မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြေနုကျေးရွာ ဒေါက်တာ အရှင်သာဓိန (Ph.D) နှင့် အလင်းသစ်စာကြည့်တိုက် စာပေချစ်သူများ ကြီးမှုးကျင်းပသော စာဖတ်စွမ်းရည်မြှင့်တင်ရေး စာပေဟောပြောပွဲ။
စာရေးဆရာ
အမည်အရင်းမှာ ဦးခင်မောင်ဝင်းဖြစ်သည်။ ဦးဘရွှေနှင့် ဒေါ်သိန်း မိဘနှစ်ပါးတို့မှ ၁၉၅၂ ခုနှစ်တွင် မင်းဘူးခရိုင် ကုန်းဇောင်းကျေးရွာ၌ မွေးဖွားခဲ့သည်။ ၁၉၈၀ ခုနှစ်များမှ စတင်၍ မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ၊ ဝတ္ထုရှည်များ စတင်ရေးသားခဲ့သည်။ ဆယ့်နှစ်ကြိုးဝတ္ထုတိုများ (၁၉၉၂ ခုနှစ်) အိမ်ကလေး ၁၆ လုံး (၂၀၀၇ ခုနှစ်) ရေကန်သာ ကြာတိုင်းအေး ဘာသာပြန်ရသ (၂၀၀၁ ခုနှစ်) စာအုပ်တို့ဖြင့် အမျိုးသား စာပေဆု (၃) ကြိမ်ရရှိခဲ့ပါသည်။ စာပေရေးရာကိစ္စရပ်များဖြင့် နိုင်ငံတစ်ချို့ကို သွားရောက်ခဲ့သည်။ ဝတ္ထုတိုအချို့ကို ဂျပန်၊ ဂျာမနီ၊ ဟင်ဒီ၊ အင်္ဂလိပ်ဘာသာများသို့ ပြန်ဆိုခြင်း ခံရသည်။ ကြိုးတန်း၊ ဇော်က ကနေသည်၊ ပန်းကြာဝတ်မှုန်အပါအဝင် ရုပ်ရှင်ဇာတ်ညွှန်းများကို ရေးသားခဲ့သည်။ စာမျိုးစုံ အုပ်ရေ ၆၀ ခန့် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။
စာရေးဆရာမ