မြန်မာနိုင်ငံမှာ ပထမဦးဆုံး အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့်
Huion Summit 2020 (Myanmar) ပွဲကို နိင်ငံပေါင်း 5 နိင်ငံမှ Huion family member တွေက
မြန်မာနိုင်ငံ က Huionist တွေ ဆီ ချစ်ကြည်ရေး လာရောက် လည်ပါတ်မှာ ဖြစ်ပါတယ်…
Myanmar Digital Art industry ဆိုတာ ဘယ်လိုလဲဆိုတာ ကမ္ဘာက စိတ်ဝင်စားနေပါတယ်။ ကမ္ဘာက စိတ်ဝင်စားနေတဲ့ Myanmar Digital Art industry အကြောင်းတွေ၊ မြန်မာပြည်က ထွက်တဲ့ Digital Artist တွေရဲ့ လက်ရာတွေ ကို Myanmar Digital Art community မှတဆင့် ဒီပွဲမှာ ပူးပေါင်းပြသ သွားမှာပါ
မြန်မာ့အနုပညာကို Digital Art အသွင်သစ်ဖြင့် ကမ္ဘာကို မိတ်ဆက်ပေးဘို့ အချိန်တန်ပါပြီ။ Myanmar Digital Art Industry ကို both Locally & Globally ချပြမဲ့ အခွင့်အရေးတခုလည်း ဖြစ်လို့ အားလုံး ပျော်ပျော်ရွှင်ရွှင် လာရောက်ပါဝင် ဆင်နွှဲကြဖို့ Huion Myanmar မှ ဖိတ်ခေါ်လိုက်ပါတယ်။
မန်မာနိုင်ငံမှ artist တွေ ပူးပေါင်း ပါဝင် ဆင်နွှဲ ကြမည့် ဒီပွဲမှာ မြန်မာနိုင်ငံ မှ ပထမဦးဆုံး Huion Evangelist တဦးဖြစ်တဲ့ Hexagon မှ ဆရာ ကိုညီညီထွေး-Yangon Bee လာရောက် လည်ပါတ်ကြသည့် Phillippine နှင့် Thai နိုင်ငံမှ Huion Evangelist များကို ဧည့်ခံ ကြိုဆိုရင်း Graphic industries နဲ့ drawing tablet သုံးစွဲမှုအပေါ်သူ့ ယူဆချက်များ၊Philippine နိုင်ငံမှ comic artist Jann Galino က သူ့ရဲ့တွေးဟန်၊ ရေးဟန် တွေကို story board မှစ၍ အစအဆုံး life drawing ဆွဲပြသခြင်း၊ Thailand နိုင်ငံမှ zBrush certified instrustror လက်မှတ် ရထားတဲ့ Thai top 3 University မှာ သင်ကြား ပို့ချနေတဲ့ Professor Gomesh က 3D- နဂါး တကောင်ကို computer နဲ့ ဘယ်လို မြန်မြန်ဆန်ဆန် ပုံဖေါ်နိုင်သလဲ ဆိုတာ live Demo ရေးဆွဲပြခြင်း စတဲ့အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။