တန်ဆောင်တိုင်ရုံးပိတ်ရက် ဖြစ်တဲ့အတွက် မီးထွန်းပွဲများ၊ ဘုရားပွဲတော်များ၊ ကြည့်ချင်ပွဲများကတော့ နေရာအနှံ့ပြည့်နေမှာ ဖြစ်ပါတယ်။ လပြည့်နေ့ဖြစ်တဲ့အတွက် ရွှေတိဂုံဘုရား၊ ကမ္ဘာအေးဘုရား စတဲ့ ရန်ကုန်မြို့ပေါ်ဘုရားတွေမှာလဲ လူစည်ကားနေမှာဖြစ်ပါတယ်။ တစ်ချို့ကလဲ တောင်ကြီးမြို့ မီးပုံးပျံပွဲကို သွားရောက်လည်ပတ်ကြပါတယ်။ ပြင်ဦးလွင်မြို့မှာလည်း မီးပုံးပျံပွဲတစ်ခုရှိပါတယ်။ နိုဝင်ဘာလ ဖြစ်တဲ့အတွက် သိပ်မအေးသေးဘဲ တောင်ပေါ်ဒေသတွေကို သွားရောက်လည်ပတ်ဖို့ရာ အချိန်ကောင်းပါ။ တန်ဆောင်တိုင်ပွဲတော်ရာသီဟာ မြန်မာတို့ရဲ့ ခရီးသွားရာသီတစ်ခုလဲ ဖြစ်ပါတယ်။ ခရီးမသွားဖြစ်ဘဲ မိမိရဲ့တန်ဆောင်တိုင် အားလပ်ရက်ကို ရန်ကုန်မြို့မှာပဲ အသုံးချမဲ့သူများအတွက် ပွဲတစ်ချို့ကို အသိပေးလိုပါတယ်။ ဒီတစ်ပတ်တော့ ပန်းချီဝါသနာရှင်များအတွက် မအားလပ်နိုင်အောင် ပန်းချီပြပွဲတွေ ရှိနေပါတယ်။ ကန်တော်ကြီး၊ ကရဝိတ်ခန်းမအနီးမှာ ဖွင့်လှစ်လိုက်တဲ့ မဟာဈာန်ပန်းချီပြခန်းမှာ မဟာပုဂံပန်းချီပြပွဲ ရှိနေပါတယ်။ ပြပွဲမှ ရောင်းရတဲ့ ပန်းချီကားများရဲ့ ၂၅% ကို ငလျင်ဒဏ်ခံ ပုဂံမြို့ဟောင်း ပြန်လည်ပြုပြင်ရေးအတွက် […]
မြန်မာ့ထွက်ကုန် များနှင့် ထုတ်ကုန်အမျိုးမျိုး ကို စုစည်းပြသ မိတ်ဆက်ရောင်းချမည့် Bagan Trade Show အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ 30 ရက်နေ့ မှ စတင်ကာ ဇန်နဝါရီလ ၄ရက်နေ့ (လွတ်လပ်ရေးနေ့) အထိ ပုဂံမြို့ ၏ အထင်ကရ ရွှေစည်းခုံ ဘုရားဝင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်၊၊ မြန်မာနိုင်ငံတွင်ထုတ်လုပ်သော မည်သည့် ထုတ်ကုန်ပစ္စည်းမဆို ပါဝင်မိတ်ဆက်ပြသနိုင်ပါတယ်၊၊ထို့အပြင် မည်သည့်ဝန်ဆောင်မှုများမဆို ပါဝင်မိတ်ဆက်ခြင်းပြုလုပ်နိုင်ပါသည်၊၊ ထိုအချိန်သည် (၁) ဒီဇင်ဘာလ ကျောင်းပိတ်ရက်ရှည်ဖြစ်ခြင်းကြောင့်မြန်မာနိုင်ငံအဝှမ်း မှ ပုဂံဒေသသို့ဘုရားဖူးလာသူများပြားခြင်း၊ (၂) ထိုဒေသများတွင်ရိုးရာ ဘုရားပွဲကျင်းပချိန်ဖြစ်ခြင်း၊ (၃) ခရီးသွားရာသီဖြစ်သောကြောင့် နိုင်ငံတကာမှ နိုင်ငံရပ်ခြားခရီးသွားများ ပုဂံဒေသသို့ အဝင်အများဆုံးအချိန်ဖြစ်ခြင်း၊ (၄)ပုဂံဒေသသို့ ရောက်သူတိုင်း လည်း ရွှေစည်းခုံဘုရားသို့ မဖြစ်မနေ မရောက်မရှိလာရောက်လည်ပတ်ကြခြင်း […]
ဒီတစ်ပတ် အားလပ်ရက်မှာ ဘယ်သွားဖို့စီစဉ်ထားပြီးပြီလဲ။ မစီစဉ်ရသေးဘူးဆိုရင် ဒီတစ်ပတ် စနေနဲ့ တနင်္ဂနွေမှာ ရန်ကုန်မြို့တစ်ဝိုက် သွားလို့ရတဲ့ ပွဲလေးတစ်ချို့ကို ပြောပြမယ်နော်။ လူငယ်လူရွယ်များအတွက်ကတော့ ဒီတစ်ပတ်အားလပ်ရက်မှာ မိမိအနာဂါတ်အတွက်လည်း အကျိုးရှိမဲ့ Duwun Talks ကိုသွားရောက်နားထောင် နိုင်ပါတယ်။ ဝန်ထမ်းဘဝကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲကို နားထောင်နိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ Melia Hotel မှာ အောက်တိုဘာ ၂၉ (စနေနေ့) ညနေ ၃ နာရီမှ ၆ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဟောပြောပွဲနှင့်ပါတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းပြီးခါစ လူငယ်လူရွယ်များ၊ အလုပ်အကိုင်ရှာဖွေနေသူများအတွက် MPT အလုပ်အကိုင်ပြပွဲနှင့် အင်တာဗျူးပွဲကို သွားရောက်လေ့လာနိုင်ပါတယ်။ Sales, Marketing, Communications နှင့် Engineering […]