Myanmar National Symphony Orchestra 2020 ကို လာမည့် ဖေဖော်ဝါရီလ 20 ရက်နေ့တွင် Novotel Max Yangon ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV မှ ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း ဂန္တဝင် တေးဂီတကို ချစ်မြတ်နိုးသူများကို သတင်းကောင်းပါးအပ်ပါသည်။ ယခုနှစ်တွင်ပြုလုပ်မည့် Myanmar National Symphony Orchestra Concert တွင် မြန်မာနိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ Myanmar National Symphony Orchestra ၏ ဂီတဆိုင်ရာအကြံပေးနှင့် သင်တန်းနည်းပြဖြစ်သူ Mr. Yunosuke Yamamoto က ဂီတမှူးအဖြစ် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ပြီး စန္ဒရား ဂီတပညာရှင် Ms. Kyoko Koyama မှလည်း ပူးပေါင်းဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး ညနေ ခြောက်နာရီတွင် စတင်ဖွင့်မည်ဖြစ်ပါသည်။
ဖျော်ဖြေမည့် ဂီတပညာရှင်များ
မြန်မာနိုင်ငံတော်သံစုံတီးဝိုင်း
(Myanmar National Symphony Orchestra )
Yunosuke Yamamoto (Conductor)
Kyoko Koyama (Piano)