Event တွေမှာ ROI ဘယ်လိုတိုင်းတာမလဲ?


ROI ရဲ့ အရှည်ကတော့ return on investment ပါ။ အရိုးရှင်းဆုံးပြောရရင် Profit နဲ့ cost ရဲ့ ratio ကိုတွက်ချက်တာပဲဖြစ်ပါတယ်။ ပွဲပြီးသွားတဲ့အခါမှာ ပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေအနေနဲ့ ကျေနပ်မှုရှိတယ်ဆိုရင် ကိုယ်စီစဉ်ကျင်းပလိုက်တဲ့ပွဲက အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။
1. ROI ဘယ်လိုတွက်သလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။
ကိုယ့်ရဲ့ပွဲဟာ လက်မှတ်ရောင်းတာမျိုး၊ registration sales တွေပါတဲ့ပွဲဆိုရင် ဒီကနေရတဲ့ အမြတ်ကိုသိချင်ရင် ROI တွက်ကြည့်တာက အလွယ်ဆုံးပါပဲ။ တွက်နည်းကလည်းရိုးရှင်းပါတယ်။
ပွဲပြီးတဲ့အခါမှာ ဝင်လာတဲ့အမြတ်ငွေစုစုပေါင်း (ဒီနေရာမှာ ကုန်ပစ္စည်းရောင်းချတဲ့ပွဲတွေ၊ ticket and registration sale လုပ်တဲ့ပွဲတွေကို အဓိကဆိုလိုပါတယ်) ထဲကနေ ပွဲကျင်းပတဲ့ ကုန်ကျစရိတ်စုစုပေါင်းကို နှုတ်ပါ။ ရလာတဲ့ရလဒ်ကို ပွဲကျင်းပခဲ့တဲ့ ကုန်ကျစရိတ်စုစုပေါင်းနဲ့ထပ်စားပါ။ 100 နဲ့မြှောက်ပြီး ရာခိုင်နှုန်းပြပါ။

[(Total Sales Revenue – Total Cost of the Event) ÷ Total Cost of Event] X 100 = ROI

ထွက်လာတဲ့ROI က 100% ဖြစ်နေတယ်ဆိုရင် investment amount ထက် နှစ်ဆ ပိုမြတ်ပါတယ်။ ဒါပေမယ့် ပွဲရဲ့ ရည်ရွယ်ချက်က ticket သို့မဟုတ် registration sales တွေကနေ အမြတ်ရချင်တာမျိုးမဟုတ်ဘူးဆိုရင်ရော??
2. Event ရဲ့Goalကို သတ်မှတ်ပါ။
Event တစ်ခုမကျင်းပခင်မှာ ဘာကြောင့် လုပ်တာလဲ? ပွဲပြီးရင်ရော ဘာတွေမျှော်လင့်ထားသလဲ? စတဲ့အချက်တွေကို ကြိုစဉ်းစားဖို့လိုအပ်ပါတယ်။
(Event planning နဲ့ပတ်သတ်ပြီး MEH က ဖော်ပြခဲ့ဖူးပါတယ်။ အောက်ပါ Link မှာပြန်ကြည့်နိုင်ပါတယ်။
https://www.facebook.com/…/a.22108004023…/2215759541875562/… )
ဒါ့အပြင် ROI က ပွဲရည်ရွယ်ချက်ပေါ်ကိုမှုတည်ပြီးတော့လည်း ရလဒ်တွေကို ညှိပေးနိုင်ပါသေးတယ်။
3. ရည်ရွယ်ချက်နဲ့သက်ဆိုင်တဲ့ အချက်တွေကို ရေးပါ။
ရည်ရွယ်ချက်တွေသက်မှတ်ပြီးပြီဆိုရင်တော့ outline တွေချရေးထားတာအကောင်းဆုံးပါပဲ။ အကယ်၍ ပွဲရဲ့အဓိက ရည်မှန်းချက်က brand awareness ဖြစ်စေချင်တယ်ပဲဆိုကြပါစို့။ ဒါဆိုရင် တက်ရောက်တဲ့လူအရေအတွက်၊ social media ပေါ်မှာ ဘယ်လောက်ပမာဏအထိ လူတွေသတိထားမိအောင် လုပ်ရမလဲ စတဲ့အချက်တွေကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါကြောင့် social media ပေါ်မှာ follower တွေ၊ audience တွေရဲ့ အတွေးအမြင်တွေကို poll လုပ်တာမျိုးတွေကိုလည်း စမ်းကြည့်သင့်ပါတယ်။ ပြီးရင် feedback ကိုပြန်ကြည့်ပြီး ကွဲပြားမှုတွေကိုလေ့လာလို့ရပါတယ်။
4. Data နဲ့ progress
Event တစ်ခုကို run ဖို့အတွက် data လိုပါတယ်။ ပွဲက ticket or registration sales လိုမျိုး ပွဲတွေဆိုရင်တော့ ရောင်းချပြီးသား ticket or registration အရေအတွက်၊ sales ကနေ ရလာတာ ပမာဏ၊ လာတဲ့သူအရေအတွက် စတဲ့ data တွေရှိထားရပါမယ်။ ဒီ data တွေနေ ကိုယ့်ရဲ့ progess ကို လေ့လာနိုင်ပါတယ်။ ဘာတွေဆက်လုပ်သင့်သလဲ၊ ဘယ်လို strategy မျိုးသုံးသင့်သလဲ စတဲ့ progress တွေကို လုပ်ဆောင်နိုင်ပါမယ်။ Online survey တောင်းတာကလည်း ကိုယ်သတ်မှတ်ထားတဲ့ တက်ရောက်သူဦးရေ၊ feedback တွေကို ပြန်ရနိုင်တာကြောင့် လုပ်သင့်ပါတယ်။
5. Result ကို analyze လုပ်ပါ။
ပွဲရဲ့ရည်ရွယ်ချက်၊ objectives တွေနဲ့ သက်ဆိုင်တဲ့ data တွေရပြီးပြီဆိုရင်တော့ result ကို လေ့လာသင့်ပါပြီ။ Data တွေက ပွဲက အောင်မြင်သလားဆိုတဲ့အချက်ကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် ROI တွက်ချက်တဲ့နေရာမှာလည်း အရေးပါပါတယ်။
ဒီအပတ်မှာတော့ event တစ်ခုမှာ ROI ကိုဘယ်လိုတွက်ချက်မလဲ ? ROI ဟာ ဘယ်လောက်အထိအရေးပါသလဲဆိုတာကို ဖော်ပြခဲ့ပြီးပါပြီ။ နောက်လာမဲ့အပတ်တွေမှာလည်း ဆက်လက်ဖော်ပြပေးသွားမှာပါ။