မြန်မာအမျိုးသမီးများအနေဖြင့် အနုပညာဖန်တီးမှုများမှတဆင့် ဖွင့်ထုတ်ပြောဆိုနိုင်ဖို့ နေရာနဲ့ အခွင့်အလမ်းတွေကိုပေးဖို့ ဒီပွဲကို စီစဉ်ထားပါတယ် ။
ဂီတနဲ့ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုက အနုပညာရှင်တွေအတွက်တင် မကဘဲ၊ ပရိသတ်ဘက်ကပါ လူမှုလိုက်လျောညီထွေမှုနဲ့ တစ်ဦးနဲ့ တစ်ဦးအသိအမှတ်ပြုပေးမှုတို့ကို အားပေးတင်မြှောက်ခြင်းဖြစ်တယ်လို့ ကျွန်ုပ်တို့က ယုံကြည်ပါတယ်။
မြန်မာအမျိုးသမီးအနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ နားလည်မှုပိုမိုတည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး GRRRL POWER ပွဲတွေကို Goethe-Institut Myanmar မှ ပံ့ပိုးကူညီမှုနဲ့ Turning Tables Myanmar က စီစဉ်ကျင်းပသွားမှာဖြစ်ပါတယ် ။
ယခုပွဲသည် ငါးကြိမ်မြောက်ကျင်းပသောပွဲဖြစ်ပြီး GRRRL Power အမည်ဖြင့်ပွဲများကို 2020 နှစ်အတွင်း ထပ်မံကျင်းပသွားမည်ဖြစ်ကာ ပွဲအားလုံးမှာ ဝင်ကြေးအခမဲ့ ဖြစ်ပါသည် ။