နေ့ရက် – ၃၀ အောက်တိုဘာ ၂၀၁၆ (တနင်္ဂနွေနေ့)
အချိန် – နံနက် ၈ နာရီတွင် စတင်ပါမည်။
နေရာ – မင်္ဂလာဗျူဟာ အသင်းချုပ်၊ အာဇာနည်လမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း – ၃၇၀၉၅၈၊ ၃၇၅၇၅၉။
မည်သူမဆို သွေးလှူဒါန်း၍ ကုသိုလ်ယူနိုင်ပါသည်။ သွေးလှူရှင်များအတွက် အာဟာရကုသိုလ်အဖြစ်လည်းကောင်း၊ အမှတ်တရပစ္စည်းများပေးရန်အတွက် အလှူငွေများ၊ ပစ္စည်းများကိုလည်းကောင်း၊ တတ်စွမ်းသရွေ့ ပေးလှူကြပါရန် မင်္ဂလာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
သွေးလှူဒါန်းလိုသူများသည် ၂၉ အောက်တိုဘာ ၂၀၁၆ (စနေနေ့) နံနက် (၇) နာရီမှ စတင်ပြီး အသင်းချုပ်သို့ ကိုယ်တိုင်လာရောက်ကာ အသိအမှတ်ပြု ကတ်ပြားပြ၍ ကြိုတင်စာရင်းပေးနိုင်ပါသည်။
မင်္ဂလာဗျူဟာအသင်းချုပ်သည် ၁၉၈၀ ခုနှစ်မှစ၍ သွေးလှူဒါန်းပွဲများ ကျင်းပကာ (၁၄၄) ကြိမ်အထိ သွေးပုလင်း၊ သွေးအိတ် စုစုပေါင်း (၄၉၆၆၈) ယူနစ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားသွေးဌာနသို့ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ဝမ်းမြောက်နုမော် သာဓု ခေါ်ဆိုကြပါ။