetics Special Discount Festival -2019 ကို နိုဝင်ဘာလ(1)ရက်နေ့ မှ (3)ရက်နေ့အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမမှာ မနက်(9)နာရီမှညနေ(5)နာအထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြပွဲကြီးမှာ ပါဝင်ကြသကြမည့် အလှကုန် brands များမှ 10% မှ 70% အထိ အထူး Discount များဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ နေ့စဥ် ပြပွဲကြီးကို အစောဆုံးလာသော ဧည့်သည်(300)ဦးအတွက် ဝယ်ယူရန်မလိုပဲ လက်ဆောင်များရရှိနိုင်မည့်အစီအစဥ်လည်းပါရှိပါတယ်။
ပြပွဲမှာ ကျပ်(10000)ဖိုးဝယ်ယူသော customerတိုင်းအတွက် လက်ဆောင်ပေးသော အစီအစဥ်များ၊ နေ့စဥ်ကံစမ်းမဲ အစီအစဥ်များပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မိတ်ကပ်လိမ်းချယ်ပြသခြင်းများ၊ အသားအရည်အလှအပထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတများကို အလှအပရေးရာဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်လို့ အရောက်လာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်။