fastforward မှ ဦးစီးကျင်းပမယ့် “အွန်လိုင်းဈေးကွက် အနာဂတ်ကွန်ရက်” ဆွေးနွေးပွဲစကားဝိုင်းလေးကို လာမယ့် ဩဂုတ်လ (၂၈)ရက်၊ သောကြာနေ့ နေ့လည် ၁ နာရီကစပြီး fastforward Facebook Page ကနေ Live လွှင့်ပေးသွားမှာပါ။
ဆွေးနွေးပွဲစကားဝိုင်းမှာတော့ လုပ်ငန်းရှင်တို့အနေနဲ့ သမားရိုးကျ လုပ်ငန်းလည်ပတ်ရင်း ဈေးကွက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုမျိူး ပြောင်းလဲလုပ်ဆောင်ခဲ့ရသလဲ။ Digital eCommerce Channels အကူးအပြောင်းမှာ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ခဲ့လဲ။ ရေရှည်တည်တံ့တဲ့ စီးပွားရေးပုံစံ အပြောင်းအလဲ … အစရှိတဲ့ အကြောင်းအရာများကို
Ma Myint Myint Khin (မြင့်မြင့်ခင် ထိုးမုန့်၊ Finance Director)၊
Ko Kyaw Kyaw Win (MM Bus Ticket၊ Founder) ၊
Ma Khine Thit Lwin (Wai Yan Electronics၊ Executive Director) နှင့်
Jack @ Ko Than Htike (Yangoods၊ Marketing Manager) တို့မှ ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Live Stream Discussion တလျှောက်မှာ ပါဝင်နားဆင်ကြသူများအတွက် စိတ်ဝင်စားစရာ အစီအစဉ်တွေလည်း ရှိသေးတာဖြစ်လို့ လက်လွှတ်မခံဘဲ စောင့်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။