ယခုတပတ် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ (Talk Show) ကို လာမည့် အောက်တိုဘာ ၁၉ ရက် (စနေ) တွင် ပြုလုပ်မည် ဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် –
ဖုန်း –
ဝ၉ ၉၆၀ ၈၃၉ ၈၀၁၊
ဝ၉ ၅၁၈၈ ၇၀၉ များသို့
ရုံးချိန်အတွင်း ဆက်သွယ်၍ လည်းကောင်း၊
Email –
mediaprojectmanager@ispmyanmar.com,
ispmminfo@gmail.com သို့ အမည်စာရင်း ပေးပို့၍ လည်းကောင်း
ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
တက်ရောက်ရန် အွန်လိုင်းမှ စာရင်းပေးလိုပါက အောက်ပါ link တွင် အချက်အလက်များ ဖြည့်စွက်၍ စာရင်းပေးနိုင်ပါသည်။
နေ့ရက် – အောက်တိုဘာ ၁၉ ရက် (စနေနေ့)၊
အချိန် – မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီအထိ၊
နေရာ – ရန်ကုန် နိုဗိုတယ်ဟိုတယ် (ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီး)
➥ ယခုပြုလုပ်မည့် စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။
ပါဝင်ဆွေးနွေးမည့်သူများ
◉ စာရေးဆရာ ဦးကျော်ဝင်း
◉ ဦးလှမောင်ရွှေ (Center for Peace and Reconciliation – CPR ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါသည်)
◉ ဒေါက်တာဇော်ဦး (Center for Economic and Social Development ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်ပါသည်)
◉ ဦးမင်းဇင် (ISP-Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်ပါသည်)
◉ နော်မေဦး (Salween Institute for Public Policy အဖွဲ့၏ အကြီးတန်း မူဝါဒရေးရာ အကြံပေးတဦး ဖြစ်ပါသည်)
◉ ဦးရဲမျိုးဟိန်း (တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်ပါသည်)
◉ မလှလှဝင်း ( နည်းပညာသုံး သင်ထောက်ကူ ပစ္စည်းဖြစ်သည့် ဓာတ်သင်ပုန်းကို ဖန်တီးခဲ့သော 360ed ကုမ္ပဏီ တည်ထောင်သူနှင့် CEO ဖြစ်ပါသည်)
◉ ဦးအောင်သူငြိမ်း (ISP-Myanmar ၏ ပြင်ပဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဖြစ်ပါသည်)
◉ ကိုယ်စားလှယ်တဦး (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးအား ပါဝင် ဆွေးနွေးပေးရန် ဖိတ်ကြားလျက်ရှိပြီး အတည်ပြုချက်ရရှိရန် ကြိုးစားနေဆဲ ဖြစ်ပါသည်)