Event အမျိုးအစားများ

Event အမျိုးအစားတွေကတော့ အများကြီးပါပဲ .. အောင်မြင်တဲ့ပွဲတစ်ပွဲကို စီစဉ်တော့မယ်ဆိုရင်တော့ ပြုလုပ်မယ့် ပွဲအမျိူးအစားပေါ်မှုတည်ပြီး ဆန်းသစ်တဲ့ idea တွေထုတ်နိုင်ဖို့လိုတာပေါ့..

1. Guest speaker event
ဒါကတော့ B2B business တွေမှာ တွေ့ရများတဲ့ event တစ်ခုပါ။ ဖိတ်ကြားထားတဲ့ influencers, speakers တွေက ပွဲရဲ့အကြောင်းအရာ သို့မဟုတ် panel discussion လိုမျိုး ဆွေးနွေးကြတာပါ။
2. Networking event sessions
ဒီလို event တွေမှာတော့ speaker မလိုပါဘူး။ Business နဲ့ပတ်သတ်ပြီး ပြုလုပ်တဲ့ပွဲပါပဲ။ Network ကျယ်ပြန့်ဖို့အတွက် အချင်းချင်းတွေ့ဆုံကြတာပါ။
3. Conferences
ဒီလိုပွဲမျိုးကတော့ အတော်များများသိကြပါတယ်။ ပညာရေး၊စီးပွားရေး နဲ့ အခြားသော ဗဟုသုတရစေမယ့် ဟောပြောပွဲတွေဖြစ်တာကြောင့် Budget လည်းပိုသုံးရတဲ့အပြင် Speakers တွေ ဟောပြောတဲ့အခါမှာလည်း လူတွေစိတ်ဝင်စားတဲ့ topic ဖြစ်အောင်ပြင်ဆင်ရတာကြောင့် တာဝန်ကြီးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။
4. Seminar or a half day event
Full conferences တွေထက်စာရင် အချိန်အများကြီးမကြာတဲ့ ပွဲတွေဖြစ်ပါတယ်။ အကုန်အကျလည်းသိပ်မများတဲ့အပြင် အချိန်လည်း သိပ်မကြာတာကြောင့် attendances တွေလည်း မညည်းငွေ့တော့ဘူးပေါ့..
5. Workshops
ကိုယ်သိတဲ့ information တွေကို ပြန်လည်မျှဝေတဲ့ပွဲဖြစ်ပါတယ်။ Workshop တွေကလည်း ခုနောက်ပိုင်းမှာ အတော်ပြုလုပ်လာကြပါပြီ။
6. Company’s events
Company တွေက လုပ်လေ့ရှိတဲ့ dinner events တွေ၊ VIP event တွေဖြစ်ပါတယ်။
7. Event sponsorships
Sponsorships တွေဟာ event marketing တစ်မျိုးပါပဲ။ ဒီလိုပွဲမျိုးတွေဟာ အများအားဖြင့် ပွဲမှာပါဝင်တဲ့ sponsors တွေရဲ့ sales and marketing မြှင့်တင်ဖို့၊ brand awareness ပိုရှိလာအောင် စတာတွေကြောင့်လုပ်တာဖြစ်ပါတယ်။
8. Trade shows and expos
ကုန်စည်ပြပွဲတွေ၊ expo တွေက လူတွေစိတ်ဝင်စားကြတာများပါတယ်။ စီးပွားရေးနယ်ပယ်တစ်ခုတည်းက ကုန်ပစ္စည်းရောင်းချတာတွေ၊ ပြသတာတွေကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဖက်ကကြည့်ရင် ကိုယ့်ရဲ့ target market ကို တိုက်ရိုက်ရောင်းချပြသလို့ရတဲ့ပွဲတစ်ပွဲပါပဲ။
9. Awards and competitions
ပြိုင်ပွဲနဲ့ ဆုချီးမြင့်ပွဲတွေကတော့ B2B , B2C company တွေ အလုပ်များတဲ့ပွဲပါ။
10. Festivals and parties
ပွဲတော်တွေ၊ ပါတီပွဲတွေကတော့ လူတွေအကြိုက်တွေ့တဲ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့လည်း ဈေးကွက်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ ပွဲအမျိုးအစားပါပဲ။ ပျော်စရာကောင်းတာကြောင့် ဒီလိုပွဲတွေက attendances ပိုများကြပါတယ်။
ခုဆိုရင်တော့ ပွဲအမျိုးအစားတွေရဲ့အကြောင်းကို အနည်းငယ် မိတ်ဆက်ခဲ့ပြီးပါပြီ။နောက်အပတ်တွေမှာလည်း event နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အတွက် like and follow လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်..

#myanmareventhub
#eventonlinemedia
#DigitalMarketing