• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Duwun Talks

  • Home
  • >> ဟောပြောပွဲ>>
  • Duwun Talks

ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်

ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်သို့ ဆွေးနွေးပွဲကို အောက်တိုဘာလ၊ ၂၉ ရက်(စနေနေ့) ၊ ညနေ ၃ နာရီကနေ ၆ အထိ Melia Hotel Yangon မှာ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆိုအခမဲ့တက်ရောက်နိုင်ကြောင်း သိရပါတယ်။

ဓူဝံမီဒီယာ နဲ့ Chivas Venture တို့ပူးပေါင်းပြီး အိပ်မက်များမှသည် ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်သို့ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလကုန်ပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ဝန်ထမ်းဘဝမှ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လာကြတဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် ၃ ဦးက နေသူတို့ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကို ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

နေရာအခက်အခဲရှိတဲ့အတွက် လူဦးရေကန့်သတ်ထား တာကြောင့် တက်ရောက်ချင်တဲ့သူတွေအနေနဲ့ ကြိုတင်ပြီး စာရင်းပေးသွင်းထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ အောက်ကလင့်ခ်ကို ဝင်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

စာရင်းပေးသွင်းရန်

ဦးမျိုးကျော်သူ

Founder - Myanmar Legal & Business Updates

ကိုမျိုးကျော်သူကို ရန်ကုန်မြို့တွင်မွေးဖွားခဲ့သည်။၂၀၁၄ခုနှစ်တွင် City University of Hong Kongမှ Business Economics ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာပြီး ၂၀၁၆ ဧပြီလအထိ နိုင်ငံတကာဥပဒေရေးရာ လုပ်ငန်းတစ်ခုတွင် Corporate Affairs Executive အဖြစ် ၂နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ယခုအခါ ဖြန့်ချီရေးလုပ်ငန်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့တွင် စတင်တည်ထောင်လုပ်ကိုင်နေပြီး Freelance Research တစ်ဦးအနေဖြင့် စီးပွားရေးဆိုင်ရာ Reportsများကို ရေးသားနေသည်။ သူသည် MYEA (Myanmar Young Entrepreneurship Association) ၏ တက်ကြွစွာလှုပ်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး US Embassy မှ “A Member of Ambassador Youth Council” တစ်ဦးလည်းဖြစ်သည်။ Global Shapes (Yangon) တွင်လည်း အသင်းသားတစ်ဦးအဖြစ် ပါဝင်ထားသည်။Myanmar Legal & Business Updates ကို တည်ထောင်ထားသည်။

ဒေါ်အေးမြတ်နိုးသူ

Founder, Beauty Valley Spa

ပန်းလှိုင်ဆေးရုံမှာ Media Planner ၊ MAI လေကြောင်းလိုင်းမှာ Flight Operation Assistant အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိပြီး လက်ရှိအချိန်မှာ Teddy Lolli Online Shop နဲ့ Beauty Valley Spa လုပ်ငန်းများကိုတည်ထောင်ကာ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်ရပ်တည်နေတဲ့ ဒေါ်အေးမြတ်နိုးသူ ခေါ် ဂရေ့စ် ပဲဖြစ်ပါတယ်။ သူ့ရဲ့ Beauty Valley Spa ဟာဆိုရင် ဆိုင်ခွဲ ၃ ဆိုင်ထိဖွင့်လှစ်ထားပြီးပြီဖြစ်ပြီး ဝန်ထမ်းပေါင်း ၃၀ ကျော်ရှိကာ ထပ်မံတိုးချဲ့ဖို့လည်းစီစဉ်နေရတဲ့အထိ အောင်မြင်လျှက်ရှိပါတယ်။

ဦးကျော်ရွှေမင်း

Founder, Dior Photo Studio & Wedding Dress

Dior Photo Studio & Wedding Dress ရဲ့ Founder နဲ့ Main Photographer ဖြစ်သူ ဦးကျော်ရွှေမင်းဟာ မြန်မာနိုင်ငံမှာ BE(IT) ဘွဲ့ရရှိခဲ့ပြီး စင်္ကာပူနိုင်ငံမှာ ဓါတ်ပုံပညာရပ်အားစတင်လေ့လာခဲ့ ကာ Graphic Designer အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံရှိသူဖြစ်ပါတယ်။ ဒါ့အပြင် August Myanmar Media မှာလည်းလုပ်ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံရှိခဲ့ကာ နောက်ပိုင်းမှာမှ Dior Photo Studio တွေကိုကိုယ်တိုင် ဖွင့်လှစ်ခဲ့ကာ အောင်အောင်မြင်မြင်ဦးစီးလုပ်ကိုင်လျှက်ရှိသူ ဖြစ်ပါတယ်။

ဦးစိုးဟိန်း

Vice President of MESI ၊ Director of Baganmart.com Ecommerce

Myanmar Combiz Group of Companies မှာလက်ထောက် ဒါရိုက်တာ Myanmar B2B Magazine မှာ GM တို့အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး INGO နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အတွေ့အကြုံတွေရှိခဲ့ကာ ယခုအခါမှာ SME Business Institute ရဲ့ Founder နဲ့ CEO အဖြစ်လုပ်ကိုင်လျှက်ရှိတဲ့ ဦးစိုးဟိန်းပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် MESI ကျောင်းရဲ့ Vice President ၊ Baganmart.com Ecommerce မှာ ဒါရိုက်တာရာထူးတွေကို အချိန်ပိုင်းတာဝန်ယူဆောင်ရွက်နေသလို ဧရာမြန်မာအာမခံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာနမှာလည်း အထွေထွေမန်နေဂျာအဖြစ်တာဝန်ယူထားပါသေးတယ်။

Original Post is from Duwun Media.

Melia Hotel Yangon

ဝန်ထမ်းဘဝမှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင် (Duwun Talks)

အောက်တိုဘာလ၊ ၂၉ ရက်(စနေနေ့) ၊ ညနေ ၃ နာရီမှ ၆ အထိ Melia Hotel Yangon

Organized by

Duwun Media & Chivas Venture

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်