Events တွေအတွက် Digital Marketing

Events တွေကို social media ပေါ်မှာ digital marketing လုပ်တော့မယ်ဆိုရင် အရင်ဆုံးသိထားရမှာက ပွဲရဲ့ အဓိကပြုလုပ်ရခြင်းရည်ရွယ်ချက်နဲ့ ဒီပွဲကို unique ဖြစ်နေအောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးပါပါတယ်။
Events တွေမစခင်မှာ အရင်လုပ်ထားရမယ့် digital marketing tips တွေရှိပါတယ်။
• မှတ်မိရလွယ်ကူပြီး တိုတောင်းထိမိတဲ့Hashtag သုံးပါ။
• Social marketing plan ရှိပါစေ။ Social media ပေါ်မှာ event ကို create လုပ်ပြီးရင် information စုံလင်စွာရှိနေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် event နဲ့ပတ်သတ်တဲ့ event page ရှိနေပါစေ။
• Social media ပေါ်မှာ သင့်ရဲ့ event page ဟာ အသက်ဝင်နေဖို့လိုအပ်ပါတယ်။ Cover photos တွေ၊ profile picture တွေကိုလည်း သေချာလုပ်ထားဖို့လိုအပ်ပြီး အရင်ကကျင်းပခဲ့ဖူးတဲ့ ပွဲဆိုရင်တော့ အရင်တုန်းက event နဲ့ပတ်သတ်တဲ့ ပုံတွေ၊ video တွေ၊ လာရောက်တဲ့ social influencer တွေရဲ့ပုံတွေ၊ Page တွေကိုပါ mention ခေါ်ထားတာမျိုးရှိနေရင်တော့ အကောင်းဆုံးပါ။
• သင့်ရဲ့ event ဟာ တခြားဘယ်မှာမှမရနိုင်တဲ့ service, opportunitiy တွေနဲ့ targeted audience ကို offer လုပ်ပေးရပါမယ်။ ဒါမှသာ audience တွေရဲ့စိတ်ဝင်စားမှုရမှာဖြစ်ပါတယ်။
• Targeted ads တွေပြုလုပ်ပါ။ Targeted audience ဆီကို ရောက်ဖို့ဆိုတာ event တွေကို create လုပ်လိုက်ရုံနဲ့ မပြီးပါဘူး။ Ads တွေ၊ campaign တွေ run ဖို့လည်း အရေးကြီးပါတယ်။
• Free tickets ပေးဖို့အတွက် campaigns တွေလည်း လုပ်ဖို့လိုအပ်ပါတယ်။
• Partners တွေနဲ့ ပူးပေါင်းပါ။ ကိုယ် target ထားတဲ့ audience တွေရဲ့ အာရုံကို ဖမ်းယူနိုင်တဲ့ partner ဆိုရင်တော့ လာရောက်မှာအသေအချာပဲပေါ့။
ဒါဆို event လုပ်နေရင်းနဲ့ လုပ်ဆောင်သင့်တဲ့ tips တွေကရော?
• Social media ပေါ်မှာ event experience တွေ၊ ပုံတွေ၊ video တွေကို sharing လုပ်ပါ။
• ပွဲကျင်းပနေစဉ်အတွင်းမှာ audience ကို လျှင်မြန်တဲ့ respond ပေးပါ။
• Event နဲ့လည်းပတ်သတ်ပြီး စိတ်ဝင်စားစေမယ့် အကြောင်းအရာတွေကို sharing လုပ်ပေးပါ။
• ပွဲကျင်းပနေစဉ်ဖြစ်ပေါ်လာတဲ့ complaints တိုင်းကိုလည်း respond လုပ်ပါ။
ပွဲပြီးသွားရင်တော့ ပွဲတုန်းက ရခဲ့တဲ့ experience တွေ၊ attendence ဖက်က review တွေ၊ ပုံတွေကို event page မှာ ပြန် sharing လုပ်ပါ။ ဒါ့အပြင် highlight လုပ်ချင်တဲ့ အခိုက်အတန့်လေးတွေကို event page မှာ ဖော်ပြဖို့လိုပါတယ်။ ဒါမှသာ နောက်နှစ်မှာ လုပ်မယ်ဆိုရင် ဒီpost တွေကို ပြန် share သွားလို့ရပါတယ်။
အကယ်၍ သင်ဟာ events တွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားရင် ဒါမှမဟုတ် event planning ကိုလုပ်ကိုင်ချင်တယ်ဆိုရင်တော့ ဖော်ပြခဲ့တဲ့အချက်တွေက social media ပေါ်မှာ သင့်ရဲ့ event ကို marketing လုပ်တဲ့အခါမှာ အထောက်အကူဖြစ်မှာပါ။

#myanmareventhub
#eventonlinemedia
#DigitalMarketing