မိမိစီစဉ်ကျင်းပတဲ့ပွဲ ပိုမိုထိရောက်စေမယ့် နည်းလမ်းလေးခု

ပွဲတစ်ခုကို စီစဉ်ကျင်းပတဲ့အခါ ပွဲစီစဉ်သူတွေအနေနဲ့ ပွဲကိုလူသိများစေဖို့ event promotion အတွက် အသုံးပြုတဲ့ဘက်ဂျက်ကို မေ့နေတက်ကြပါတယ်။ ပွဲကို လူသိများလာအောင်လုပ်ခြင်းဟာ ပွဲကိုပိုမိုအောင်မြင်စေ၊ အကျိုးအမြတ်များစေတဲ့အပြင် ပွဲစီစဉ်ကျင်းပရတဲ့ ရည်ရွယ်ချက်ပိုမိုအောင်မြင် ပြီးမြောက်စေပါတယ်။ event promotion လုပ်ဖို့ရာ နည်းလမ်းရွေးချယ်စရာတွေ များစွာရှိပါတယ်။ ဘက်ဂျက်အနည်းငယ်နဲ့တောင်မှ သိသာထင်ရှားတဲ့ ရလဒ်တွေ ရဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာတော့ လူမှုကွန်ယက်ဆိုင်ရာ နည်းပညာများ အသုံးပြုပြီး မိမိတို့စီစဉ်ကျင်းပတဲ့ ပွဲတွေ ပိုမိုအောင်မြင်အောင် လုပ်လာနိုင်ကြပါတယ်။ ၁။ ပရိတ်သတ်ကို သိအောင်လုပ်ပါ။ မိမိစီစဉ်ကျင်းပတဲ့ပွဲရဲ့ ပရိတ်သတ်ကို သိအောင်လုပ်သင့်ပါတယ်။ မိမိပရိတ်သတ်ကိုသိပြီဆိုရင် အလုပ်တစ်ဝက်ပြီးမြောက်သလိုပါပဲ။ ပွဲရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ၊ ဘယ်သူတွေ တက်ရောက်စေလိုသလဲ၊ သူတို့ဘာတွေလိုအပ်မလဲ၊ လိုချင်မလဲ စသဖြင့် အချက်အလက်တွေရှိရင် မိမိကျင်းပတဲ့ပိုကို ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ပွဲဘယ်လိုကောင်းအောင် စီစဉ်၊ စီစဉ် […]