Event နဲ့ hashtag ( # )


Event တွေကို social media ပေါ်မှာ promote လုပ်တဲ့အခါမှာ hashtag ကအရေးပါပါတယ်။ Hashtags တွေဟာ keywords တွေ၊ phrase တွေကို စုစည်းပေးတာကြောင့် social media ပေါ်မှာ ရှာလိုက်တဲ့အခါမှာ တစုတစည်းတည်းပေါ်လာစေပါတယ်။ Engagement လည်းပိုတိုးလာစေတာမို့ အသုံးများကြပါတယ်။
Hashtag ကို event မစခင်တည်းကအသုံးပြုပါ။ ပွဲပြီးသွားတဲ့အခါမှာလည်း attendees တွေဆီက data တွေ လိုက်စုရတာလွယ်ကူစေပါတယ်။

Hashtag တွေကို ရေးတဲ့အခါမှာ များသောအားဖြင့် လုပ်မယ့်ပွဲရဲ့title နဲ့ နောက်ကလုပ်မယ့် နှစ်ကိုထည့်ရေးတာများပါတယ်။ ဒါကလည်းအားလုံးသိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် unique ဖစ်ဖို့လည်းလိုအပ်ပါတယ်။ စာသားတိုတဲ့ hashtag ဖြစ်ရင် လူတွေကပိုမှတ်မိလွယ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ hashtag က ထိထိမိမိနဲ့ ထူးခြားနေဖို့တော့လိုတယ်နော်.. စကားလုံးအစတွေမှာ အကြီးစာလုံးသုံးပေးခြင်းဟာလည်း ဖတ်ရလွယ်စေပါတယ်။ ဥပမာအနေနဲ့ပြရရင်တော့ #TechConfExpo ..

Hashtag ရေးပြီးပြီဆိုတာနဲ့ Facebook ပေါ်မှာတင်မဟုတ်ပဲ အခြားသော social media တွေပေါ်မှာ အသုံးပြုပါ။ Event ပြုလုပ်နေတဲ့အချိန်မှာလည်း attendances တွေကို ပုံတွေစာတွေ upload လုပ်တဲ့အခါမှာ hashtag သုံးပေးဖို့တောင်းဆိုပါ။ ဒါမှသာ event နဲ့ပတ်သတ်ပြီး information တွေ ပြန်ရှာချင်တဲ့အခါမှာ တစုတစည်းတည်းတွေ့နိုင်မှာဖြစ်ပါတယ်။

ပွဲပြီးသွားတဲ့အခါမှာလည်း hashtag သုံးပေးပါ။ Event မှာလုပ်ခဲ့တဲ့ information, activities တွေကို ပြန် share တဲ့အခါ hashtag ကို သုံးပေးခြင်းဖြင့် ကိုယ့်ရဲ့ event မှာဘာတွေလုပ်ခဲ့လဲဆိုတာကို users တွေအနေနဲ့ အကုန်လုံးတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း attendances တွေပိုများနိုင်ပါတယ်။ Evet
ဒါကြောင့် event တွေမှာ hashtag အသုံးပြုခြင်းဟာ အရေးပါတဲ့နေရာတစ်ခုမှာပါဝင်ပါတယ်။

#myanmareventhub
#eventonlinemedia
#DigitalMarketing