“World Press Photo Exhibition 2019” နဲ့ “6×6 Global Talent Program” တို့ဟာ ဒီနှစ် ရန်ကုန်ဓာတ်ပုံပွဲတော်မှာ ပါဝင်မယ့် ဓာတ်ပုံပြပွဲတွေထဲက ပြပွဲ ၂ခု ဖြစ်ပါတယ်။ ဒီပြပွဲတွေကို မဟာဗန္ဓုလပန်းခြံမှာ ညနေ ၅နာရီနဲ့ မြန်မာဒိဌမှာ ညနေ ၆နာရီ အသီးသီးဖွင့်လှစ်သွားမှာပါ။
ဓာတ်ပုံပြပွဲအားလုံး ဝင်ကြေး “အခမဲ့”
**WORLD PRESS PHOTO EXHIBITION 2019 OPENING**
နေ့ရက်။ ။ ဖေဖော်ဝါရီ ၂၀
အချိန်။ ။ ညနေ ၅နာရီ
နေရာ။ ။ မဟာဗန္ဓုလပန်းခြံ
World Press Photo ဆိုသည်မှာ စာနယ်ဇင်းဓာတ်ပုံပညာနှင့် သက်ဆိုင်ရာကိစ္စများအား တင်ဆက်နိုင်သောနေရာတစ်ခုဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် အရှိန်အဝါကြီးမားပြီး နှစ်စဉ်ကျင်းပလေ့ရှိသော စာနယ်ဇင်းဓာတ်ပုံပြိုင်ပွဲပင် ဖြစ်သည်။ ၂ဝ၁၉ ခုနှစ်တွင် ဆုရရှိခဲ့သူများ၏လက်ရာများအား မဟာဗန္ဓုလပန်းခြံ၌ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။
**6×6 GLOBAL TALENT PROGRAM**
နေ့ရက်။ ။ ဖေဖော်ဝါရီ ၂၀
အချိန်။ ။ ညနေ ၆နာရီ
နေရာ။ ။ မြန်မာဒိဌ
ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော အကြောင်းအရာများနှင့် ပတ်သက်၍ ကွဲပြားခြားနားသောအမြင်များဖြင့် တင်ဆက်ထားသည့် ဇာတ်လမ်းဇာတ်ကြောင်းများကို 6×6 Global Talent အစီအစဉ်မှ အားပေးသည်။ ယခုနှစ် 6×6 အရှေ့တောင်အာရှနှင့် ပစိဖိတ်သမုဒ္ဒရာဒေသအတွင်း အရွေးချယ်ခံရသူတစ်ဦးမှာ မြန်မာလူမျိုး ဓာတ်ပုံဆရာ ကိုမျိုး ဖြစ်သည်။