မြန်မာနိုင်ငံအနှံ့မှ ရိုးရာလက်ရက်ကန်းထည်များကို ဖက်ရှင်လျှောက်လမ်းပေါ် သို့ ယူဆောင်လာရန် Turquoise Mountain Myanmar နှင့် LUSH Magazine Myanmar တို့၏ ပူးပေါင်းတင်ဆက်မှုတစ်ခုဖြစ်သည့် ဒီဇိုင်နာ Won Yone – your Unique Design နှင့် ဒီဇိုင်နာ Htu Aung Gun Htangတို့မှ ဖန်တီးထားသော ဖက်ရှင်ဒီဇိုင်းများကို ဂုဏ်ယူစွာ တင်ဆက်သည့်ပွဲလေးဖြစ်ပါသည်။
မတ်လ ၁၅ရက် တနင်္ဂနွေနေ့တွင် ဖက်ရှင်ဒီဇိုင်းများ မည်သို့အသက်ဝင်လာသည်ကို လာရောက်လေ့လာကြရန် ဖိတ်ခေါ်အပ်ပါသည်။ ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်နေသော ရိုးရာမေ Yoyamay ၊ lilla ၊ MORI Burma ၊ Charlotte Barjou Design အစရှိသည့် စိတ်ဝင်စားဖွယ် လုပ်ငန်းများနှင့်အတူ သဘာဝဆိုးဆေးသင်တန်းများ၊ လက်ကိုင်အိတ်ချုပ်နည်းအလုပ်ရုံနှင့် ဖက်ရှင်ပညာရပ်ဆိုင်ရာစကားဝိုင်းများ ပါရှိမှာ ဖြစ်ပါသည်။
The Pansodan Burmese Brasserie မှ စားသောက်ဖွယ်ရာများကိုလည်း သုံးဆောင်နိုင်မည်ဖြစ်ပြီး မိသားစု၊ သူငယ်ချင်းမိတ်ဆွေများဖြင့် ပျော်ရွှင်ဖွယ်အချိန်များ ကုန်ဆုံးနိုင်ရန် Tourist Burma Building ကို လာရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။