• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

စကားအလှကုထုံးအနုပညာပြပွဲ : Sa Gar Ahla Ku Htone art exhibition

  • Home
  • >> ဖျော်ဖြေရေးပွဲ>>
  • စကားအလှကုထုံးအနုပညာပြပွဲ : Sa Gar Ahla Ku Htone art exhibition

စကားအလှကုထုံး အစီအစဉ်ဟာ ပဉ္စရသ နှင့် Love Frankie တို့က Facebook နဲ့အတူ ပူးပေါင်းတင်ဆက် ဖန်တီးထားသော မြန်မာနိုင်နဲ့ သက်ဆိုင်တဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က အဆိုးမြင်သော၊ ရန်လိုသော အင်တာနက် ယဉ်ကျေးမှုကနေ ကိုယ်ချင်းစာမှု၊ လေးစားမှုနဲ့ ကြင်နာမှုတွေ ထုံမွှမ်းသော အွန်းလိုင်း အသုံးပြုခြင်း အဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာစေဖို့ အနုပညာရှင် တို့ရဲ့ ထုတ်ဖော်တင်ဆက်မှု စွမ်းအားကို အသုံးပြုရန် ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ အဆိုးမြင်ပြီး ရန်လိုသော အင်တာနက် ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တည်လာစေမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ အပြုသဘောဆောင်ပြီး ပြောင်းလဲဖြစ်ပေါ်လာမယ့် အနာဂတ်သစ် တစ်ခုအတွက် မျှော်မှန်းချက်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ လူတွေဟာ အွန်းလိုင်းပေါ်တွင် သူတို့ရဲ့ ခံစားချက်တွေ၊ အမြင်တွေကို ထုတ်ဖော်ပြသပြီး ပို့စ်တင်တဲ့အခါ အဲဒီတင်တဲ့သူတွေအပေါ် ကိုယ်ချင်းစာတရားထားရှိပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုမျိုး ပြုလုပ်ကြမယ့် အချိန်၊ အွန်လိုင်းပေါ် တင်ထားတဲ့ အကြောင်းအရာတွေကို မရှယ်ခင် ဒါမှမဟုတ် လိုက်ခ်၊ ကောမန့် မပေးခင် ဝေဖန်ပိုင်းခြားနိုင်သော စဉ်းစားဆင်ခြင်မှုများ ပင်ကိုယ်အသိစိတ်ဓာတ်ဖြင့် ဖြစ်ပေါ်လာမယ့် အချိန်၊ လူတွေအတွက် အဆိပ်အတောက် ဖြစ်စေတဲ့ အကြောင်းအရာတွေ အွန်းလိုင်းပေါ် ပျံနှံလာတဲ့ အခါ အင်တာနက် အသုံးပြုသူတွေ အနေဖြင့် ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေ ဆိုတဲ့အသိနဲ့ ပိုပြီး နှုတ်ဆိတ်နေမယ့် အချိန်နဲ့ အွန်းလိုင်းပေါ် တိုက်ခိုက်ထိုးနှက်ခံချိန်တွေမှာ တစ်ဦးကို တစ်ဦး ကူညီဖေးမ ပေးနိုင်တဲ့ လူအဖွဲ့အစည်းတစ်ခုရှိလာမယ့် အချိန်တွေဟာ ကျွန်တော်တို့ ရည်မျှော်တဲ့ အနာဂတ်နေ့ရက်တွေဖြစ်ပါတယ်။

အွန်လိုင်းပေါ် အဆိုးမြင်သော အကြောင်းအရာများ ဖန်တီးခြင်းနဲ့ မျှဝေခြင်းရဲ့ အကျိုးအဆက်များကို ပြန်လည် စဉ်းစားဆင်ခြင်နိုင်စေရန်နှင့် တစ်ဦးကို တစ်ဦး ဖေးမကူညီပေးပြီး ကိုယ်ခြင်းစာတရား ပြည့်ဝသော အွန်းလိုင်းအသုံးပြုခြင်း တစ်ခုဖြစ်စေမယ့် တွန်းအားတစ်ခုကို ပြပွဲလာရောက်သို့ လာရောက်ကြည့်ရှုသူတွေ ရရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

Artists Featured:
Bart Was Not Here | Fun Band | Hkun Lat | Kriz Chan Nyein | Jimmy Ko Ko | Moe Satt | Sai Htin Linn Htet | Thadi Htar | Theè Oo’s Artvenue & Nay Myo Set Lu


စကားအလှကုထုံးအနုပညာပြပွဲ : Sa Gar Ahla Ku Htone art exhibition

နိုဝင်ဘာလ ၂ရက်နေ့မှ ၁၇ရက်နေ့အထိ မနက်(၁၀)နာရီမှ ညနေ(၅)နာရီ The Secretariat No. 300, Thein Phyu Road (Middle Block), Botahtaung Township,, Yangon

Organized By

Pyinsa Rasa

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်